myalwar.blogspot.com

Friday, June 15, 2007

အာယု၊၀ဏ္ဏ၊သုခ၊ဗလံ.....

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဘာသာတရားကို အင်မတန်ကိုင်းရှိုင်းကြတယ်။ ဘာသာတရားနှင့်ပတ်သတ်ပြီးတော့လည်း ယုံယုံကြည်ကြည် ကိုးကွယ်ကြတယ်….. ကျွန်မတို့ မြန်မာလူမျိုးတွေ ကန်တော့လို့ဆုပေးပြီးဆိုရင် အာယု၊၀ဏ္ဏ။သုခ၊ဗလံဆိုပြီး အမြဲပေးတတ်ကြတယ်….. ဒါပေမယ့် အဲ့ဒါတွေရဲ့ အဓိပွါယ်ကို ကျွန်မ သေချာနားမလည် ခဲ့ပါဘူး….. အခုမှ ကျွန်မဖတ်လိုက်ရတဲ့စာအုပ်ကလေးထဲမှာ "ဆရာပါရဂူ" ရေးထားတဲ့စာသားလေးတွေကို ဖတ်ပြီးမှ ကျွန်မသေချာသိလိုက်ပါတယ်….. " အာယု " လူတော်တော်များများဟာ အာယုကို အသက်ရှည်ခြင်းလို့ အဓိပ္ပာယ်ကောက်ယူကြတယ်။အာယုရဲ့ အဓိပ္ပာယ်က အသက်ရှည်ခြင်းမဟုတ်ဘူး….. ဒီနေရာမှာဆိုထားတဲ့ အာယုဟာ အချိန်ကာလ ရှည်လျားတာနဲ့ ဆက်စပ်ခြင်းမရှိဘဲ နက်ရှိုင်းတဲ့အနက်အဓိပ္ပာယ်နှင့် ဆက်စပ်နေတယ့် အသက်တစ်ရာ ရှည်ခြင်ရှည်နေလိမ့်မယ်… .. ဒါပေမယ့်လည်း ရှည်ပုံရှည်နည်းမမှန်ဘူးဆိုရင်လည်း အသက်ရှည်နေလို့လည်း ဘာအကျိုးကျေးဇူးရှိမှာလဲ….. ရှည်ပုံရှည်နည်းမမှန်ဘဲနှင့် ရှည်နေတဲ့အသက်ကို အသက်ရှည်တယ်လို့ပြောလို့မရဘူးပေါ့နော်….. ကျွန်မဖတ်ဘူးတဲ့ ဓမ္မပဒဂါထာ တစ်ပုဒ်မှာလည်း " အကျင့်သီလ မရှိဘဲ နှစ်တစ်ရာအသက်ရှည်ခြင်းထက် အကျင့်သီလနဲ့ပြည့်စုံတဲ့သူ တစ်နေ့တစ်ရက်အသက်ရှင်နေခြင်းက မြတ်၏" လို့ဆိုထားပါတယ်….. အိပ်မက်ထဲမှာ အနှစ်တစ်ထောင်အသက်ရှည်တယ်လို့ အိပ်မက်မက်ပြီး နံနက်မိုးလင်းတဲ့အခါကျတော့ အဓိပ္ပာယ်မရှိတဲ့ အသက်ရှည်ခြင်းဖြစ်မနေဘူးလား….. တစ်နာရီတစ်ဗီဇနာလောက်ပဲဖြစ်ဖြစ် ဘာဝနာပွားများပြီး ကုန်ဆုံးကျော်လွန်သွားရင် အဲ့ဒီ တစ်နာရီတစ်ဗီဇနာအချိန်ဟာ မရေရာတဲ့ ဘ၀နှင့် နှစ်တစ်ရာ၊ နှစ်တစ်ထောင် အသက်ရှည်နေသွား ရတာထက် အဓိပ္ပာယ် ရှိလိမ့်မယ်လို့ ဆိုထားပါတယ်ရှင်… " ၀ဏ္ဏ " လူအများစုကတော့ အဆင်းလှခြင်းလို့ အဓိပ္ပာယ်ယူကြတယ်… ဒီမှာတော့ " ၀ဏ္ဏ " ရဲ့ ဆိုလိုရင်းက အဆင်းလှခြင်းမဟုတ်ဘူး….အဆင်းလှတယ်ဆိုတာ ဘယ်လောက်ခံသလဲ ??? .. ပန်းတစ်ပွင့်ရဲ့ အလှဟာ ပန်းပင်မှာ ဖြစ်စေ…ဒါမှမဟုတ်…. ဘုရားစင်မှာ ဖြစ်စေ…..ဒါမှမဟုတ် ….မိန်းမပျိုလေးရဲ့ ဦးခေါင်းမှာ ဖြစ်စေ… ခဏတစ်ဖြုတ်သာ ခံတယ်တဲ့လေ…. အချိန် မကြာခင်လေးမှာပဲ ညှိုးနွမ်းပြီး အလှပျောက်သွားမယ်တဲ့ လေ….ဒီနေရာမှာ ဆိုထားတဲ့ " ၀ဏ္ဏ " ရဲ့ အဓိပ္ပာယ်က အဆင်းလှခြင်း မဟုတ်ဘူး….အဆင်းကြည်လင်ခြင်းဖြစ်တယ်တဲ့လေ…..လှတဲ့သူဖြစ်ဖြစ်၊ အရုပ်ဆိုးတဲ့ သူဖြစ်ဖြစ ကျန်းမာမှု နှင့် ပြည့်စုံနေရင်…စိတ်ကောင်းနှလုံးကောင်းထားရင်… လောဘဒေါသ တွေ ကင်းနေရင်…. ဒါမှမဟုတ် နည်းနေမယ်ဆိုရင် ဘယ်သူမဆို အဆင်းကြည်လင်နေ လိမ့်မယ်တဲ့… ဒီမှာတော့ " ၀ဏ္ဏ " ဆိုတာ အဆင်းလှခြင်း မဟုတ်ဘဲ အဆင်းကြည်လင်ခြင်းကို ဆိုလိုတာဖြစ်တယ်…. " သုခ " အကြောင်းကိုလည်း ပြောရဦးမှာပေါ့နော်…လူတွေတော်တော်များများဟာ သုခကို ချမ်းသာခြင်းလို့ အဓိပ္ပာယ် ကောက်နေကြတယ်…. အများယူဆထားတဲ့ သုခရဲ့အောက်ခြေမှာ ဒုက္ခကွယ်ဝှက်နေတယ်တဲ့ လေ…. အပေါ်မှာတော့ သုခ ဆိုင်းဘုတ်တင်ထားပေမယ့် အတွင်းမှာတော့ ဒုက္ခ ကိန်းအောင်းနေတယ်တဲ့လေ….. " အာယု ၊ ၀ဏ္ဏ ၊သုခ ၊ဗလ " မှာပါတဲ့ သုခကတော့ အစမှာလည်း သုခ ဖြစ်ရမယ်…..အလယ်မှာလည်း သုခဖြစ်ရမယ်…..အဆုံးမှာလည်း သုခဖြစ်ရမယ်တဲ့လေ….အစ၊ အလယ်၊ အဆုံး သုံးမျိုးလုံး သုခဖြစ်ရမယ်တဲ့လေ…..ဘယ်လောက်ကောင်းလိုက်တဲ့ စိတ်ကူးလေးလည်းနော်…. " ဗလ " ရဲ့ အဓိပ္ပာယ်ကလည်း အများယူဆထားသလို " ခွန်အားရှိခြင်း " မဟုတ်ပါဘူးတဲ့ လေ….. "ကာယဗလ" နှင့် "ဥာဏဗလ " ကိုခေါ်တာတဲ့လေ….အများအတွက် အကျိုးရှိမယ့် အပြုသဘောဆောင်မယ့် " ဥာဏခွန်အား " ကိုဆိုလိုတာပေါ့နော်…..ကျွန်မသိလိုက်ရတဲ့ အချက်လေးတွေကို အားလုံးကို မျှဝေပေးလိုက်တယ်နော်…..

3 comments:

သန့်ဇော်မင်း said...

တော်တော်လေးကို အနှစ်သာရရှိတဲ့ပိုဒ့်စ်လေးပါ...
ကျေးဇူး မြလွှာရေ..
နောက်လဲ ဒါမျိုးလေးတွေများများတင်ပေးနော်..
ဒါမှကျွန်တော်တို့လည်း... သုတမယ ဥာဏ်လေးတွေ တိုးတက်လာမှာ...

myalwaryone said...

ကျေးဇူးနော် သယ်ချင်း..
မြလွှာလည်း အရမ်းသိလို့တော့မဟုတ်ပါဘူး..
ကိုယ်သိတဲ့ ဟာလေးတွေကို မျှဝေပေးတဲ့ သဘောပါ...
Sharing knowledge ပေါ့နော်...
မြလွှာရဲ့ post လေးတွေကို အားပေးလို့ ကျေးဇူးနော်...
မြလွှာ လူတွေအတွက် အကျိုးတစ်ခုခု ရှိမယ့် post တွေကိုပဲ ရေးဖြစ်မှာပါ.....
မြလွှာ....

Steven Alexander said...

သိပ်ကောင်းတာပဲ မြလွှာရေ။ သီတဂူ ဆရာတော် ဟောတဲ့ ဘ၀တန်ဖိုး ဆိုတဲ့တရားခွေကို နာကြည့်ပါ လို့ အကြံပေးချင်ပါတယ် .....