myalwar.blogspot.com

Thursday, June 7, 2007

ကျွန်မရဲ့ဘ၀အစ…..

ကျွန်မငယ်ငယ်ကတော့ ဆရာဝန်အရမ်းဖြစ်ချင်မိတယ်…..ကလေးဘ၀တုန်းက ကစားတာကအစ ဆေးထိုးအပ်နဲ့ နားကြပ်ကို ကိုင်ပြီးမှ ဆော့တတ်တယ်…. ကျွန်မတို့လူငယ် တွေဟာ (၁၀) တန်းမှာ ကိုယ့်ကိုကိုယ် အရမ်းကြိုးစားပြီ ထင်နေခဲ့တာ….. အချိန်ဆိုတာ ပြန်ယူလို့မှ မရတော့တာ….ကျွန်မကြိုးစားခဲ့ သလောက်ဖြစ်မလာခဲ့ရဘူး… ခုတော့ လူတွေရဲ့ ကျန်းမာရေးကို ကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်အစား…စာသင်ပေးနေရတဲ့ ကွန်ပျူတာ ဆရာမ ဖြစ်ခဲ့ ရတယ်…ကျွန်မအလုပ်ဝင်ခါစက ကျွန်ပျုတာသင်တန်းတစ်ခုမှာ စပြီး ၀င်ခဲ့ရတယ်…ကျွန်မစာမသင်တတ် သင်တတ်နဲ့ပေါ့….. ဘာအတွေ့အကြုံမှ မရှိတော့ ကျောင်းသားတွေရဲ့ ရှေ့မှာရပ်ရမှာကိုပင် အင်မတန်ကြောက်ခဲ့တယ်…. နောက်တော့ အဲဒီ သင်တန်းက အမကြီးက ကျွန်မကို ကောင်းကောင်းကြီးသင်ပေးခဲ့တယ်…အတန်းနားတဲ့ ရက်တွေမှာဆို ကျွန်မကို သူကစာသင်ခိုင်းတယ်… အဲဒီတုန်းကတော့ ကျွန်မသူ့ကို စာသင်ရမှာ ကိုအင်မတန်ကြောက်ခဲ့တယ်….သူက စာသင်ခိုင်းရင် ကျွန်မ မသင်ချင်သင်ချင်နဲ့ သင်ပြခဲ့တယ်… သူက ကျွန်မကိုစာသင်ရာမှာ ကျောင်းသား / သူ တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ ဘယ်လိုပြောရမယ်..ဘယ်လို နေတတ်ရမယ်…နောက်ဆုံးကိုယ်ရဲ့ ကျောင်းသား / သူ တွေအပေါ်မှာ ကြည့်တဲ့မျက်လုံးက အစ သင်ပေးခဲ့တယ်….အဲဒီအမကြီး ကျွန်မအပေါ်ထားတဲ့ စေတနာတွေကြောင့် ခုတော့ကျွန်မ ကျွန်မရဲ့ကျောင်းသား/ သူတွေရဲ့ရှေ့မှာ မင်းသမီး တစ်ယောက် လိုကျွန်မကောင်းကောင်းကြီး သရုပ်ဆောင်တတ်နေပြီလေ…….

No comments: