myalwar.blogspot.com

Tuesday, June 19, 2007

မြလွှာသိလိုက်တဲ့ အသိလေး……

မြလွှာ စာအုပ်လေးတစ်အုပ်ကို ဖတ်မိတယ်….စာအုပ်လေးက " မနေရလို့ သေကြတဲ့ အခါ " တဲ့လေ…..စာအုပ်လေးရဲ့ ခေါင်းစဉ်ကို ကြည့်ပြီး ဘာကိုဆိုလိုမှန်း မြလွှာ သေချာမသိခဲဘူး… ဖတ်ကြည့်လိုက်တော့မှ….တကယ့်လူ့ဘ၀ မှာ ဖြစ်ပျက်နေပါလား ဆိုတာကို သိလိုက်ရတယ်….. မြလွှာတို့ လူတွေလူ့ဘ၀မှာ သူများထက်တော်ချင်လို့…..တတ်ချင်လို့… ကြိုးစားကြတယ်…..ဒါပေမယ့်…..မြလွှာတို့တွေ သေသွားကြပြီဆိုရင်….. မြလွှာတို့ရဲ့နောက်မှာ လိုက်ပါခဲ့မှာက အဲဒါတွေမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်… ပစ္စည်းဥစ္စာတွေဟာ သေရင်ထားခဲ့ရတယ်….အဲဒီ ပစ္စည်းဥစ္စာတွေကို ရန်သူမျိုးငါးပါးနဲ့ တွေ့တဲ့အခါမှာလည်း အချိန်မရွေး ပျက်ဆီးသွားနိုင်တယ်...ဆိုတာရယ်... အဲဒါတွေကိုတော့…ရင်ထဲရောက်အောင် အရင်ကြိုးစားသင့်တယ်တဲ့လေ…….

" အတ္တာ ဂေဟေ နိဝတ္တ န္တိ

သုသာနေ မိတ္တ ဗန္ဓ၀ါ..

သုကဋံ ဒုက္ကဋံ ကမ္မံ

ဆာယာ အနုယာယိနီ" တဲ့လေ….

ဂါထာလေးရဲ့ ဆိုလိုရင်းက ကိုယ်သေသွားတဲ့အခါမှာ ပစ္စည်းဥစ္စာတွေကို ကျန်ခဲ့ရတယ်… ကိုယ်ရဲ့ဇနီး ၊ ခင်ပွန်း ၊ သားသမီး ၊ဆွေမျိုး မိတ်ဆွေတွေကလည်း…သုသာန်အထိပဲ လိုက်ပို့ကြမှာတဲ့လေ… ဒါပေမယ့်….အသက်ရှင်စဉ်မှာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကံ ၊ အကုသိုလ်ကံ နှစ်ခုကတော့ အရိပ်တစ်ခုလို ထပ်ကြပ်မကွာ လိုက်ပါသွားမှာတဲ့….. ကုသိုလ်ဆိုတာ မြလွှာတို့အထူးတလည် လုပ်ယူစရာမလိုပါဘူး….မြလွှာရဲ့မေမေက ခဏခဏပြောဘူးတယ်….ဘာမဆိုယူတတ်ရင် ကုသိုလ်ပါပဲတဲ့လေ….. စိတ်ထားကောင်းကောင်းထားခြင်းဟာလည်း……ယူတတ်ရင် ကုသိုလ်ပါလို့ မေမေက ပြောဘူးတယ်…….သူများအပေါ်မှာလည်း ဘယ်တော့မှ စိတ်ယုတ်မာ မမွေးရဘူးလို့လည်း အမြဲဆုံးမတယ်…..အဲဒါတွေက မြလွှာတို့သေသွားခဲ့ရင် မြလွှာတို့ရဲ့နောက်ကို ပါလာမယ့် အရိပ်ကလေးတွေပဲလေ…….

" မနေရလို့သေကြတဲ့အခါ….

ကိုယ်နောက်ကိုကား….ဘာများပါမှာ…

ပစ္စည်းဟူက မြူမျှမပါ….

ကိုယ်ပြုထားတဲ့ ကံများကိုယ်နောက်ပါ…" တဲ့လေ…

No comments: