myalwar.blogspot.com

Thursday, August 30, 2007

လှချင်သူတိုင်း မှန်ကြည့်ကြနော်...

မလွှာ ရဲ့ သူငယ်ချင်း တစ်ယောက်က မြလွှာကို စာအုပ်လေးတစ်အုပ် လက်ဆောင်ပေးတယ်.. မြလွှာကလည်း... စာအုပ်ဆိုရင်လာခဲ့ပဲလေ...... သူကိုကျေးဇူး တင်ပါတယ်ပြောပြီး........ စာအုပ်ကိုတန်းပြီး... ကြည့်တော့တာပါပဲ...... "အရှင်ဆန္ဒဓိက " ရဲ့"ကိုယ့်စိတ်ကိုယ်စစ် " တဲ့လေ…. မလွှာလည်းတွေးလိုက်မိတယ်မလွှာတို့ရဲ့ စိတ်တွေကို ဘယ်လိုဘယ်ပုံများ စစ်ရမှာပါလိမ့်ပေါ့…. တကယ်တော့.. ကိုယ်စိတ်ကိုယ်စစ် ဆိုတာမှန်ကြည့်တာနဲ့ တူတူပါပဲတဲ့လေ…. မလွှာတို့လူတိုင်းလူတိုင်း…. တစ်နေ့ကို မှန်တစ်ကြိမ်တော့ ကြည့်ဖြစ်ကြမယ်နဲ့တူတယ်နော်…. ဒါပေမယ့် မြလွှာတို့လို မိန်းကလေး တွေက ပိုလိုတောင်ဆိုးသေး…. တစ်နေ့ကိုတစ်ကြိမ်မက ကြည့်ဖြစ်တာပေါ့နော်…. မလွှာဆိုရင်တစ်ကြိမ်မက ကြည့်တတ်တယ်ဟိုးရှေးရှေးက ရှိခဲ့ဘူးတဲ့ စကားပုံလေးကို သတိရလိုက်မိတယ်အကျည်းတန်မှန်ကြိုက်ဆိုလားဘာလားလေ….. ရုပ်ဆိုးလို့လားတော့သိပါဘူး…. လူတွေအားလုံးဟာ သူတို့ရဲ့စိတ်တွေကို ကြာပွင့်အဆင့် ရာက်နေပြီလို့ထင်မှတ်နေပေမယ့်မတ်ဗုဒ္ဓရဲ့ "တရားဓမ္မမှန် " ထဲမှာ သေချာကြည့် လိုက်တော့မှ ကြာဖူးအဆင့်ပဲရှိနေသေးမှန်းအတိအကျ သိလိုက်ကြရတာပါ….… မလွှာတို့လို ပုထုဇဉ်လူသား အများစုရဲ့ စိတ်ဟာ ကြာဖူးအဆင့်ပဲ ရှိတာပါ.. ဒါပေမယ့် လူသားတွေရဲ့ သဘာဝက ကိုယ်စိတ်ကိုယ် ကြာပွင့်အဆင့် ရှိနေပြီလို့ ထင်မှတ်နေကြသူများပါတယ်လူတိုင်းအပေါ်တကယ် မတ္တာမထားနိုင်သေးပဲ…. ထားနိုင်ပြီထင်နေတာလူတိုင်းအပေါ် အကောင်းမမြင်နိုင်သေးဘဲနဲ့ မြင်နိုင်ပြီထင်နေတာ…. လူတိုင်းအပေါ်သည်းခံခွင့်လွှတ်နိုင်စွမ်း မရှိသေးဘဲန့ရှိနေပြီလို့ထင်နေတာ…..ဒါတွေဟာကိုယ်စိတ်ရဲ့ကြာဖူးအဆ့်ကိုကြာပွင့်အဆင့်ရောက်နေပြီလို့ ထင်မှတ်နေကြတာပါပဲ….စိတ်ရဲ့ဘယ်သဘာဝဟာ မကောင်းတဲ့သဘာဝလဲ…. ဘယ်သဘာဝကကောင်းတဲ့ သဘာဝလဲဆိုတာ…. အမှားအယွင်းမရှိအမှန်အတိုင်းသိနိုင်ဖို့ကတော့မြတ်ဗုဒ္ဓရဲ့"တရားဓမ္မမှန်"ကလွဲလို့….တခြားအားကိုးစရာမရှိတော့ပါဘူး…..မလွှာတို့တွေ မှန်ကြည့်တိုင်း ….မှန်ကြည့်တိုင်း…. မှန်ထဲမှာ မြလွှာတို့ရဲ့မျက်နှာပုံရိပ်….မိမိရဲ့ပုံရိပ်မှာ မကောင်းတဲ့သဘောနဲ့ ကာင်းတဲ့သဘောဆိုပြီး….သဘော()မျိုးကိုမြင်အောင်ကြည့်တတ်ဖို့လိုပါတယ်…. မလွှာတို့ရဲ့ မှန်တွေထဲမှာ ထွက်ပေါ်လာတဲ့အခြားအခြားသော မကောင်းတဲ့သဘောတွေ မဖြစ်ပေါ်လာအောင်ကြိုးစားရမယ်ကာင်းတဲ့သဘောလေးကို တွေ့ရရင်လည်း…. လာလောဆယ်တွေ့နေရတဲ့….ကာင်းတဲ့သဘောလေးကို တည်တံ့နေအောင် ကြိုးစားရမယ်ပေါ့နော်အခြားအခြားသောနာက်ထပ်ကောင်းတဲ့….. သဘောတရားလေးတွေကိုလည်းပည့်စုံသည်ထက်ပြည့်စုံအောင….လှသည်ထက်လှချာသည်ထက်ချောသွားအောင်ကြိုးစားအားထုတ်ကြရမှာပါ
အဲဒီလို သဘော()မျိုး အပေါ်မှာ လုပ်ငန်းစဉ်()မျိုး နဲ့ မှန်ကြည့်ပြီး အလုပ်လုပ်မယ်ဆိုရင်မိမိရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်လှပတင့်တယ်အောင် အချိုးအစားကျကျလှအောင်ပုပြင်အားထုတ်လို့ ရသလိုမလွှာတို့ရဲ့စိတ်ကို လှပအောင်လည်း တစ်ခါထဲပြုပြင် သွားလို့ရတာပေါ့နော်…..

Tuesday, August 28, 2007

ဘယ်လောက်ဝေးဝေး... နီးနီးလေး....(သတိရတိုင်း အနားမှာရှိတယ်...)

မြလွှာ ခုရေးမယ့် အကြောင်းအရာလေးကတော့....လူတိုင်းပြောပြောနေကြတဲ့... "သတိရခြင်း "...ဆိုတဲ့ အကြောင်းအရာလေးပါပဲ... လူတွေ သတိရတယ်ဆိုတာ ဘ၀မှာ ကြုံတွေ့နေကြတဲ့ ကိစ္စလေးတစ်ခုပါ.... တစ်ချို့က အိမ်ကိုသတိရတယ်... တစ်ချို့က ချစ်သူကို သတိရတယ်... လွမ်းတယ်ပေါ့ရှင်... တစ်ချို့ကလည်း သူငယ်ချင်းတွေကို သတိရတယ်... တစ်ချို့ကလည်း အိမ်နဲ့ဝေးနေတော့ မိဘ ကိုသတိရတယ်ပေါ့နော်... အင်း... သတိရခြင်းတွေမျိုးစုံပါပဲ... မြလွှာလည်း လူထဲကလူပဲလေ... မြလွှာမှာလည်း သတိရခြင်း ဆိုတာ....ရှိတာပေါ့နော်.... သတိရတယ်... သတိရတယ်ဆိုတာ... လူတစ်ယောက်က ကိုယ်ကိုသတိရနေရင်... အဲဒီလူနဲ့ ဘယ်လောက်ပဲဝေးနေဝေးနေ.... နီးနီးလေးပါပဲ.... သတိရတယ်ဆိုတာ... စိတ်သက်ဝင်တယ်.. စိတ်သက်ရောက်တယ်လို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်... သတိရတယ်ဆိုတာ... လူတစ်ယောက်ကို ကိုယ်ရဲ့စိတ်ထဲမှာ မြင်နေတာ... ဟိုးအဝေးကြီးမှာ ရှိတဲ့ ကိုယ်ချစ်မြတ်နိုးတဲ့သူ.. ကိုယ်ကြည်ညိုလေးစားတဲ့ သူ့ဆီကို စိတ်ကရောက်သွားတာပါပဲ....အဝေးမှာနေတဲ့ သူတစ်ယောက်ယောက်ဆီ မြလွှာတို့ရဲ့စိတ်တွေရောက်သောအားဖြင့်... သတိရနေရင်... အဲဒီတစ်ယောက် ယောက်ဟာ.... ကိုယ်နဲ့နီးနေပါတယ်... အဲဒီတစ်ယောက်ယောက်နဲ့ ကိုယ်ဟာ ဘယ်လောက်ဝေးဝေး.... နီးနီးလေးပါပဲ....လူတစ်ယောက်ကို သတိရလိုက်တာ နဲ့တစ်ပြိုင်နက်.. အဲဒီလူဟာ ကိုယ့်အနား ရောက်လာတော့တာပါပဲ.... မျက်စိရှေ့မှာ ရောက်နေတာ မဟုတ်ပေမယ့်.... စိတ်ရဲ့ အရှေ့ကို ရောက်လာတာပေါ့နော်.... စိတ်ထဲမှာ အဲဒီလူရှိနေတာဟာ... ကိုယ်ရဲ့အနားမှာ အဲဒီလူ ရှိနေတာနဲ့ အတူတူပဲလေ.... မျက်စိရှေ့မှာ ရှိနေပေမယ့် စိတ်ထဲမှာ မရှိရင်တော့... နီးလျက်နဲ့ဝေးနေပါတယ်... မျက်စိရှေ့မှာ မရှိပေမယ့်... စိတ်ထဲမှာရှိနေရင် ဝေးလျက်နီးနေပါတယ်.... မျက်စိရှေ့မှာ ရှိဖို့ထက် စိတ်မှာရှိဖို့က ပိုလို့ အရေးကြီးတာပေါ့နော်.... မျက်စိရှေ့မှာလည်းရှိ... စိတ်မှာလည်းရှိရင်တော့.. အကောင်းဆုံးပဲပေါ့ရှင်.......

" မျက်စိရှေ့မှာ ရှိနေပေမယ့်..

စိတ်ထဲမှာ မရှိရင်...

နီးလျက်ဝေးနေပါတယ်..........

မျက်စိရှေ့မှာ မရှိပေမယ့်

စိတ်ထဲမှာ ရှိနေရင်...

ဝေးလျက်နီးနေပါတယ်...

မျက်စိရှေ့မှာ ရှိဖို့ထက်

စိတ်ထဲမှာ ရှိဖို့က

ပိုအရေးကြီးပါတယ်..

နားလည်မှု အပြည့်ပါတဲ့

မေတ္တာတရားသာရှိရင်

စိတ်ထဲမှာ အမြဲရှိနေမှာပါ...

မြလွှာကလည်း အဲဒီလိုပဲနော်...ဟီး.... မြလွှာလည်းသတိရနေလို့ရေးလိုက်တာ....



Monday, August 27, 2007

မြလွှာမှ......

Hello
Dear Mya Lwar
Could you please explain me about your favorite
five poems/stories in your blog.
If you have time reply me please your explaination.

Thats My Tag
Wishing You
"Can Laugh Forever"

မြလွှာရဲ့ အကိုဆရာက မြလွှာရဲ့ Blog မှာ တင်ထားတဲ့ Post လေးတွေနဲ့ ပတ်သတ်ပြီး.... ပုံပြင်သဘောမျိုး (၅)ခုရေးပေးပါလို့ ....မြလွှာရဲ့ အိမ်လေးမှာ လာအော်ပါတယ်.....

မြလွှာတင်ထားတဲ့ ပိုစ်လေးတွေနဲ့ ပတ်သတ်ပြီး...မြလွှာ ပထမ အကြိုက်ဆုံးကတော့.....

(၁) မိသားစု ထမင်းဝိုင်းလေး......ပါပဲ.....

မြလွှာ ...ဒီပိုစ်လေးပို ရေးဖြစ်တာက သိပ်မထူးဆန်းပါဘူး....... အိမ်မှာ တနေကုန်မနေရတဲ့ သူတစ်ယောက်..... အိမ်စောင့်နတ်ကတောင် နှင်ထားသလားအောင့်မေ့ရတဲ့သူ..... မိသားစုနဲ့ အချိန်ပြည့် မနေရတဲ့ သူတစ်ယောက်ဟာ..... မိသားစု အားလုံးစုံနေတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှု ၊ ပြီးတော့ မြလွှာ နားလည်ထားတဲ့ မိဘနဲ့ သားသမီးကြားက ဆက်ဆံမှု..... နားလည်မှု.... အဲဒါတွေကို မြလွှာ ခံစားမိလိုက်တဲ့အတွက်..... မြလွှာလိုပဲ... အိမ်နဲ့ ခွဲနေရတဲ့ သူငယ်ချင်းတွေ..... အိမ်နဲ့ ဝေးနေတဲ့ သူတွေ....... အိမ်မှာ အချိန်ပြည့် မရှိနိုင်တဲ့ သူတွေ......... အတွက် မြလွှာ ခံစားမိတာလေးကို မျှဝေပေးလိုက်တာပါ....

(၂)စိတ်ဆိုးတော့မယ်ဆိုရင်....
မြလွှာ ဒုတိယ အကြိုက်ဆုံး ပို့စ်လေးပါပဲ... မြလွှာမှာ မကောင်းတဲ့ အကျင့်လို့ပဲ ပြောရမလား... ချစ်စရာကောင်းတဲ့ အမူအရာလို့ပဲ ဆိုရမလား.. မြလွှာ အင်မတန် စိတ်ကောက်တတ်တယ်ရှင့်... တစ်ချို့တွေက ပြောကြတယ်.... တနင်္ဂနွေမှာ မွေးဖွားတဲ့ သူတွေက စိတ်ကောက်ရင် ကောက်... စိတ်မကောက်ရင်... ဆံပင်ကောက်တတ်တယ်တဲ့လေ... မြလွှာက တနင်္ဂနွေ နေ့မှာ မွေးဖွားလာတဲ့ သူပါ... မြလွှာမှာ ကမွေးခထဲ က ဆံပင်က လုံးဝမကောက်ဘူးလေ..... အဲဒါကြောင့်ပဲလားတော့ မသိပါဘူးရှင်... မြလွှာ စိတ်အင်မတန်ကောက်တတ်တယ်..... စိတ်ကောက်တာဟာ တစ်ချို့က ပြောတော့ ကလေးဆန်တယ်တဲ့လေ.... တစ်ချို့ကလည်း.. အားအားရှိ စိတ်ကောက် နေတော့ တစ်မျိုးတွေမြင်လာတော့တာပေါ့နော်...... ဒါပေမယ့် မြလွှာစိတ်ကောက်တာကတော့ လူတိုင်းကို မဟုတ်ပါဘူး.... မြလွှာချစ်တဲ့ ခင်တဲ့ သူတွေကိုမှ စိတ်ကောက်တာရှင့်..... မြလွှာက လူတိုင်းကိုလည်း မချစ်တတ်ပါဘူး... မြလွှာ ချစ်တဲ့သူတွေဆိုရင်.... မြလွှာ စိတ်အင်မတန် ကောက်တတ်တယ်. .... ကိုယ့်ကို ချစ်မှ ကြိုက်တယ်... မြလွှာချစ်တဲ့သူဆီက ချစ်ဆိုတဲ့ အရာနဲ့ ပတ်သက်ပြီး အားလုံးရချင်တယ်.... အတ္တကြီးတာပေါ့နော်.... နောက်ဆုံး.. ခဲတံနဲ့ ချစ်တာက အစ..ကိုယ်ပဲ ဖြစ်ချင်တယ်.... မြလွှာ တစ်နေ့တော့ မြလွှာ ရဲ့ ရုံးက အမကြီးနဲ့ စိတ်ကောက်ပါလေရော.... သူ့ဆိုရင်မြလွှာက အမြဲ စိတ်ကောက်နေကြလေ.... ခါတိုင်းဆိုရင်.... မြလွှာ စိတ်ကောက်ရင် သူကအမြဲ ချော့နေကြလေ..... အဲဒီနေ့က သူက လာပြီးမချော့ဘူး... မြလွှာအရမ်းဝမ်းနည်းတာပဲ... သူ့ကိုခေါ်ချင်လို့ လမ်းကို ဟိုလျှောက်ပြ ဒီလျှောက်ပြ လုပ်တာလည်း.. မခေါ်ဘူး.... နောက်ဆုံး မြလွှာ ငိုမှ သူက လာခေါ်တယ်..... အဲဒါနဲ့ မြလွှာလည်း နောက်နေ့ .မြလွှာ စိတ်ကောက်လွန်းလို့ မြလွှာကိုယ် မြလွှာ သတိပေးတဲ့ အနေနဲ့ တင်လိုက်မိတဲ့ Post လေးပါပဲ... မြလွှာရဲ့ သူငယ်ချင်းလေးတွေ မြလွှာစိတ်ကောက်ရင်.. သည်းခံပေးရမယ်နော်... :)

(၃) ၃မိနစ်ပဲစောင့်...

မြလွှာ ဒါလေးကိုရေးဖြစ်တာကတော့ သိပ်မဆန်းပါဘူး... စိတ်တွေဆိုးရင်..ဒေါသတွေဖြစ်ရင်... အင်မတန် ပူလောင်ပါတယ်... လူတစ်ဦးမှာက အပူတွေက မျိုးစုံပဲလေ.... လူတစ်ဦးပူမှု ရယ်တဲ့ ဆယ်ကုဋေ ဆိုလား.... ပြီးတော့ စိတ်တိုရင်.. အင်မတန်အမှား ပါတတ်ပါတယ်.... အမှားဆိုတာက ပြင်လို့ ရတဲ့ အမှားဆိုရင်...တော်သေး... မြလွှာတို့တွေ ပြင်လို့ မရတဲ့ အမှားတွေ ကျူးလွန်မိပြီ ဆိုရင်တော့..... ခက်ပြီပေါ့... အဲဒီ တော့ အမှားတွေနည်းနိုင်တော့မှာပေါ့နော်.... စိတ်ဆိုးတော့မယ်..ဆိုရင်...စိတ်တိုတော့မယ်ဆိုရင်... အချိန်များများစားစားစောင့်စရာ မလိုပါဘူးရှင်... ၃မိနစ်လောက်လေးပဲ ...စောင့်ရမှာပါ... .

(၄)အမေရှိလျှင်....

မြလွှာရဲ့ အမေအပေါ်မှာ ဖြစ်ပေါ်လာတဲ့စိတ်.... အမေတွေဟာ ဘ၀မှာ ဘယ်လောက်အရေးပါ အရောရောက်တယ်ဆိုတာ.... တန်ဖိုးကြီးလှတဲ့...တန်ဖိုးထိုက်တန်လှတဲ့ အမေ အိမ်မှာ ရှိစဉ်မှာတော့... မသိပဲဘဲ.... ကွယ်ပျောက်သွားမှ သိလာရပုံကို ဆိုလိုထားတဲ့ ကဗျာလေးပါပဲ..... မြလွှာ အမေကို သိပ်ချစ်တာရှင့်...မြလွှာရဲ့မေမေကလည်း...မြလွှာဆိုချစ်မှချစ်ပဲ.... အကြီးဆုံးဖြစ်ပေမယ့်...မြလွှာက အငယ်လိုနေတာလေ..... အဲဒါတွေကို ခံစားမိပြီး မြလွှာ ရေးဖြစ်သွားတာပါ....

(၅) တစ်တို့နှစ်တို့မြည်းကြည့်ကြအုံးနော်...

မြလွှာတို့ရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်တတ်တဲ့ အရာတွေ... အကျင့်တွေ.... စရိုက်တွေ.... အဲဒါတွေကို မြလွှာတို့တွေ အချိန်တွေကုန်ခံပြီး နေဖို့ မလိုကြောင်း..... အရေးကြီးတာက မြလွှာတို့မှာ ရှိနေတဲ့ စိတ်လေး...ထားတတ်ဖို့လိုကြောင်း.... မြလွှာ မြည်းစမ်းကြည့်လိုက်မိသလို... မြလွှာရဲ့ သူငယ်ချင်းလေးတွေကိုလည်း... အရသာကောင်းလေးကို မြည်းစမ်းကြည့်စေချင်တဲ့ အတွက်.... ရေးဖြစ်သွားတဲ့ Post လေးပါပဲ....

မြလွှာဖြေလိုက်ပြီနော်...... အားလုံးကို.... ဆရာပြောသလို မြလွှာ အမြဲတမ်းပဲ ပြုံးနေချင်ပါတယ်... အဟီး.... :P:)

~~အမြဲတမ်းပြုံးနေလိုက်ပါ.... ရိုးရိုးလေးမင်းမျက်နှာ...

~~~ကမ္ဘာကျော်တွေတောင် မှီနိုင်ဘူးကွာ....~~




Friday, August 17, 2007

ဒီနေ့တော့… မြလွှာ…

မလွှာ ဒီနေ့ ဘယ်လိုဖြစ်တယ်မသိဘူး.... သူများ tag လုပ်တာတွေကိုပဲ ခံနေရတယ်... စောစောစီးစီး...မာင်လေးပုဂံသားက tag လုပ်ထားပါတယ်တဲ့..... သူ tag ထားတာကို ဖြေပြီးလို့မှ မပြီးသေးဘူး....မမလေးမကမလွှာရဲ့ cbox မှာ လာအော်တယ်... သူလည်းမလွှာကို tag ထားပါတယ်တဲ့လေ.... အဲဒါ သူအော်လို့မှ မဆုံးသေးဘူး.... မောင်လေး Calculator ကမလွှာကို tag ထားပြန်ရောတဲ့... .ဒီနေ့ ဘယ်လိုတွေဖစ်နေပါလိမ့်... မမလေးမရေ... မမ tag တာကတော့ မာင်လေးပုဂံသားနဲ့ တူလို့မလွှာ တူတူပဲ ပါင်းဖြေလိုက်တော့မယ်နော်.... မြလွှာကို စိတ်ဆိုးနဲ့အုံး..... မောင်လေး Calculator ... မောင်လေးရဲ့ tag ကိုမြလွှာ ဖြေမယ်နော်....
မလွှာက အိမ်ကနေန့တိုင်း အကြိုအပို့ လုပ်ပေးနေတာဆိုတော့..အမှန်ပြောရရင်.. မြလွှာ အဲဒါတွေကို သိပ်မသိဘူး.... မြလွှာ မစပ်စုမိတာလည်း ပါမှာပေါ့နော်... မောင်လေးမေးထားတဲ့ tag မးခွန်းတွေကိုမလွှာ မသိဘူးဖြစ်နေတယ်... နောက်တစ်ခါမလွှာသိတာလေးတွေကိုပဲ... tag လုပ်နော်....


မြလွှာရဲ့ Tag အဖြေ..............


မောင်လေးပုဂံသားက မြလွှာကိုချောကလက်ကျွေးပါမယ်တဲ့ ...... ချောကလက်ကျွေးပြီးတော့ Tag လုပ်တော့တာပါပဲ........ သူ Tag လုပ်တော့လည်း မြလွှာက ဖြေရတော့မှာပေါ့လေ......... အကြိုက်ဆုံး အဟောင်း (၅ခု) တဲ့လေ..... သူဟာက အများကြီးလည်း ဟုတ်ဘူး.... ၅ခုပဲတဲ့လေ... မြလွှာ အကြိုက်ဆုံး Post ၅ခု ကတော့....

(၁) မိသားစု ထမင်းဝိုင်းလေး...(မြလွှာရဲ့ မိသားစု ထမင်းဝိုင်းလေးလေ...... မြလွှာ အိမ်မှာ ထမင်းစားတိုင်း.. ဒီ Post လေးအကြောင်းကိုသတိရနေမှာပါ...)
(၂)စိတ်ဆိုးတော့မယ်ဆိုရင်...(မြလွှာ ကအင်မတန် စိတ်ကောက်တတ်လွန်းလို့ ....မြလွှာကိုယ်တိုင်... သတိပေးတဲ့ Post လေးပါပဲ)
(၃)၃မိနစ်ပဲ စောင့်..........
(၄)အမေရှိလျှင်............. (မြလွှာ အမေတွေရဲ့ တန်ဖိုးကို လူတိုင်း လေးစားတတ်အောင်ပါ..)
(၅)တစ်တို့ နှစ်တို့ မြည်းကြည့် ကြပါနော်...

ဟဲဟဲ.... မြလွှာကတော့ လည်လည်လာသူတွေကို မ Tag တော့ဘူးနော်... တော်ကြာ များသွားမှာ ဆိုးလို့.... မြလွှာပြန် tag ချင်သူတွေကတော့.....ဒီလိုဒီလိုပါပဲ....များကြီး မ Tag တော့ဘူးနော်.....

(၁)ဆရာကျော်(kkwinmoe)
(၂)သူငယ်ချင်း..tzm( သူက ဟိုတခါ မြလွှာကို Tag ထားလို့ ပြန် tag တာလေ...)
(၃)ရတနာချို တို့ဖြစ်ပါတယ်........ဖြေပေးကြအုံးနော်.....




Thursday, August 16, 2007

လူတစ်ဦးရဲ့အဆင့်အတန်းလေး...

မြလွှာ တို့လူတိုင်းလူတိုင်းက အဆင့်အတန်း မြင့်မြင့်နေချင်ကြတာပေါ့နော်… အဆင့်အတန်း မြင့်တဲ့ သူတွေဆိုရင်… လူတွေက အင်မတန်လေးစားကြတယ်… အင်မတန်လည်း စိတ်ဝင်စားကြတာပေါ့နော်… သူက အဆင့်အတန်း ဘယ်လောက်..ကိုယ်က အဆင့်အတန်း ဘယ်လောက်…..ဆိုပြီး…. အမြဲတွေးတတ်ကြတယ်.. အဆင့်အတန်းနိမ့်နေတဲ့ သူတွေဆိုရင်… လူတိုင်းက လေးလေးစားစား… မဆက်ဆံတတ်ကြဘူးနော်… စဉ်းစားစရာကောင်းတာက… အဲဒီ အဆင့်အတန်းကို မြလွှာတို့ ဘာနဲ့ တိုင်းတာကြမလဲ….. ??? ဘာနဲ့ ဆုံးဖြတ်ကြမလဲ ?? …. ငွေ၊ ဂုဏ် ၊ရာထူးတွေနဲ့ တိုင်းတာမှာလား…. အသိဥာဏ်၊ အကျင့်စာရိတ္တ ၊ ကိုယ်ကျင့်တရား တို့နဲ့…တိုင်းတာမှာလား…. စိတ်နေသဘောထား အသိဥာဏ်မြင့်မားလာလေလေ သဘောထားတွေကြီးလာလေလေပေါ့နော် ။ သဘောထားတွေကြီးလာပြီဆိုရင်တော့ မြလွှာတို့ထက် အဆင့်အတန်းမတူညီတဲ့ သူတွေကိုလည်း မုဒိတာများများထားနိုင်မှာ ဖြစ်ပါတယ် ။ လူတစ်ယောက်ရဲ့ ဘ၀အဆင့်အတန်းဟာ လူတစ်ယောက်ရဲ့ ဘ၀အခြေအနေကို ဆွဲဆောင်ပေးနိုင်ပါတယ် ။ ဘ၀ဆိုတာ စိတ်ထားနဲ့တန်သလို ဖြစ်တတ်ပါတယ်တဲ့လေ ။ ကိုယ်ရဲ့တန်ဖိုးဟာနိမ့်နေမယ်ဆိုရင်တော့ နိမ့်တဲ့ဘ၀ အခြေအနေကိုပဲပိုင်ဆိုင်မှာဖြစ်ပါတယ် ။ မြလွှာတို့မှာ ရှိတဲ့အသိဥာဏ်နဲ့ စိတ်ဓာတ်တွေမြင့်မားသွားလေလေ၊ လောကကြီးဟာ ပိုပြီးနက်နဲလာလေလေပါပဲ။ ကိုယ့်ရဲ့တွေးခေါ်နိုင်တဲ့ စွမ်းရည်မြင့်မားလာတာနှင့်အမျှ လောကကြီးဟာလည်း ပိုပြီးကြီးကျယ်လာပါလိမ့်မယ်။ တကယ်တော့ လူတစ်ဦးစီမှာကိုယ့်စိတ်နဲ့၊ ကိုယ်အသိဥာဏ်နဲ့ ကိုယ်မြင်ရ၊ သိရ၊ ခံစားရတဲ့ ကိုယ်လောကထဲမှာ ကိုယ်စီနေနေကြတာပါ။ စိတ်ဓာတ်ချင်း၊ အသိဥာဏ်ချင်း မတူရင် လောကချင်းလည်း မတူနိုင်ပါဘူး။ သူနိမ့်မှကိုယ်မြင့်မယ်လို့ သဘောထားတာဟာ အင်မတန်သေးသိမ်တဲ့ သဘောထားဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုသေးသိမ်သွားအောင် လုပ်ချင်ပါသလား။ ကိုယ့်ကိုအောက်တန်းကျတဲ့လူဖြစ်သွားအောင် သူများလုပ်လို့ မရနိုင်ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်လို့ရတယ်။ တခြားသူ လုပ်ယူလုပ်ယူလို့ မရနိုင်ပါဘူး။ မြလွှာ ရလိုက်တာလေးကို အားလုံးကို မျှဝေလိုက်တယ်နော်…..


Tuesday, August 14, 2007

မြလွှာရဲ့ စိတ်ကူးလေး…...

မြလွှာခုတလော ဘာတွေရှုပ်နေမှန်းကို မသိဘူး….. တနေကုန်လည်း ရုံးမှာ မအားရ… အတန်းချိန်တွေကလည်း ဆက်နေတော့လည်း အရမ်းပင်ပန်းတယ်…. ရုံးကနေအိမ်ကို ပြန်ရောက်တာနဲ့တန်းပြီး… ထမင်းစား … ခဏနားပြီးတော့ တန်းအိပ်တော့တာပဲ… မြလွှာခုတလော… အိမ်မှာ အိပ်လိုက်..စားလိုက်နဲ့ပဲ….. ဘာစာအုပ်မှလည်း သေချာ မဖတ်ဖြစ်ဘူး…. နောက်တော့ မြလွှာတစ်ခုစဉ်းစားမိလာတယ်….. မြလွှာရဲ့ အိမ်လေးကို နေ့တိုင်းလည်လည်လာပေးကြတဲ့ သူငယ်ချင်းလေးတွေရှိတယ်… သူတို့ကလည်း.. မြလွှာအသစ်တင်မယ့် Post ကိုစောင့်မျှော်နေကြပြီ….. မြလွှာရဲ့ သူငယ်ချင်းလေးတွေ စောင့်ရကျိုးနပ်အောင် မြလွှာ Post တွေတင်ရတော့မယ်…. Post တွေတင်နိုင်ဖို့ မြလွှာ စာတွေကို ဖတ်ရတော့မယ်…. မြလွှာခု အဲဒီ စိတ်ကူးလေးတွေနဲ့ မြလွှာ ခုစာတွေဖတ်နေ တယ်နော်…..




Thursday, August 9, 2007

မြလွှာရဲ့ သယ်ချင်းလေးတွေအတွက်......

မြလွှာရဲ့ Blog မှာ ကော်ကော်တိုတ်ဖို့ လာလာအော်နေတဲ့ သယ်ချင်းလေးတွေရှိတယ်..... မြလွှာကို ခင်တဲ့ သယ်ချင်းအားလုံးအတွက်.... မြလွှာကော်ကော်တိုတ်ဖို့ စီစဉ်ထားတယ်..... ကြိုက်တာကို ရွေးသောက်နော်.... မြလွှာရဲ့အိမ်လေးကို အမြဲတမ်းလည်လည်လာကြလို့ ကျေးကျူးနော်...








မြလွှာအတွက်….အမှတ်တရ...

4.8.07 နေ့က မြလွှာရဲ့သူငယ်ချင်းတွေက မြလွှာရဲ့Cbox မှာ လာပြောကြတယ်။ ကုမုဒြာ ဂျာနယ်မှာ ပါတယ်ပေါ့။ မြလွှာလည်း အရမ်းစိတ်ဝင်စားခဲ့တယ်။ ဘယ်နားမှာပါတာပါလိမ့်ပေါ့။တစ်နေကုန် စိတ်ကအရမ်းသိချင်နေတယ်။ ဒါနဲ့နောက်ဆုံး အိမ်ကိုပြန်တဲ့လမ်းမှာ ဂျာနယ်ရောင်းတဲ့ဆိုင်ကို တွေ့အောင် ရှာပြီး ၀ယ်ဖတ်မိတော့တာပေါ့။ မြလွှာရဲ့ဘလော့ဂ်ပုံလေးကို သုံးထားတဲ့အတွက် ဆရာဦးကျော်ရင်မြင့်ကိုလည်း မြလွှာအရမ်းကျေးဇူးတင်မိပါတယ်။ မြလွှာပြောချင်တဲ့ အကြောင်း၊ ပေးချင်တဲ့အသိကို စာကြောင်း (၄)၊ (၅)၊(၆)ကြောင်းလောက်နဲ့ ထိထိမိမိရေးနိုင်တဲ့ ဆရာ့ကို မြလွှာအင်မတန်လေးစားမိပါတယ်။ မြလွှာရဲ့ လိုအပ်ချက်နဲနဲရှိတာကြောင့် မြလွှာရဲ့ ဘလော့ဂ်လေးမှာ??? တွေပေါ်တာကိုတော့ မြလွှာစိတ်မကောင်းဖြစ်မိတယ်။ ဘာပဲပြောပြော လူငယ်တွေကြားမှာ ဘလော့ဂ်ဆိုတာ ဒီလိုရှိပါလား၊ ဒီလိုတွေရောရေးနိုင်ပါလားဆိုတဲ့ အသိတစ်ခုကို မြလွှာတို့ ပေးလိုက်နိုင်တဲ့အတွက် အရမ်းကြည်နူးမိပါတယ်။ ဒါလေးတွေဟာမြလွှာဘလော့ဂ်လုပ်နေသမျှ၊ ရေးနေသမျှ၊ ဖန်တီးနေသမျှ ကာလတစ်လျှောက်မှာ မြလွှာအတွက် အမှတ်တရလေးတစ်ခုပါပဲ။












Sunday, August 5, 2007

ဤခရီးနီးသလား….ဝေးသလား… ???

မြလွှာ ဒီနေ့အိမ်ကိုရောက်တာနဲ့ ထမင်းစားနေရင်းကနေ… VCD တစ်ခွေကို မြလွှာ မောင်လေးယူလာလို့ ကြည့်လိုက်မိတယ်… အရင်ကဆို မြန်မာ ဗွီစီဒီတွေဆို သိပ်မကြည့်ဖြစ်ဘူး… ဘာလို့လဲဆိုတော့ အဲဒါတွေကို ကြည့်လိုက်တဲ့အတွက်….. မြလွှာတို့အချိန်တွေကုန်တယ်…. ပြီးတော့..တစ်နေကုန် စာသင်၊ Computer သုံးနေတဲ့ သူဖြစ်တဲ့အတွက် မျက်စိကိုလည်း မြလွှာတို့ အနားပေးရအုံးမယ်လေ... အဲဒါတွေကို ကြည့်ပြီးတဲ့အခါမှာ မြလွှာတို့ဘာမှ ရလိုက်တယ်မရှိဘူး... မင်းသား နှင့် မင်းသမီး ချစ်ကြိက်ညား ဇာတ်ကားတွေက အင်မတန်များပါတယ်.... ဒီနေ့ မြလွှာကြည့်မိတဲ့ ဇာတ်ကားလေးကတော့ .... လူတွေမှာ မေ့လျော့နေတတ်တဲ့ စိတ်ပေါ့နော်.... အဲဒီစိတ်တစ်ခုကို မြလွှာ ဇာတ်ကားကြည့်ရင်း ချက်ချင်းရလိုက်တယ်... ငါလည်း ဒီနေရာမှာဆို ဘယ်လိုပါလိမ့်ဆိုတဲ့ အတွေးလည်း ၀င်လာမိတယ်.... အရင်က ပေါ့ပေါ့တန်တန်နေခဲ့တဲ့ သူတစ်ယောက်..... ဒါနဆိုတာ ဘာမှန်းမသိ... သီလဆိုတာ ဘယ်လိုမှန်းမသိတဲ့ သူတစ်ယောက်က.... တစ်ကယ်တန်းသေသွားခဲ့ရင်.... နေစရာနေရာမရှိ...... သွားစရာမရှိ ....စားစရာမရှိ.... နောက်ဆုံး... သောက်စရာရေက အစ.... မရှိပုံကို ရိုက်ပြထားတာပါ.... ကြည့်လိုက်တာနဲ့ ဘာကိုဆိုလိုတယ်ဆိုတာ သိလာရတယ်.... မြလွှာဒီနေ့ အဲဒီဇာတ်ကားလေးကို ကြည့်လိုက်ရလို့.... မြလွှာမှာ လိုအပ်နေသေးတဲ့ ဒါနတွေ ၊ သီလတွေ ကို သိလာရတယ်....

"သင်ပြင်ဆင်ပြီးပြီလား

အလုပ်တွေရှုပ်နေတဲ့ အချိန်တွေထဲမှာပဲ....

ကိုယ်အတွက်ရအောင်

ပြင်ဆင်လိုက်ပါနော်"

မြလွှာရလိုက်တာလေးကို အားလုံးကို ဝေမျှလိုက်တယ်နော်.....