မြလွှာဒီတစ်ခါ အားလုံးကို ချစ်ဖို့ကောင်းတဲ့ ငါးလေးတွေကို မျှဝေပေးလိုက်ပြီနော်....
အရင်ကတော့ အလှမွေးငါးလေးတွေ ရောင်းတဲ့ ဆိုင်ဆိုတာ မန္တလေးမှာ သိပ်မရှိခဲ့ဘူး... ခုတော့ မြလွှာရဲ့ မောင်လေးတစ်ယောက်ရဲ့ဆိုင်ပေါ့နော်....သူက Discovery လို့ပေးထားတယ်... သူရဲ့ဆိုင်လေးမှာက အလှမွေးငါးတွေမျိုးစုံအောင်ရောင်းတယ်လေ.... ငါးလေးတစ်ကောင်ရဲ့တန်ဖိုးဟာ ရာကျော်တန်ဖိုးကနေ...သိန်းကျော်တန်ငါးလေးတွေထိ ရှိတယ်.... တစ်ချို့ကလည်း....Lucky fish ဆိုတဲ့ ငါးလေးတွေကို အလှမွေးတတ်တယ်......အဲဒီ ငါးလေးတွေကို မွေးရင် အိမ်မှာ lucky ကောင်းလို့တဲ့လေ.....အမျိုးစုံပါပဲ........ တစ်ချို့ငါးလေးတွေဆိုသေးသေးလေးတွေ ဒါပေမယ့် မေးလိုက်တော့ သူတို့ရဲ့ တန်ဖိုးက သိန်းကျော်နေရောလေ....မြလွှာတို့လည်း ငါးလေးတွေလိုပဲ ....လူတစ်ယောက်ရဲ့ အပြင်ပန်းကို ကြည့်ပြီး မြလွှာတို့ သူတို့ရဲ့အရည်အချင်းတွေကို ဆုံးဖြတ်လို့ မရဘူးလေ......ဒါကလည်း မြလွှာတို့သိသင့်တဲ့ အချက်လေးပေါ့နော်..........
3 comments:
အလုပ်ပင်ပန်းနေတဲ့ အချိန်မှာ ငါးကန်လေးကို ကြည့်နေလိုက်ရင် ပင်ပန်းတာတွေ သက်သာသွားသလို ခံစားရတယ်။ အိမ်ကငါးကန်ကို သတိရလိုက်တာ။ :(
မြလွှာလည်း ငါးလေးတွေကို သဘောကျလို့ရေးလိုက်မိတာ..... ကို Steven မှာငါးကန်းရှိတယ်လား....ငါးလေးတွေက ချစ်ဖို့ကောင်းတယ်နော်...
ပုံထဲမှာ ငါးလေးတွေ နောက်ပြန်ကူးတာ ထူးဆန်းလို့ အဲငါးလေးတွေ က အမြီးနဲ့ ကူးတာပဲ ။ စနောက်ခြင်းပါ ခင်ဗျာ ။
Post a Comment