တစ်နေကုန်ရုံးမှာပဲ စာတွေသင်နေရတဲ့ ကျွန်မအဖို့ အိမ်အပြန် မိသားစု ထမင်းဝိုင်းလေး ကလည်း ကြည်နူးစရာပင်။ ကျွန်မတို့ မိသားစုဟာ လူစုံမှ ထမင်းစားတတ်လေ့ ရှိတယ်…. တစ်ယောက်ယောက် အိမ်ကိုပြန်မရောက်သေးရင် မေမေ့မှာ ထမင်းဝိုင်းလေးကို အသင့်ပြင်ပြီး တမျှော်မျှော်နှင့်ပေါ့…. အိမ်မှာက အလုပ်လုပ်တဲ့သူက (၃)ယောက်ရှိတယ်လေ… အားလုံး လူစုံပြီဆိုရင်တော့ ကျွန်မတို့ရဲ့ ထမင်းဝိုင်းလေးကို စပြီပေါ့… ထမင်းစားရင်းနှင့် ကျွန်မတို့မိသားစု အမြဲဆွေနွေးဖြစ်ကျတယ်… ဖေဖေ ကိုလည်း ကျွန်မတို့တွေ ၀င်ရောက်ဆွေးနွေး ဝေဖန်သလို ၊ ကျွန်မရဲ့ ညီမလေးကလည်း လူတွေရဲ့ကျန်းမာရေးကို ကုသပေးနေတဲ့ ဆရာဝန်တစ်ယောက် ဖြစ်လို့ သူရဲ့ဆေးရုံမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ၊ လူနာတွေရဲ့အကြောင်း၊ ညနေဆေးခန်းမှ အဖြစ်အပျက်များကို ပြောပြလေ့ရှိတယ်… ကျွန်မကလည်း စာသင်နေတဲ့ သူဖြစ်တဲ့ အတွက် ကျွန်မစာသင်တဲ့ အကြောင်းတွေ၊ ရုံးမှာဖြစ်ပျက်တဲ့ ဟာတွေအားလုံးကို ပြောပြလေ့ ရှိတယ်…. အဲဒီအထဲမှ ကျွန်မတို့ရဲ့ လွဲမှားနေတဲ့ အယူအဆများကို ဖေဖေ မေမေ တို့က ဆုံးမသွန်သင်ဝေဖန်ပေးကြတယ်…. ကျွန်မရဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကျွန်မရဲ့ဖေဖေမေမေ လည်းအပါအ၀င်ပေါ့…. ဖေဖေမေမေ တို့ဟာ ငါတို့ဟာမိဘပဲ ငါတို့ပြောတာ အမှန်၊ ငါတို့ပြောတဲ့ အတိုင်းလုပ်ရမယ်လို့ ဘယ်တော့မှ ဆုံးမလေ့မရှိဘူး…..ကျွန်မတို့မောင်နှမတွေကို လွတ်လပ်စွာ ပြောဆိုခွင့် ပေးထားတယ်…. ကျွန်မတို့ရဲ့ ဝေဖန်ပြောဆိုမှု များကိုလည်း ဘယ်တော့မှ ဥပက္ခာပြုလေ့ မရှိဘူး….ထမင်းစားနေရင်းနှင့် ကျွန်မရဲ့ စိတ်မှာ အသိတစ်ခုဝင်လာခဲ့ရတယ်….ကျွန်မတို့ မောင်နှမတွေ အိမ်ထောင်ရက်သားကျခဲ့ကြရင် ….ဒီလိုမျိုးဖေဖေမေမေတို့နှင့် နေ့စဉ် ထမင်းလက်ဆုံစာနိုင်ပါအုံးမလား…??? ကျွန်မတို့အေးမြတဲ့ မိဘအရိပ်မှာ ရှိနေသ၍ ကျွန်မတို့အပေါ်ကျေးဇူးကြီးမားလှတဲ့ မိဘကိုစိတ်ချမ်းသာအောင် ထားခြင်းဟာ မိဘရဲ့များပြားလှတဲ့ကျေးဇူးတရားတွေထဲမှ အနည်းငယ်မျှသောကျေးဇူးဆပ်ခြင်းပဲ လို့ကျွန်မ ခံယူမိလာတယ်…….
Saturday, June 2, 2007
မိသားစုထမင်းဝိုင်းလေး….
Subscribe to:
Post Comments (Atom)
5 comments:
မမြလွှာပြောသလိုဘဲ ကျွန်တော်တို့မိသားစုလည်း မဆုံရတာကြာပြီ။ ၁ ယောက် ၁နေရာဆီမှာဆိုတော့ ဘယ်အချိန်ကျမှဘဲ ၀ိုင်ဖွဲ့ စားသောက်ပြီး ငြင်းခုန်နိုင်မယ်မသိဘူး။
မိသားစုထမင်းဝိုင်းလေး ရေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
ဝုတ်ပါ့..
တေးမွန်
အော်..ကြည်နူးအေးချမ်းလိုက်သာ..
အမြဲချစ်ချစ်ခင်ခင် နေနိုင်ကြပါစေ...
မိသားစု ထမင်းဝိုင်း ဆိုတာအိမ်တစ်အိမ် ရဲ့ နွေးထွေး မှု လို့မြင်ပါတယ်..။ အိမ် ကို သတိရ မိပါတယ်.။အခုလိုရေးပေးတာကျေးဇူးတင်ပါတယ်။
မြလွှာလည်း မိသားစုထမင်းဝိုင်းလေးကို မြတ်နိုးလို့လေ.....
အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်....
Post a Comment