myalwar.blogspot.com

Thursday, June 7, 2007

စာသင်တဲ့ အလုပ်……..

ကျွန်မအရင်က စာသင်ရတာဟာ ကျွန်မရဲ့ ရည်မှန်းချက်မဟုတ်ခဲ့ပေမယ့် ခုတော့ စိတ်ဝင်စားခဲ့ရပြီ…ကျွန်မစာသင်တဲ့ အချိန်မှာ အရာအားလုံးကို မေ့နေတတ်တယ်…. ကျွန်မရဲ့ ကျောင်းသား/ သူ တွေအပေါ်မှာပဲ အတတ်နိုင်ဆုံး အာရုံစိုက်ထားမိတယ်….. ကျွန်မဟာ ဆရာဆိုတဲ့ အလုပ်ကိုလုပ်တာ (၄) နှစ်တာ ကာလလေးအတွင်းမှာ ကျွန်မအရမ်းကို ပြောင်းလဲခဲ့ရတယ်……စာသင်တဲ့ အချိန်တိုင်းမှာ ငါရဲ့ ကျောင်းသူ/ ကျောင်းသား တွေ ဘယ်လို နားလည်သွားမလဲ အတတ်နိုင်ဆုံး နားလည်အောင် ကျွန်မကြိုးစားပြီးသင်ခဲ့ တယ်…လူတန်းစားမျိုးစုံ ရှိသလို ကျွန်မစာသင်တဲ့ အတန်းတွေမှာလည်း ကျောင်းသား/ ကျောင်းသူမျိုးစုံတယ်….အတန်းတစ်တန်း စာသင်ပြီးပြီဆိုရင် ကျောင်းသူ / ကျောင်းသားတွေ ရဲ့ Comment Form လို့ခေါ်တဲ့ သူတို့သင်တန်းအပေါ်ရေးသွားတဲ့ အမြင်တွေ၊ ဆရာမအပေါ် သူတို့ရဲ့ ဝေဖန်သွားတာတွေ မျိုးစုံတယ်……..အဲဒါလေးတွေဟာ ကျွန်မစာသင်တဲ့ သင်တန်းကာလ တစ်လျှောက်လုံး ကျွန်မရဲ့ကြိုးစားအားထုတ်မှု ရဲ့ ရလာဒ် ပီတိလေးတွေပေါ့ရှင်……

7 comments:

Unknown said...

စာသင်ရတဲ့ အလုပ်က အရမ်းမွန်မြတ်ပါတယ်..
ကလေးလေးတွေပဲ စာသင်ချင်တယ်..
ahmei တခါက တူငယ်ဂျင်းတစ်ယောက်ကို အစားထိုးပီး ကလေးလေးတွေကို စာသင်ပေးဖူးတယ်..အဟီး..ပန်းပေးခံရတယ်တော့.. အရမ်းပျော်တာပဲ.. :D:D:D
မြလွှာရော ကလေးတွေ သင်ရလား..

Myo Kyaw Htun said...

မမြတ်.. စာသင်တဲ့ အလုပ်က တော်တော်ကို မွန်မြတ်ပါတယ်။

Chan Mya Soe said...

ကုသိုလ်လည်းရ ပီတိလည်းရပါတယ် ကျွန်တော်လည်း အဲဒီအလုပ်ကို အခု လွမ်းနေတယ် :)

myalwaryone said...

ahmei , မောင်လေး မျိုးကျော်ထွန်...ကို CMS တို့ခုလို comment ၀င်ရေးလို့ကျေးဇူးနော်...
စာသင်တဲ့ အလုပ်ဆိုတာ အင်မတန်မွန်မြတ်ပါတယ်.....ကို CMS ပြောသလိုပေါ့ ကုသိုလ်လည်းရ ပီတိလည်းဖြစ်ရတဲ့ အလုပ်ပေါ့ရှင်....မြလွှာ စာသင်ရတာကတော့ လူတန်းစားပေါင်းစုံတယ်...
ကလေးတွေပါသလို....အသက်ကြီးကြီးလူကြီးတွေလည်းပါတတ်တယ်....ဒါပေမယ့် ကျောင်းသားတွေအပေါ်မှာ ပေးချင်တဲ့ စိတ်ကတော့ အတူတူပါပဲ.....မြလွှာစာသင်ရတာ ပျော်တယ်.....မြလွှာ ရဲ့ကျောင်းသားတွေက အတန်းပြီးသွားတာနဲ့ ဒီဆရာမ ငါနဲ့ မဆိုင်ဘူးလို့ ဘယ်တော့မှ ပစ်ပယ်မသွားဘူး...အမြဲ အမှတ်တရရှိနေကြတယ်.....မြလွှာ ရဲ့ ကံပေါ့နော်.....

naing said...

Comment form မှာ ရေးထားတာလေးတွေ ဖတ်ဖူးချင်ပါတယ် ဆရာမ မြလွှာ ။ ဥပမာ ဒီဆရာ ဒက်စတာ အပစ် ကျွမ်းကျင်သည် ။ စတာပါ ခင်ဗျာ ။

Steven Alexander said...

ငယ်ငယ်တုန်းကတော့ ဆရာတွေပြောတဲ့ ပီတိကိုစားအားရှိ ဆိုတာကို အရင်ကလုံးဝနားမလည်ခဲ့တာ ကိုယ်တိုင်ခံစားရမှ ကောင်းကောင်းကြီးကို နားလည်သွားပါတယ်။ ကိုယ်စိုက်ပျိုးခဲ့တဲ့ ပန်းဥယျာဉ်ကို ကြည့်နေရသလိုပါပဲဗျာ .... အင်း ... အဲဒီဘ၀ကို လွမ်းတယ်ဗျာ ....

myalwaryone said...

ခုလို comment တွေဝင်ရေးပေးလို့ ကျေးဇူးနော်...
မြလွှာ လည်းဆရာဆိုတဲ့ အလုပ်ကို လုပ်မှတော့ ပီတိကိုပဲ စားရတော့မှာပေါ့....
ဆရာဆိုကတည်းက နာ(၃)နာ နဲ့ ပြည့်စုံအောင်နေရတာလေ....
စေတနာ...၀ါသနာ....အနစ်နာ လေ...ကိုယ့်အတွက်ဆိုတာ သိပ်မရှိတော့ဘူး....
အရာရာကို ကျောင်းသားတွေအတွက်ပဲ စဉ်းစားနေပေးမိတယ်...
အဲဒါကိုက ဆရာရဲ့ စေတနာအစလေ....