myalwar.blogspot.com

Tuesday, June 19, 2007

မြလွှာရဲ့အဖြေ……

မြလွှာရဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ်….. မိုးရာသီနဲ့ပက်သက်ပြီး သူကို Tag လုပ်လိုက်လို့ သူကဖြေရတော့မှာတဲ့လေ။ အင်း…. မြလွှာလည်း မြလွှာအလှည့် ဘယ်တော့များ ရောက်လာမလည်းလို့ပေါ့နော်။ ခုတော့ မြလွှာရဲ့ Blog မှာ ပထမဆုံးသူငယ်ချင်းလေး Tzm ရဲ့ ကျေးဇူးကြောင့် မြလွှာရေးရတော့မှာပေါ့နော်… သယ်ချင်းလေး Tzm ရေကျေးဇူးနော်… မြလွှာရဲ့ ခံစားချက်လေးတွေကို ပြောပြခွင့်ရလို့လေ……

အမှန်ပြောရရင် မြလွှာ မိုးရာသီကို သိပ်မကြိုက်ဘူး…မြလွှာက အေးမြတဲ့ ဆောင်းရာသီမှာ မွေးလို့လားတော့ မသိဘူး…..ငယ်ငယ်ကတော့ မြလွှာ ကြိုက်ပါတယ်… မိုးရာသီကို ….ငယ်ငယ်က မိုးရွာပြီဟေ့ ဆိုတာနဲ့…..စက်ဘီးကိုယ်စီနဲ့ သယ်ချင်းလေးတွေနဲ့ စက်ဘီးလျှောက်စီးတတ်တယ်…မိုးရွာတော့ တစ်ခါတစ်လေ…. မိုးများရင်ကျောင်းတွေပိတ်တယ်လေ…..မိုးအေးအေးနဲ့ ကုတင်ပေါ်မှာ ကွေးလို့ကောင်းပေါ့နော်…. ငယ်ရွယ်တဲ့ သူမို့လို့ ကျောင်းများများပိတ်လေ ကြိုက်လေပေါ့… မြလွှာ မှတ်မှတ်ရရ မိုးကိုကျေးဇူးတင်ခဲ့ဘူးတယ်…….မြလွှာရဲ့ ငယ်ငယ်က အဖြစ်ပျက်လေးကို သတိရမိလို့..အားလုံးကိုပြောပြမယ်နော်….. မြလွှာတို့ အထက်တန်းကျောင်းသူ ဘ၀တုန်းကပေါ့…..ပထ၀ီသင်တဲ့ ဆရာမတစ်ယောက်ရှိတယ်…. သူက..သူစာမေးတော့မယ်နေ့ဆို….ဘယ်လိုဆင်ခြေမျိုးကိုမှ လက်မခံဘူးလေ…. တစ်ရက်က မြလွှာနေမကောင်းလို့ ကျောင်းတစ်ရက်ပျက်တယ်…… မြလွှာကျောင်းပြန်တက်တဲ့ နေ့ က ..အဲဒီဆရာမ စာမေးမယ့်နေ့ပေါ့နော်….. မိုးတွေကလည်းရွာနေတယ်….မြလွှာလည်း ကျောင်းကိုရောက်မှ ဆရာမစာမေးမယ်ဆိုတာကို သိလိုက်ရတယ်…. အဲဒီ ဆရာမ စာမေးမယ့် အချိန်ရောက်လာဖို့ နီးကပ်လေလေ……မြလွှာ ရင်တွေတုန်ရလေလေ ပေါ့နော်….. ဟော…ရောက်လာပါရော… ဆရာမကစာမေးတော့မယ်ပေါ့….မြလွှာလည်း ဆုတောင်းလိုက်ရတာ အမောပါပဲ….. ဆရာမက စာမေးမယ်လုပ်ပြီးမှ မိုးရွာလို့ လူမစုံလို့ မမေးတော့ဘူးတဲ့လေ….အဲဒီတုန်းကတော့ မြလွှာ မိုးကိုကျေးဇူးတင်မိတယ်…. ဒါပေမယ့် အရွယ်ရောက်လာတော့ မြလွှာ မိုးရာသီကို မချစ်တော့ဘူး….ဘာလို့လဲဆိုတော့ မိုးရွာရင် အလုပ်အကိုင်တွေ ပျက်ကြလို့လေ….. တစ်နေ့ပေါ….. မိုးတွေကလည်းရွာနေတယ်….. မြလွှာလည်းရုံးကိုမသွားတော့ ဘူးဆိုပြီး ခွင့်တိုင်လိုက်တယ်လေ…… အိမ်မှာပဲနေမယ်ပေါ့နော်….. ပြတင်းပေါက်ကနေပြီး မိုးရွာတာကိုကြည့်နေတုန်း….. ကြိမ့်မုန့်ဆိုပြီး အော်သံကြားတယ်….. မြလွှာကြည့်လိုက်တော့ ကြိမ့်မုန့်အသယ်လေ….. ကြိမ့်မုန့်ဆိုတာက ဆန်နဲ့လုပ်ထားတဲ့ မုန့်တစ်မျိုးလေ….အရမ်းစားလို့ကောင်းတယ်…. မြလွှာ သနားမိတယ်…. ဘာလို့လည်းဆိုတော့ အဲဒီ ကြိမ့်မုန့်သယ်က ဗိုက်ကြီးကြီးနဲ့လေ…မြလွှာ အရမ်းသနားမိတယ်…..သနားဖို့လည်းအရမ်းကောင်းတယ်…. မုန့်စားချင်တာက နည်းနည်း….အဲဒီမုန့်အသယ်ကြီးကိုသနားတာက များနေတယ်…. မေမေ့ကို ပူဆာတော့တာပေါ့…..မေမေက ၀ယ်ကျွေးမယ်ခေါ်လိုက်တဲ့လေ….မြလွှာ အသယ်ကြီးကို စပ်စုကြည့်တယ်….. သူကမိုးရွာလို့ သူအလုပ်ပျက်တယ်ဆိုတဲ့ အကြောင်း… ဘယ်လိုဒုက္ခရောက်တယ်ဆိုတဲ့ အကြောင်း….မုန်းတွေရောင်းမကုန်လို့ စိတ်ညစ်တယ်ဆိုတဲ့ အကြောင်း..သူရဲ့ သနားစရာ အကြောင်းတွေကို မြလွှာ နားထောင်မိတယ်….. မြလွှာမိုးရာသီကို မုန်းသွားမိတယ်….. မိုးရွာရင် လူတွေအေးဆေးတယ်ဆိုတာမှန်ပါတယ်…. ဒါပေမယ့် မိုးရွာလို့ လူတွေဒုက္ခတွေရောက်ကြတယ်ဆိုတာ ရှိပါလားလို့ တွေးလိုက်မိတယ်…. ဒါပေမယ့်…မြလွှာ မိုးသီချင်းလေးတွေကိုတော့ သိပ်ကြိုက်တယ်…. "မိုးရေသိပ်လွမ်းတယ်…." " မိုးတွေရွာနေချိန်တိုင်း…ဒီရင်မှာလွမ်း….." မိုးရွာနေတုန်း မိုးနဲ့ ပတ်သတ်တဲ့ သီချင်းတေလးတွေကို နားထောင်ရတာကို အရမ်းကြည်နူးမိတယ်…..နားထောင်ကြည့်ကြနော်………

13 comments:

သန့်ဇော်မင်း said...

နာလည်း ဆောင်းမှာမွေးတာဘဲဟ...
အေးဟာ.. နင်ပြောသလိုပါဘဲ..
မိုးရွာလို့ အဆင်ပြေကြသူတွေ ရှိသလို..
မိုးရွာလို့ စိတ်ညစ်ရသူတွေလည်း ရှိတာပေါ့ဟာ..
..ရှိတဲ့ သူတွေက မိုးအေးအေးမှာ ဇိမ်လေးနဲ့နေနိုင်ပေမဲ့
မရှိတဲ့ သူတွေအတွက်ကတော့ မိုးကိုအံတုရင်း ဘ၀၀မ်းစာ အတွက် ရုန်းကန်လှုပ်ရှားကြရတာပေါ့...
ကုန်းပေါ်ကလူတွေထက်စာရင်.. မြစ်၊ချောင်း၊ပင်လယ်တွေမှာ သက်စွန့်ကြိုးစားနေရသူတွေ ဘ၀က ပိုပြီးဆိုးပါတယ်...
နာဆိုလည်း ရန်ကုန်မြစ်ကို တနေ့နှစ်ကြိမ် သမ္ဘာန်လေးနဲ့ကူးနေရင်း မိုးမရွာပါနဲ့ဦးလို့ ဆုတောင်းရတာဘဲလေ..
ဒါဆိုရင် ဒီမိုးရာသီကြီး မရှိရင်ကောင်းမလား... ဘယ်ဖြစ်မလဲနော်...
ဒီလိုနဲ့ဘဲ ပူပြင်းတဲ့နွေညတွေအလွန်မှာ မိုးရွာပါတော့ လို့ ဆုတောင်းနေရတာပါဘဲဟာ....

tzm

s0wha1 said...

မြလွှာရေ...တူတူပဲ...ဆိုးဝှက်လည်း မိုးကို မကြိုက်ဘူး...ဆောင်းတွင်မှာ မွေးလို့ ဆောင်းကိုပဲ ကြိုက်တယ်...ဟီး

myalwaryone said...

မြလွှာလည်းမိုးရာသီထက် ဆောင်းရာသီကို ပိုကြိုက်တယ်...အေးမြလို့လေ...... နေရတာ.... ဒါဆို သယ်ချင်း tzm တို့ s0what1 တို့က မြလွှာနဲ့တူတူပဲပေါ့နော်... ဘယ်လမှာ မွေးတာလည်းဟင်…စပ်စုကြည့်တာ……..ပျော်စရာကြီး..... မိုးရာသီကို မြလွှာမမုန်းပါဘူး.....ရာသီဥတုဆိုတာ မရှိမဖြစ်လိုအပ်တာပဲလေ..... နွေရာသီရောက်ရင်အရမ်းပူတယ်.... မြလွှာတို့ရွှေမန္တလေးက...အဲဒီတော့ မိုးလေရွာပါစေ..ဆုတောင်းမိကြတာပေါ့.....မိုးရာသီကို ရောက်ပြန်ရော....ဆောင်းတွင်းရောက်ရင် နေရတာကောင်းမှာ...မိုးရာသီက အလုပ်ပျက်တယ်ပေါ့နော်......ဆောင်းတွင်းကို ရောက်ပါလေရော.......နွေရာသီ ကို ရောက်ရင် ပျော်စရာကြီးနေမှာတဲ့လေ......အဲဒီတော့ ရာသီဥတု ဆိုတာ မရှိမဖြစ်ပေါ့နော်... ပြီးတော့ အဆိုးမရတဲ့ အထဲမှာ ရာသီဥတုလည်းပါတယ်လေ..... tzm ကို မြလွှာသနားမိတယ်.. မြလွှာ ရန်ကုန်ကို ငယ်ငယ်ကပဲ ရောက်ဘူးတာဟ…. ဒလဘက်က ဆိုတော့ နေ့စဉ်သွားနေရာတာကလည်း….စိတ်ညစ်စရာကြီးနော်….အလုပ်ဆိုတော့လည်း… သယ်ချင်းလေးကြိုးစားနော်….

Unknown said...

အပ်မိန် အရင်မန္တလေးမှာ နေတုန်းက ဆောင်းရာသီဆိုအရမ်းပျော်ဒယ် ..ဟီး အနွေးထည်ဝတ်ရလို့..ခုဒီရောက်တော့ မကြိုက်တော့ဝူးး တစ်နှစ်ပတ်လုံးနီးပါး ဆောင်းဖြစ်နေတော့. အနွေးထည် ၀တ်ရတာအလေးကြီးပဲ ..ကြာတော့ ဆောင်းဆိုစိတ်ညှစ်လာပီ...နေရောင်ခြည်မြင်ရတဲ့ ခုနွေရာသီကို အရမ်းကြိုက်လာဒယ်... အဲ့မို့ နွေ၊ မိုး ၊ ဆောင်း ရာသီ ၃ခု လုံး မျှတရင် အရမ်းကောင်းမှာပဲ.. ၃ခုလုံး ကြိုက်ဒယ်ကွယ်...:D:D:D

baganthar said...

ဘာမှတော့ဟုတ်ဝူး။
ကြိမ့်မုန့် ကတော်တော်စားကောင်းလား။ တစ်ခါမှမမြင်ဖူးဝူး။
လုပ်ကျွေးပါလား။ နောက်လာလည်ရင်။

MELODYMAUNG said...

ချာမ မြလွှာ မင်္ဂလာပါ ဒိုင်ယာရီလေးလာဖတ်သွားတယ် နောက်လဲ လည်လည်လာမယ် အိမ်လာရင်ရော အဲဒီမုံ့ တွေ ဂယ်ကျွေးမှာလား မန်းလေးဆောင်းကို “မ”လဲ သိပ်ကြိုက်တယ် မန်းလေး မိုးရွာရင် ဆိုတဲ့ အကြောင်းလေးလဲ လာဖတ်ဖို့ ဖိတ်ခေါ်တယ်နော်

သန့်ဇော်မင်း said...

နာက ဒီဇင်ဘာ ၁၁ ၊ နတ်တော်လပြည့်နေ့
နှစ်ကို တွက်လိုက်နော်....

ပေါက်ပေါက်ဆုပ် said...

ဝေးးးးးးးးး ......... ပေါက်ပေါက်ဆုပ်လဲဆောင်းတွင်းမှားမွေးတာပဲ
~~ အချမ်းပိုတဲ့ နိုဝင်ဘာလေးတမ်းတ သလို ~~...... အဒီလမှာမွေးတာ
tzm ကြီးကျတော့ ~~ နှင်းငွေ့ ဝေ့ဝေ့အေးတဲ့ ဒီဇင်ဘာလေးမှာ ~~
မြလွှာကရော ????????? တိတေးဖူး ပြောပြအုံး ။
tzm ကြီးက လ အလိုက်ဆိုရင် ပေါက်ပေါက်ဆုပ်ထပ် ၁လ ငယ်တယ် ဟိဟိ :P

သန့်ဇော်မင်း said...

0ုတ်ပါ b.. .. 0ုတ်ပါ b ..
မမကြီး ပေါက်ပေါက်ဆုပ်ရယ်

:P

myalwaryone said...

မြလွှာတို့ဆီမှာ ကြိမ့်မုန့်...ရှိတယ်ရှင့်.......မြလွှာဆီကိုလာလည်ရင် ကျွေးမှာပေါ့....သယ်ချင်းတို့ဆက်ဆက်လာလည်ကြနော်...

myalwaryone said...

မြလွှာက နှင်းတွေဝေတဲ့ ဇန်န၀ါရီလမှာမွေးတာပါ......မြလွှာ ဆောင်းတွင်းကိုအရမ်းကြိုက်တယ်ရှင့်........ဆောင်းကအေးချမ်းတယ်လေ...
ဟုတ်တယ်ဟုတ်....

ပေါက်ပေါက်ဆုပ် said...

ဟုတ်တယ်...ဟုတ်တယ် ဆောင်းကအေးချမ်းတယ်
အေးတာမှခိုက်ခိုက်တုန်နေတာပဲ :P

myalwaryone said...

အဲ့ဒါမို့ ဆောင်းမှာမွေးတဲ့သူတွေက အေးချမ်းတာပေါ့....ဟီး..ဟီး...မြလွှာတို့ ပေါက်ပေါက်တို့လိုမျိုးပေါ့နော်....ဟုတ်တယ်ဟုတ်....သယ်ချင်းလေ.း.....