myalwar.blogspot.com

Tuesday, June 5, 2007

ယုံကြည်မှုလေး….

ဘ၀အတွက်အောင်မြင်ဖို့ ကြိုးစားတဲ့ နေရာမှာလည်း ကျွန်မတို့တွေ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့ ဟာလည်းလိုအပ်တဲ့ အချက်လေးတစ်ချက်ပေါ့ရှင်… မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ သူဟာ ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ ရောက်နိုင်သလို….ယုံကြည်မှုနည်းတဲ့ သူများကတော့ ရည်မှန်းချက်ပန်းတိုင်ကို ချောမောစွာ ရောက်နိုင်မည်မဟုတ်ပါ….မိမိရဲ့ ဘ၀ကို တည်ဆောက်တဲ့ နေရာမှာ မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ အထူးလိုအပ်ပါတယ်….တခြား သူအောင်မြင်သွားသော အရာမှန်သမျှ မိမိလည်း လုပ်ကိုင်အောင်မြင်နိုင်မည်ဟူသော ယုံကြည်မှုလေး လူတိုင်းတွင်လိုအပ်တာပေါ့ရှင်…..ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးပေါ့နော်.… အရင်က ကျွန်မစာသင်ရမှာကို အင်မတန်ကြောက်တယ်ရှင့်…ကျောင်းသား/ ကျောင်းသူ တွေရဲ့အရှေ့ကိုပင် ရပ်ပြီးမပြောရဲခဲ့ ဘူး….ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာလည်း ပါမှာပေါ့နော်……ငါ့ကိုဘယ်လိုပြောလာရင်တော့ ငါတော့ဒုက္ခပဲ…..ငါဘယ်လို ပြန်ပြောရပါ့.. ယုံကြည်မှုလည်းမရှိခဲ့ဘူး…နောက်တော့ ကျွန်မရဲ့စိတ်တွေကို ပြောင်းလဲ ခဲ့တယ်… အဲဒီစိတ်တွေ ကျွန်မမှာရှိနေသ၍ ကျွန်မဘယ်လိုမှ ရှေ့ကိုဆက်လို့ရမှာ မဟုတ်ဘူး… ကျွန်မကိုယ် ကျွန်မယုံကြည်မှုတွေထားလိုက်တယ်….. ခုတော့ ကျွန်မမှာ အဲဒီစိတ်တွေ မရှိတော့ဘူး…ကျောင်းသား/ သူ ဘယ်လောက်များများ ကျွန်မကောင်းကောင်းကြီး သင်ပြနိုင် ခဲ့ပြီ…..ကျွန်မတို့တွေရဲ့ ယုံကြည်မှုတွေ ပြည့်ဝလာပြီဆိုရင် ကျွန်မတို့ ဘ၀မှာ ဖြစ်ချင်သော ရည်မှန်းချက် များလည်းအလွယ်တကူပြည့်ဝ နိုင်ပါလိမ့်မည်တဲ့လေ…. ကျွန်မတို့ဘ၀ အောင်မြင်မှုအတွက် " ယုံကြည်မှု " မိမိကိုယ်ကို ထားနိုင်ဖို့ မရှိမဖြစ်လိုအပ်ပြီပေါ့ရှင်…..

4 comments:

သန့်ဇော်မင်း said...

အင်း.. ဟုတ်တယ်.. အနော်စာသင်ရင်လည်း
အဲ့ဒီ..ယုံကြည်မှုဆိုဒါကြီးရဖို့ကို တော်တော်ကြီုးစားရတယ်..
ဒါတောင်.. ၁ခါ၁လေ.. ထွက်ထွက်ပြေးသွားသေးတယ်... :D

Unknown said...

ယုံကြည်မှု ရှိသော မိန်းကလေးတိုင်းက ချောတယ်တဲ့..
စကားပုံ ကြားဖူးလို့.. အဟီး..

သန့်ဇော်မင်း said...

အယ်.. အယ်.. တမျိုးကြီးပါလား.. ahmei ရ.. :D

myalwaryone said...

ဟယ်....ahmei က ဟုတ်လို့ပြောတာနေမှာပေါ့နော်....
ငါမှာလည်း ယုံကြည်မှုက ခဏခဏ ပျောက်ပျောက်သွားတယ်ဟ...
ငါလည်းအဲဒီ ယုံကြည်မှု မြဲအောင် အမြဲကြိုးစားနေပါတယ်....