myalwar.blogspot.com

Saturday, June 2, 2007

“အားပြင်းတဲ့မြားလေးတစ်စင်း……..”

အရင်က ကျွန်မစာဖတ်ရမှာကို အင်မတန်ပျင်းတယ်။စာဖတ်ခြင်းထက် တစ်ချို့ကိစ္စတွေ

ကိုပဲ ကျွန်မလုပ်လိုက်ချင်တယ်။ အလုပ်ပင်ပန်းမှုများကို ဗွီဒီယိုကြည့်ခြင်း၊ သီချင်းနားထောင်

ခြင်းတို့ဖြင့် အပန်းဖြေလေ့ရှိတယ်။ ဗွီဒီယိုကြည့်လိုက်ခြင်းဖြင့် ပင်ပန်းနွမ်းနယ်မှုများကို ခေတ္တ

အပန်းဖြေနိုင်သလို သီချင်းနားထောင်ခြင်းဖြင့်လည်း သောတအာရုံကို ခံစား အပန်းဖြေ နိုင်ပါတယ်..…မှန်ပါတယ်…ကျွန်မတို့ဟာစာဖတ်ခြင်းအလုပ်ဖြင့်လည်း ကျွန်မတို့ရဲ့ ပင်ပန်း နွမ်းနယ်တဲ့ စိတ်များကို အပန်းဖြေနိုင်တယ်ဆိုတာကိုဘာလို့များမေ့လျော့နေ ကြပါလိမ့်……သို့သော် ကျွန်မကို အမြဲသွန်သင်ဆုံးမနေသော သူတစ်ယောက်ကြောင့် ကျွန်မစာဖတ်ခြင်းအလုပ်ကို ကျွန်မစလုပ်ဖြစ်ခဲ့တယ်…..ကျွန်မ ဘ၀အတွက်အရေးကြီးတဲ့ သူတွေထဲမှာ သူလည်းမရှိမဖြစ် လိုအပ်သူတစ်ဦးပေါ့ ….သူရဲ့ ဆုံးမမှုတွေကြောင့် ကျွန်မစာအုပ်တွေကို ချစ်မြတ်နိုးခဲ့ရတယ်…. ကျွန်မ များသောအားဖြင့်တော့ “ဆရာဖေမြင့်” ရေးသားတဲ့ စာအုပ်လေးတွေကို ကျွန်မအများဆုံးဖတ်ဖြစ်တယ်… “မြားတစ်စင်း အရှိန်အဟုန်ပြင်းပြင်းနှင့်ပစ်ခွင်းလိုလျှင်လေးကြိုးကိုတင်းတင်းဆွဲပါတဲ့လေ” တရုတ်စကားပုံလေးတစ်ခုပေါ့….. ကျွန်မတို့ ဘယ်အရာကိုမဆို ကြိုးစားအားထုတ်မှုမရှိပဲ မရနိုင်ဘူးတဲ့လေ…ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တွေ လှပချင်သလား..??? ဦးနှောက်စွမ်းရည် သူများထက်သာလိုပါသလား...?? ဘယ်ကိစ္စကိုမဆို ကျွန်မတို့ ကြိုးစားအားထုတ်ပြီးမှ ရနိုင်တယ်လေ…. အားထုတ်မှု မရှိဘဲနှင့်တော့ ရနိုင်မည်မထင်ပါ…. အားထုတ်မှုကိုတော့ ကျွန်မတို့ အလုပ်ဟုခေါ်မှာပေါ့နော်….အဲဒီအတွက် ကျွန်မတို့ အလုပ်တွေလုပ်နေကြရတာပေါ့… အလုပ်ဆို တစ်ချို့က နောက်တွန့်ချင်ကြတယ်… ကျွန်မကြိုက်တဲ့ စာသားလေးတွေရှိတယ်ရှင့်…. “ အလုပ်သည်လူ့အတွက် ကျိန်စာမဟုတ်…လူကို မြှင့်တင်ပေးသော အရာသာဖြစ်သည်တဲ့လေ” ….. မှန်လိုက်တာနော်… ကျွန်မတို့တွေ အလုပ်ကြောင့်အသိဥာဏ်တွေတိုးပွားလာသလို၊ အလုပ်ကြောင့်လည်းလူတကာနဲ့ပခုံးချင်းယှဉ်နိုင်ကြတာမဟုတ်လား..???? အလုပ်လုပ်တိုင်းရောပြီး ပြီလား…. ကျွန်မတို့ရဲ့အလုပ်၊ ကျွန်မတို့လုပ်ပေးလိုက်တဲ့ အလုပ်တစ်ခု အောင်မြင်စွာပြီးစီးဖို့ ကျွန်မတို့အလုပ်ကို လုပ်ပေးရုံနဲ့ မပြီးနိုင်သေးပါဘူး… ကျွန်မတို့ရဲ့ ၀ီရိယ၊ ဇွဲ၊ ကျွန်မတို့မှာရှိတဲ့ ဥာဏ်တွေကိုကောင်းကောင်း အသုံးချရအုံးမှာပေါ့… ကျွန်မတို့ ဆောင်ရွက်လိုက်သော အလုပ်၏ အရည်အသွေးဟာ ကျွန်မတို့ အလုပ်လုပ်ခြင်းအတွက် အမှတ်တံဆိပ် တစ်ခုဖြစ်နေလိမ့်မည်တဲ့…. အဲဒီကျွန်မတို့ရဲ့ အမှတ်တံဆိပ်လေးဟာ သူတစ်ပါးနဲ့ နှိုင်းယှဉ်ရာမှာ သူအလိုလို တန်ဖိုးတက်လာလိမ့်မည်တဲ့လေ… ကျွန်မကတော့ ဒီစာလေးကို ဖတ်ပြီးတာနဲ့ ဆုံးဖြတ်ချက်ချလိုက်မိတယ်….ကျွန်မဘယ်အရာကိုမဆို သူများထက် သာချင်တယ်…..မတရားတဲ့နည်းနဲ့ တော့မဟုတ်ဘူးနော်….တရားသဖြင့်ပေါ့…အဲဒီအတွက် ကျွန်မအလုပ်လုပ်တဲ့ နေရာမှာ သူများထက်ကြိုးစားတယ်…ဒီစာလေးကို ဖတ်ပြီးတဲ့အချိန်မှာ လည်းကျွန်မအတွက်ခွန်အားတွေရှိလာသလိုခံစားရတယ်…… ဒီထက်မက လည်းကြိုးစားမယ်ဟု ကျွန်မဆုံဖြတ်မိတယ်…..သင်ရော သူများထက်သာလိုပါသလား …????

3 comments:

(တေးမွန်) said...

ဟင့်အင်း.. သာချင်ပါဝူး..
:P

နတ်ဆိုး

သန့်ဇော်မင်း said...

0ုတ်ဒယ် 0ုတ်ဒယ်.. နာလဲ သာချင်ဘာဝူး.... :P

“ အလုပ်သည်လူ့အတွက် ကျိန်စာမဟုတ်…လူကို မြှင့်တင်ပေးသော အရာသာဖြစ်သည်တဲ့လေ” မှန်လိုက်လေဗျာ..

သူများထက်တော့ မသာချင်ပါဘူး... သူမျုားတန်းတူတော့ဖြစ်ချင်ပါတယ်...

myalwaryone said...

ဒါပေမယ့် ဘယ်အလုပ်မဆို ပြိုင်ဘက်ရှိမှ တိုးတက်တာလေ...ပြိုင်ပြီဆိုမှတော့ သာမှ ဖြစ်မှာပေါ့နော်...