Tuesday, July 17, 2007
တစ္တုိ႕ ႏွစ္တုိ႕.... ျမည္းၾကည္႔ၾကပါေနာ္..
Saturday, July 14, 2007
အႏွိဳင္းမဲ႔ပိုက္ကြန္..
"သတိအိမ္သာ" ျငိမ္းေအးရာ…..
" သတိ ၊ သတိ… " ဒီစကားလုံးေလးဟာ….ျမလႊာတုိ႕အတြက္ ရင္းႏွီးျပီးသားပါ….. ဒါေပမယ္႔….. အ႐ွင္ဆႏၵဓိက ေရးထားတဲ႔ စာအုပ္ေလးကို ဖတ္လုိက္မ....ပိုျပီးျပည္႕ျပည္႕ စုံစုံ….. သိလာရတယ္… ဘယ္ကိစၥမဆုိ… ျမလႊာတုိ႕ေတြအလုပ္လုပ္တဲ႔ ေနရာမွာ….သတိ႐ွိဖုိ႕…. အင္မတန္အေရးၾကီးပါတယ္…. စားသတိ.. သြားသတိေပါ႔…… ေလာကၾကီးမွာ ကိုယ္ျဖစ္ခ်င္တဲ႔ အတိုင္းသာ ျဖစ္ေနမယ္ဆုိရင္ေတာ႔…. အားလံုးအုိေကေပါ႔ေနာ္….. ဒါေပမယ္႔…. တစ္ခါတစ္ေလ… ကိုယ္ရဲ႕စိတ္ဆႏၵနဲ႕ ဆန္႔က်င္ဘက္ေတြ ျဖစ္တဲ႔အခါ…. ကိုယ္ရဲ႕ၾကိဳးစားမွဳမေအာင္ျမင္တဲ႕အခါ……. ျမလႊာတို႔ရဲ႕စိတ္ဓာတ္ေတြဟာ အလုိလုိေနရင္း… ဟုိးေအာက္ဆုံးကို ေရာက္သြားတတ္တယ္….. ဒါေပမယ္႔……ဘယ္ကိစၥပဲ ၾကံဳလာၾကံဳလာ…. ျမလႊာတုိ႕မွာ ႐ွိျပီးသား… " အသိေလး " ေတြကို " သတိ " ႏွင္႔ဆင္ျခင္လုိက္ရင္ေတာ႔…. ျမလႊာတုိ႔ရဲ႕… ေအာက္ကိုက်ေနတဲ႕ စိတ္ဓာတ္ေတြဟာ အလုိလုိေနရင္း… ျပည္႕၀လာပါလိမ္႔မယ္လုိ႕ေတာ႔… ျမလႊာယုံၾကည္ေနတယ
Wednesday, July 11, 2007
(၃) မိနစ္ပဲေစာင္႔…….
စိတ္ေကာင္း႐ွိဖုိ႔က-ပထမ.......
Tuesday, July 10, 2007
ၾကည္႕ေပးၾကအုံးေနာ္.....
ျမလႊာ အရမ္းၾကီးရလုိ႕ ေတာ႔ မဟုတ္ဘူးေနာ္.....
ျမလႊာတတ္သေလာက္ မွတ္သေလာက္ေပါ႔.....
ျမလႊာရဲ႕ ေက်ာင္းသူေက်ာင္းသား Blog ေတြကို ၾကည္ေပးၾကအုံးေနာ္...
http://zawmdy.blogspot.com
http://gigimdy.blogspot.com
Sunday, June 24, 2007
စိတ္ဆုိးေတာ႕မယ္ဆုိရင္….
ျမလႊာအရင္က စိတ္အင္မတန္ေကာက္တတ္တယ္….စိတ္လည္းအင္မတန္ဆုိးလြယ္တယ္… စိတ္ၾကီးတယ္လုိ႕ ေျပာလုိ႕ရတာေပါ႕ေနာ္…. ဒါေပမယ္႔ ျမလႊာဖတ္လုိက္မိတဲ႔ စာအုပ္ေလး ထဲမွာေတာ႔ ရေ၀ႏြယ္(အင္းမ)က "စိတ္ဆုိးေတာ႔မယ္ဆုိရင္” ဆုိျပီးေရးထားတဲ႔ စာအုပ္ေလး ကိုဖတ္လုိက္မိတယ္….. ဒီစာအုပ္ေလးကုိ ဖတ္ျပီးမွ ျမလႊာလည္း ျမလႊာလုိအပ္ခ်က္ေလး ေတြကို သိလာရတယ္…. စိတ္မခ်မ္းသာဘူးဆိုရင္၊ စိတ္ဆင္းရဲရင္၊ စိတ္ဆုိးရင္၊ ေဒါသ ၊ ေသာက စတဲ႔ အကုသိုလ္တရားေတြ ၀င္လာရင္ အေၾကာင္းရင္းကို႐ွာျပီး….ေဖ်ာက္ပါတဲ႔ေလ… အေၾကာင္းရင္းကို္ ႐ွာျပီးပယ္ပါတဲ႔ေလ…. ဘယ္လုိ႐ွာျပီး ျမလႊာတုိ႔ပယ္ၾကမလဲ……??? ပထမေတာ႔ အေၾကာင္းရင္းကို ႐ွာျပီးေဖ်ာက္ပါဆုိတာ သိပ္သေဘာမေပါက္ခဲ႔ဘူး…. ျပီးမွ … ျမလႊာတို႔ ငယ္ငယ္က သင္ခဲ႔ဘူးတဲ႔ ပုံျပင္ေလးနဲ႔ ယွဥ္ျပီးေဖာ္ျပထားမွ သေဘာေပါက္သြားခဲ႕ရတယ္….. ဥသွွ်စ္သီးမွည္႕ ေၾကြက်တာကို မုိးျပိဳပါျပီဆုိျပီး ထြက္ေျပးတဲ႔ ယုန္ေလး အေၾကာင္းေလ… ယုန္က မုိးျပိဳျပီဆုိျပီး…. ေျပးေတာ႔ က်န္တဲ႔ေတာတြင္း သတၱ၀ါေတြကလည္း…..မုိးျပိဳတယ္ ဆို္ျပီး ယုန္ေနာက္လို္က္ေျပးၾကတာေပါ႔........ ေနာက္ဆုံးေတာ႔ ဘုရားအေလာင္းျခေသၤ႔မင္းက အေၾကာင္းအရင္းကိုိ႐ွာျပီး ေျဖ႐ွင္းလုိက္မွ သတၱ၀ါအားလုံး ခ်မ္းသာသြားတဲ႔ ၀တၳဳေလးပါပဲ........ ျမလႊာ တုိ႕ေတြ ဘယ္ကိစၥပဲ ျဖစ္လာျဖစ္လာ အေၾကာင္းအရင္းကို ႐ွာျပီး ေျဖ႐ွင္းဖုိ႔ လုိ္အပ္ပါတယ္..... ျမလႊာတို႔ လူသားေတြက မသိလုိ႕ရယ္.... မက်င္႔သုံးလုိ႕ရယ္ေၾကာင္႔ ....စိတ္ဆိုးတာ.... စိတ္ညစ္တာ.... စိတ္နာတာ....စိတ္ပ်က္တာေတြ ျဖစ္ေနရတာပါ..... ျမလႊာတုိ႔ရဲ႕ ျမတ္စြာဘုရား႐ွင္က ... ျပႆနာတစ္ခုခု ျဖစ္လာခဲဲ႔ရင္ ...... အေၾကာင္း႐ွာျပီး....ေဖ်ာက္ပါလို႔ေဟာထားေပမယ္႔ လည္း...... လူေတာ္ေတာ္မ်ားမ်ားက ျပႆနာျဖစ္လာျပီဆုိရင္ ....... အေၾကာင္းရင္းကို႐ွာဖုိ႔ထက္....ျပႆနာကို ျပႆနာနဲ႔ဘဲ .....ေျဖ႐ွင္းတတ္တယ္... ဒီေတာ႔... " ျပႆနာျပီးရင္....ျပႆနာပဲ " ဆက္ျပီးျဖစ္ေနေတာ႔တာေပါ႔ေနာ္.... ျပႆနာ တစ္ခုျဖစ္ျပီဆုိမွေတာ႔.......စိတ္ဆုိးမွဳ.....စိတ္ဆင္းရဲမွဳ...စိတ္မခ်မ္းသာမွဳ...စိတ္ညစ္မွဳ စတဲ႔ ဆုိးက်ိဳးေတြလည္း ၀င္ေရာက္လာေတာ႔မွာေပါ႔ေနာ္....... ... " ငါ႔ကို စိတ္ဆင္းရဲေအာင္ လုပ္တာပဲ " ဆုိျပီး... စိတ္ဆင္းရဲေအာင္လုပ္တဲ႔ သူကိုမုန္း.... မုန္းေတာ႔ စိတ္ဆင္းရဲ........ စိတ္ဆင္းရဲေတာ႔မုန္းနဲ႔ စိတ္ဆင္းရဲေၾကာေတြ႐ွည္ေနေတာ႔တာေပါ႔ေနာ္........ ေနာက္ဆုံးရလာဒ္ကေတာ႔ ........ ထပ္ဆင္႔စိတ္ဆင္းရဲရတာပါပဲ.......စိတ္ဆင္းရဲေတာ့.....ကိုယ္ကသူ႔ကိုမျမင္ခ်င္.......သူကကိုယ္႔ကိုမျမင္ခ်င္ ....နဲ႔.....မုန္းေၾကာေတြ႐ွည္ေနေတာ႔တာေပါ့......... ဘာမွမတည္ျမဲတဲ႔ တရားသေဘာေလးကို .......... ဆင္ျခင္ျပီး......မပ်က္ဆီးခင္ေလးမွာ...... စိတ္ဆုိးျခင္းကို အခ်ိန္တစ္ခုလုပ္ျပီး..... ေပးေနေတာ႔မွာလဲေနာ္..... ဘာပဲေျပာေျပာ.... စိတ္ဆုိးေတာ႔မယ္ဆုိရင္... အေၾကာင္းရင္းကို ႐ွာၾကည္႔လုိက္ပါအုံုး......... မဆိုးရင္မေနႏုိင္ဘူးဆုိရင္လည္း ...ရင္ထဲမွာပဲ..... ဆုိးလုိက္ပါေတာ႔တဲ႔ေလ.......
Saturday, June 23, 2007
တန္ဖုိးေလး..........
ျမလႊာဒီတစ္ခါ အားလုံးကို ခ်စ္ဖုိ႔ေကာင္းတဲ႔ ငါးေလးေတြကို မွ်ေ၀ေပးလုိက္ျပီေနာ္....
အရင္ကေတာ႔ အလွေမြးငါးေလးေတြ ေရာင္းတဲ႔ ဆုိင္ဆုိတာ မႏၱေလးမွာ သိပ္မ႐ွိခဲ႔ဘူး...
Tuesday, June 19, 2007
ျမလႊာသိလုိက္တဲ႕ အသိေလး……
ျမလႊာ စာအုပ္ေလးတစ္အုပ္ကို ဖတ္မိတယ္….စာအုပ္ေလးက " မေနရလုိ႕ ေသၾကတဲ႕ အခါ " တဲ႕ေလ…..စာအုပ္ေလးရဲ႕ ေခါင္းစဥ္ကို ၾကည္႕ျပီး ဘာကိုဆုိလုိမွန္း ျမလႊာ ေသခ်ာမသိခဲဘူး… ဖတ္ၾကည္႕လုိက္ေတာ႕မွ….တကယ္႕လူ႕ဘ၀ မွာ ျဖစ္ပ်က္ေနပါလား ဆုိတာကို သိလုိက္ရတယ္….. ျမလႊာတုိ႕ လူေတြလူ႕ဘ၀မွာ သူမ်ားထက္ေတာ္ခ်င္လို႕…..တတ္ခ်င္လို႕… ၾကိဳးစားၾကတယ္…..ဒါေပမယ္႕…..ျမလႊာတုိ႕ေတြ ေသသြားၾကျပီဆုိရင္….. ျမလႊာတုိ႕ရဲ႕ေနာက္မွာ လုိက္ပါခဲ႕မွာက အဲဒါေတြမဟုတ္ဘူးဆုိတာ သိလုိက္ရတယ္… ပစၥည္းဥစၥာေတြဟာ ေသရင္ထားခဲ႕ရတယ္….အဲဒီ ပစၥည္းဥစၥာေတြကို ရန္သူမ်ိဳးငါးပါးနဲ႕ ေတြ႕တဲ႕အခါမွာလည္း အခ်ိန္မေ႐ြး ပ်က္ဆီးသြားႏုိင္တယ္...ဆုိတာရယ္... အဲဒါေတြကိုေတာ႕…ရင္ထဲေရာက္ေအာင္ အရင္ၾကိဳးစားသင္႕တယ္တဲ႕ေလ…….
" အတၱာ ေဂေဟ နိ၀တၱ ႏိၱ
သုသာေန မိတၱ ဗႏၶ၀ါ..
သုကဋံ ဒုကၠဋံ ကမၼံ
ဆာယာ အႏုယာယိနီ" တဲ႔ေလ….
ဂါထာေလးရဲ႕ ဆုိလုိရင္းက ကုိယ္ေသသြားတဲ႔အခါမွာ ပစၥည္းဥစၥာေတြကို က်န္ခဲ႔ရတယ္… ကိုယ္ရဲ႕ဇနီး ၊ ခင္ပြန္း ၊ သားသမီး ၊ေဆြမ်ိဳး မိတ္ေဆြေတြကလည္း…သုသာန္အထိပဲ လုိက္ပုိ႕ၾကမွာတဲ႕ေလ… ဒါေပမယ္႕….အသက္႐ွင္စဥ္မွာ ကိုယ္ျပဳခဲ႔တဲ႕ ကုသိုလ္ကံ ၊ အကုသိုလ္ကံ ႏွစ္ခုကေတာ႕ အရိပ္တစ္ခုလုိ ထပ္ၾကပ္မကြာ လုိက္ပါသြားမွာတဲ႔….. ကုသုိလ္ဆုိတာ ျမလႊာတုိ႕အထူးတလည္ လုပ္ယူစရာမလုိပါဘူး….ျမလႊာရဲ႕ေမေမက ခဏခဏေျပာဘူးတယ္….ဘာမဆုိယူတတ္ရင္ ကုသိုလ္ပါပဲတဲ႔ေလ….. စိတ္ထားေကာင္းေကာင္းထားျခင္းဟာလည္း……ယူတတ္ရင္ ကုသုိလ္ပါလုိ႕ ေမေမက ေျပာဘူးတယ္…….သူမ်ားအေပၚမွာလည္း ဘယ္ေတာ႕မွ စိတ္ယုတ္မာ မေမြးရဘူးလုိ႕လည္း အျမဲဆုံးမတယ္…..အဲဒါေတြက ျမလႊာတုိ႕ေသသြားခဲ႕ရင္ ျမလႊာတုိ႕ရဲ႕ေနာက္ကို ပါလာမယ္႕ အရိပ္ကေလးေတြပဲေလ…….
" မေနရလုိ႕ေသၾကတဲ႕အခါ….
ကိုယ္ေနာက္ကိုကား….ဘာမ်ားပါမွာ…
ပစၥည္းဟူက ျမဴမွ်မပါ….
ကိုယ္ျပဳထားတဲ႕ ကံမ်ားကိုယ္ေနာက္ပါ…" တဲ႕ေလ…
ျမလႊာရဲ႕အေျဖ……
ျမလႊာရဲ႕ သူငယ္ခ်င္းတစ္ေယာက္က ေျပာတယ္….. မိုးရာသီနဲ႔ပက္သက္ျပီး သူကို Tag လုပ္လိုက္လို႔ သူကေျဖရေတာ့မွာတဲ့ေလ။ အင္း…. ျမလႊာလည္း ျမလႊာအလွည့္ ဘယ္ေတာ့မ်ား ေရာက္လာမလည္းလို႔ေပါ့ေနာ္။ ခုေတာ့ ျမလႊာရဲ႕ Blog မွာ ပထမဆံုးသူငယ္ခ်င္းေလး Tzm ရဲ႕ ေက်းဇူးေၾကာင္႕ ျမလႊာေရးရေတာ႕မွာေပါ႔ေနာ္… သယ္ခ်င္းေလး Tzm ေရေက်းဇူးေနာ္… ျမလႊာရဲ႕ ခံစားခ်က္ေလးေတြကို ေျပာျပခြင္႕ရလုိ႕ေလ……
အမွန္ေျပာရရင္ ျမလႊာ မုိးရာသီကို သိပ္မၾကိဳက္ဘူး…ျမလႊာက ေအးျမတဲ႕ ေဆာင္းရာသီမွာ ေမြးလုိ႕လားေတာ႕ မသိဘူး…..ငယ္ငယ္ကေတာ႕ ျမလႊာ ၾကိဳက္ပါတယ္… မိုးရာသီကို ….ငယ္ငယ္က မုိး႐ြာျပီေဟ႔ ဆုိတာနဲ႕…..စက္ဘီးကိုယ္စီနဲ႕ သယ္ခ်င္းေလးေတြနဲ႕ စက္ဘီးေလွ်ာက္စီးတတ္တယ္…မုိး႐ြာေတာ႕ တစ္ခါတစ္ေလ…. မုိးမ်ားရင္ေက်ာင္းေတြပိတ္တယ္ေလ…..မုိးေအးေအးနဲ႕ ကုတင္ေပၚမွာ ေကြးလုိ႕ေကာင္းေပါ႕ေနာ္…. ငယ္႐ြယ္တဲ႕ သူမို႕လုိ႕ ေက်ာင္းမ်ားမ်ားပိတ္ေလ ၾကိဳက္ေလေပါ႔… ျမလႊာ မွတ္မွတ္ရရ မုိးကိုေက်းဇူးတင္ခဲ႕ဘူးတယ္…….ျမလႊာရဲ႕ ငယ္ငယ္က အျဖစ္ပ်က္ေလးကို သတိရမိလုိ႕..အားလုံးကိုေျပာျပမယ္ေနာ္….. ျမလႊာတုိ႕ အထက္တန္းေက်ာင္းသူ ဘ၀တုန္းကေပါ႔…..ပထ၀ီသင္တဲ႕ ဆရာမတစ္ေယာက္႐ွိတယ္…. သူက..သူစာေမးေတာ႕မယ္ေန႔ဆုိ….ဘယ္လုိဆင္ေျခမ်ိဴးကုိမွ လက္မခံဘူးေလ…. တစ္ရက္က ျမလႊာေနမေကာင္းလုိ႕ ေက်ာင္းတစ္ရက္ပ်က္တယ္…… ျမလႊာေက်ာင္းျပန္တက္တဲ႕ ေန႕ က ..အဲဒီဆရာမ စာေမးမယ္႕ေန႔ေပါ႔ေနာ္….. မုိးေတြကလည္း႐ြာေနတယ္….ျမလႊာလည္း ေက်ာင္းကိုေရာက္မွ ဆရာမစာေမးမယ္ဆုိတာကို သိလုိက္ရတယ္…. အဲဒီ ဆရာမ စာေမးမယ္႕ အခ်ိန္ေရာက္လာဖုိ႕ နီးကပ္ေလေလ……ျမလႊာ ရင္ေတြတုန္ရေလေလ ေပါ႕ေနာ္….. ေဟာ…ေရာက္လာပါေရာ… ဆရာမကစာေမးေတာ႕မယ္ေပါ႕….ျမလႊာလည္း ဆုေတာင္းလုိက္ရတာ အေမာပါပဲ….. ဆရာမက စာေမးမယ္လုပ္ျပီးမွ မုိး႐ြာလုိ႕ လူမစံုလုိ႔ မေမးေတာ႔ဘူးတဲ႕ေလ….အဲဒီတုန္းကေတာ႕ ျမလႊာ မုိးကိုေက်းဇူးတင္မိတယ္…. ဒါေပမယ္႔ အ႐ြယ္ေရာက္လာေတာ႕ ျမလႊာ မိုးရာသီကို မခ်စ္ေတာ႕ဘူး….ဘာလုိ႕လဲဆုိေတာ႕ မုိး႐ြာရင္ အလုပ္အကိုင္ေတြ ပ်က္ၾကလုိ႕ေလ….. တစ္ေန႔ေပါ….. မုိးေတြကလည္း႐ြာေနတယ္….. ျမလႊာလည္း႐ံုးကိုမသြားေတာ႕ ဘူးဆုိျပီး ခြင္႕တုိင္လုိက္တယ္ေလ…… အိမ္မွာပဲေနမယ္ေပါ႕ေနာ္….. ျပတင္းေပါက္ကေနျပီး မုိး႐ြာတာကိုၾကည္႕ေနတုန္း….. ၾကိမ္႕မုန္႕ဆုိျပီး ေအာ္သံၾကားတယ္….. ျမလႊာၾကည္႕လုိက္ေတာ႕ ၾကိမ္႕မုန္႕အသယ္ေလ….. ၾကိမ္႕မုန္႕ဆုိတာက ဆန္နဲ႕လုပ္ထားတဲ႔ မုန္႕တစ္မ်ိဳးေလ….အရမ္းစားလုိ႔ေကာင္းတယ္…. ျမလႊာ သနားမိတယ္…. ဘာလုိ႕လည္းဆုိေတာ႕ အဲဒီ ၾကိမ္႕မုန္႕သယ္က ဗိုက္ၾကီးၾကီးနဲ႔ေလ…ျမလႊာ အရမ္းသနားမိတယ္…..သနားဖုိ႕လည္းအရမ္းေကာင္းတယ္…. မုန္႕စားခ်င္တာက နည္းနည္း….အဲဒီမုန္႕အသယ္ၾကီးကိုသနားတာက မ်ားေနတယ္…. ေမေမ႕ကို ပူဆာေတာ႕တာေပါ႕…..ေမေမက ၀ယ္ေကြ်းမယ္ေခၚလုိက္တဲ႕ေလ….ျမလႊာ အသယ္ၾကီးကို စပ္စုၾကည္႕တယ္….. သူကမုိး႐ြာလုိ႕ သူအလုပ္ပ်က္တယ္ဆုိတဲ႕ အေၾကာင္း… ဘယ္လုိဒုကၡေရာက္တယ္ဆုိတဲ႕ အေၾကာင္း….မုန္းေတြေရာင္းမကုန္လုိ႕ စိတ္ညစ္တယ္ဆုိတဲ႕ အေၾကာင္း..သူရဲ႕ သနားစရာ အေၾကာင္းေတြကို ျမလႊာ နားေထာင္မိတယ္….. ျမလႊာမုိးရာသီကို မုန္းသြားမိတယ္….. မုိး႐ြာရင္ လူေတြေအးေဆးတယ္ဆုိတာမွန္ပါတယ္…. ဒါေပမယ္႕ မုိး႐ြာလုိ႕ လူေတြဒုကၡေတြေရာက္ၾကတယ္ဆုိတာ ႐ွိပါလားလုိ႕ ေတြးလုိက္မိတယ္…. ဒါေပမယ္႕…ျမလႊာ မိုးသီခ်င္းေလးေတြကိုေတာ႕ သိပ္ၾကိဳက္တယ္…. "မိုးေရသိပ္လြမ္းတယ္…." " မုိးေတြ႐ြာေနခ်ိန္တုိင္း…ဒီရင္မွာလြမ္း….." မိုး႐ြာေနတုန္း မုိးနဲ႕ ပတ္သတ္တဲ႕ သီခ်င္းေတလးေတြကို နားေထာင္ရတာကို အရမ္းၾကည္ႏူးမိတယ္…..နားေထာင္ၾကည္႕ၾကေနာ္………











