myalwar.blogspot.com

Monday, September 3, 2007

ဟိုနေ့ကပွဲကလေး....

အဲဒီနေ့က August 31st လေ... ကမ္ဘာ့ Blog Day ပေါ့... မြလွှာတို့ ရွှေမန်းလေးမြို့ကြီးမှာတော့ World Blog Day အခမ်းအနားကို အဲဒီနေ့က ကျင်းပကြတယ်.. Blogger တွေတော်တော်များများ တက်ရောက်ကြတယ်… Blog ဆိုတာကို စိတ်ဝင်တစား တက်ရောက်တဲ့ သူတွေလည်း တော်တော်များတယ်… ပျော်စရာအစီအစဉ်တွေလည်းပါတော့ ပိုလို့တောင်မှ တက်ရောက်သူများပါတယ်… လူတွေကများ ၊ အလုပ်တွေက ရှုပ်ဆိုတော့ မြလွှာ Post တွေတင်ချင်ပေမယ့် မအားဘူးဖြစ်နေတယ်… မြလွှာဒီနေ့မှ ပဲတင်နိုင်တော့တယ်.. အဲဒီနေ့က မြလွှာ လည်းအရမ်းကြည်နူးမိတယ်…. တခြား မြလွှာတို့လို Blogger မောင်နှမတွေလည်း… မြလွှာကြည်နူးရသလို… ပီတိဖြစ်ရသလို… ခံစားရမယ်လို့လည်း မျှော်လင့်မိပါတယ်… ဒါလေးတွေကတော့ အဲဒီနေ့က အမှတ်တရပုံလေးတွေပေါ့နော်…..





1 comment:

Unknown said...

ပုံလေးတွေ ကြည့်တာနဲ့ကို တော်တော်ပျော်စရာ ကောင်းမှန်း ခံစားမိတယ်..မြလွှာလေးရေ..