မြလွှာခုတလော..ဘာတွေဖြစ်နေတယ်မသိဘူး..... နေမကောင်း ကလည်း ဖြစ်လိုက်သေးတယ်....စာသင်ရတဲ့ အတန်းချိန်တွေကလည်း ဆက်တိုတ်တွေဖြစ်နေတော့...... မြလွှာမအားဘူးဖြစ်နေတယ်.... ပြီးတော့ ဒီကြားထဲမှာ မြလွှာဘာစာအုပ်မှလည်း မဖတ်ဖြစ်ဘူး....သီချင်းလေးတွေပဲနားထောင်ဖြစ်နေတယ်..... သီချင်းလေးတွေနားထောင်ဆို... မြလွှာမှာချစ်ဖို့ကောင်းတဲ့ MP3 Player လေးတစ်ခုရှိလာလို့လေ...... မြလွှာကြိုက်တဲ့ သီချင်းတစ်ပုဒ်ရှိတယ်.... မြလွှာအရမ်းသဘောကျတဲ့ အဆိုတော်ပေါ့နော်... ယုဇနလေ..... တစ်ချို့ကလည်းပြောကြတယ်... မြလွှာက မြလွှာနဲ့တူလို့ သဘောကျတာတဲ့လေ... ဘာမှန်းတော့သိဘူး... သူရဲ့သီချင်းတွေဆို မြလွှာတော်တော်ကြိုက်တယ်ရှင့်....သူဆိုထားတဲ့ သီချင်းတစ်ပုဒ်ဆိုရင်..မြလွှာခုတလော... တော်တော်လေးကို ညည်းတွားဖြစ်နေမိတယ်.... သီချင်းထဲမှာ အဓိက ဆိုထားတာက ...ကောင်မလေးပေါ့နော်... သူက သူချစ်တဲ့ကောင်လေး..... သွားတဲ့ဘယ်နေရာမဆိုလိုက်မယ်တဲ့လေ... အရမ်းချစ်တတ်တဲ့ကောင်မလေးတစ်ယောက်အနေနဲ့ပေါ့..... သူကိုထားခဲ့မှာ ကိုသေမလောက်ကြောက်ပါတယ်တဲ့ ....သူသိပ်ချစ်တဲ့ကောင်လေးကသူနဲ့ဝေးနေတဲ့....ဝေးတာမှ မိုင်ပေါင်းများစွာ ဝေးနေတဲ့နေရာကို ရောက်နေတာလေ........ကောင်လေး...ဘယ်လိုမျိုး အခက်အခဲတွေ ရှိနေပါစေ ... အခက်အခဲတွေနဲ့ ရင်ဆိုင်ရလို့.. ဘယ်လိုလူတွေပဲ... စွန့်ခွာသွား..စွန့်ခွာသွား....သူ့ကောင်လေးဘေးမှာအမြဲတမ်းရှိနေပေးမယ်တဲ့လေ...သူတို့နှစ်ယောက် ဘယ်လောက် ဝေးကွာတဲ့နေရာတွေမှာပဲ ...ရှိနေပါစေ...အဓိကကတော့..စိတ်ပေါ့နော်... အဲဒီစိတ်တစ်ခုထဲ...မိုင်ထောင်ချီ ကွာဝေးနေတဲ့ စိတ်နှစ်ခုကို နီးစပ်သွားအောင် လုပ်ပေး နိုင်ပါတယ်တဲ့လေ.... အရမ်းနားထောင်လို့ကောင်းတယ်သိလား.... မြလွှာနားထောင်ပြီး... ခံစားမိတာလေးကို .....အားလုံးကို မျှဝေပေးလိုက်တယ်နော်....သီချင်းအမြည်းလေး... နားထောင်ကြည့်ကြနော်...မြလွှာအသံကတော့ ကောင်းဘူးနော်....
~~~မထားခဲ့နဲ့...
~~~မထားခဲ့နဲ့...
ဘယ်နေရာမဆို မင်းသွားတဲ့နောက်လိုက်မယ်...
ဘယ်အချိန်ပြန်လာပါစေ... အမြဲတမ်းမင်းအနားရှိမယ်...
အမြဲတမ်းမင်းရဲ့အနားရှိချင်တယ်...
ဘယ်လိုပင်ဝေး...~~~
ယုံကြည်မယ်....နှစ်ယောက်သားမခွဲတမ်းနောက်မဆုတ်ကြေး...
ဘယ်လိုအခက်အခဲများကြောင့် စိတ်မှာမတွေး....ရေး.....
ချစ်တဲ့စိတ်ကမိုင်ပေါင်းများစွာ နီးစေ...
ချစ်တဲ့စိတ်နဲ့ ဆုတောင်းများစွာပြည့်စေ...
ရင်မှာယုံကြည်ချက်များ တစ်နေ့တော့ရှင်သန်ရမယ်... ချစ်ရေ....~~~~


5 comments:
အဲဒီသီချင်းလေးကို Upload လုပ်ပြီး တင်မပေးချင်ဘူးလားဟင် :P
Right!
Love can create anything.
How many miles are far between each other,Miles will be ignore with real LOVE.
မြလွှာလည်း မြလွှာခံစားမီတာလေးကို မှဝေပေးလိုက်တာပါနော်..
သီချင်းနားထောင်ချင်တယ်ဆိုရင်.. မြလွှာတင်ပေးပါ့မယ်.... ခုတော့သိပ်မအားသေးလို့ ခဏစောင့်နော်..... အချစ်ဆိုတာ အရာရာကို ဖန်တီးနိုင်တယ်ဆိုတာ သိပ်မှန်တာပေါ့ရှင်... အချစ်ကြောင့်ပဲ လူတွေမှာ ခံစားမှုဆိုတာဖြစ်လာရတာပါ......အချစ်က အရာရာကို ကျော်လွှားနိုင်စွမ်းလည်း ရှိတယ်ရှင့်.....
အပေါ်က ဘန်နာ က ပုံကမမြလွှာရဲ့ပုံလား။ ဟုတ်တယ် ယုဇနနဲ့တော့တော်တော်ဆင်တယ်။
Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Notebook, I hope you enjoy. The address is http://notebooks-brasil.blogspot.com. A hug.
Post a Comment