ပြုံးတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ…တစ်ချို့ကဘာရယ်မှန်းမသိဘူး…မျက်နှာကြီးကို တည်တည်ကြီးထားတတ်တယ်…တစ်ချို့ကကျတော့ မျက်နှာကြီးကို ဆူဆူပုပ်ပုပ် ကြီးထားတတ်တယ်…..ကျွန်မ အရင်ကဆိုရင်မျက်နှာကို ဆူဆူပုပ်ပုပ် ကြီးနဲ့ပဲ နေတတ်တယ်။... အဲဒီတော့ တစ်ချို့က ကျွန်မကို မာန ကြီးတယ်လို့ထင်ကြတယ်… ကျွန်မဆိုရင် မခေါ်ရဲ မပြောရဲ သလိုလို ဆက်ဆံကြတယ်…. ပြီးတော့ကျွန်မတို့ဟာ လူမှုပတ်ဝန်းကျင်မှာ နေထိုင်ဆက်ဆံနေကြတဲ့ သူတွေဖြစ်လို့ လူမှုဆက်ဆံရေး ကိစ္စဟာလည်း ကျွန်မတို့အတွက် မရှိမဖြစ် အရေးပါလာပြန်ရော…. မျက်နှာ ဆူဆူပုပ်ပုပ်ကြီးထားတဲ့သူနဲ့ မျက်နှာလေးပြုံးချိုနေတဲ့သူ နှစ်ယောက် ယှဉ်တွဲပြီးလာကြပြီ ဆိုပါစို့…ကျွန်မတို့ ဘယ်လိုလူမျိုးကို အရေးပေးဆက်ဆံမည်နည်း..???? ကျွန်မကိုယ်တိုင် ခံစားကြည့်လိုက်မိသည်…ကျွန်မဆိုရင်လည်း မျက်နှာလေးပြုံးချိုနေသူကိုပဲ ဦးစားပေးဆက်ဆံ လိုက်မည်…မျက်နှာကြီးဆူပုပ်နေသူ ဆိုရင်ဘယ်သူကမှ အရေးတယူလုပ်ပြီး မဆက်ဆံချင်ကြဘူးလေ…တစ်ချို့ကကြတော့ ရှေ့မှာ ကြောက်သလိုလိုနဲ့လေ… နောက်ကွယ်ကြတော့ " သူလုပ်စာပဲ စားနေသလိုလို " အတင်းကမျိုးစုံ ပြောချင်ကြသေးသည်.. လူ့သဘာဝကိုး……ခုဆို သီချင်းလေးတစ်ပုဒ်တောင်မှ ရှိသေးသည်… " အမြဲတမ်းပြုံးနေလိုက်ပါ… ရိုးရိုးလေးမင်းမျက်နှာ ကမ္ဘာကျော်တွေတောင် မမှီနိုင်ဘူးကွာ" တဲ့လေ.. "မာသာထရီဇာ " ပြောခဲ့ ဘူးတာလေးလည်းရှိတယ် ရှင့် ၊ " ပြုံးပါ၊ သင့်ဇနီးကို ပြုံးပါ၊ သင့်ခင်ပွန်းကို ပြုံးပါ၊ တစ်ဦးကို တစ်ဦး ပြုံးပါ၊ သင် မည်သူမည်ဝါ ဆိုသည်မှာ အရေးမကြီးပါ၊ တစ်ဦး ကို တစ်ဦး ပြုံးပြခြင်းဖြင့် ကြီးမားသော ချစ်ခြင်းမေတ္တာတို့ ရှင်သန်နိုးကြား လာပါလိမ့်မည်" လူတိုင်းက လိုလားနေကြတဲ့ အပြုံးမျက်နှာလေးကို ကျွန်မတို့ အတတ်နိုင်ဆုံးကြိုးစားပြီး နေကြည့်ကြမယ်ဆိုရင်………………..
Sunday, May 27, 2007
ပြုံးပြုံးလေးနေလိုက်ပါ…..............
Subscribe to:
Post Comments (Atom)
2 comments:
ပြုံး တိုင်း ပျော် နိုင် ပါစေ ခင်ဗျာ ။
တို့ကအမြဲ တမ်းပြုံးနေတာပါနော်...စိတ်ချမ်းသာလို့လေ....ပြုံးပြုံးလေးနေရတာ...
Post a Comment