ဆရာတော် အရှင်ဆန္ဒာဓိက ရေးတာလေ။ ကျွန်မကြိုက်နှစ်သက်တဲ့ စာအုပ်လေးပေါ့ ။ ဒီစာအုပ်လေးကို မဖတ်ခင်က ဘာကိုဆိုလိုမှန်း ရည်ရွယ်မှန်း မသိခဲ့ဘူး၊ ဖတ်ရင်းဖတ်ရင်းနဲ့မှ ကျွန်မစိတ်မှာ တဖြည်းဖြည်းနဲ့ နားလည်လာရတယ်။ ကျွန်မကြိုက်တဲ့ စသားလေးတွေရှိတယ်၊
" တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ
ခွဲခွာရမယ့် အတူတူတော့
အစကတည်းက မဆုံတွေ့ဖြစ်ခဲ့ကြရင်
ပိုကောင်းမှာပဲနော်..
ဒါပေမယ့် လည်းကွယ်…….
တို့သတ္တ၀ါတွေအားလုံးဟာ
ကံဇာတ်ဆရာ ညွှန်ကြားတဲ့အတိုင်း
ကပြသရုပ်ဆောင်ကြရတဲ့
သံသရာဇာတ်စင်ပေါ်က
စင်တင်ဇာတ်လိုက်တွေ မဟုတ်လား
ကံက ဆုံတွေ့ ခိုင်းတော့လည်း
တို့တတွေ ဆုံတွေကြရမှာပေါ့….
ကံကလမ်းခွဲခိုင်းတော့လည်း
တို့တတွေလမ်းခွဲ ကြရတာပေါ့၊
ဆုံတွေ့ ခိုက်မှာ ပုံမမေ့လိုက်ပါနဲ့ လား…… တဲ့လေ။
အရမ်းသဘောကြမိတယ်။ လူတွေအားလုံးဟာ ခွဲခွာခြင်းမျိုးစုံနဲ့ လမ်းခွဲကြရတာချည်းပါပဲ။ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းနှင့် သေခွဲခွဲရတဲ့လမ်းခွဲခြင်း ဒါပဲခြားနားတယ်။ ဘယ်လိုပဲ လမ်းခွဲလမ်းခွဲ မေတ္တာရှေ့ထားပြီး လမ်းခွဲကြမယ်ဆိုရင် အဲဒီလမ်းခွဲခြင်းဟာ ၀မ်းနည်းစရာ ကောင်းတဲ့ လမ်းခွဲခြင်းမျိုး ဘယ်ဟုတ်တော့မလဲနော်… မေတ္တာမဲ့ ပြီးလမ်းခွဲမယ်ဆိုရင်…..
" မေတ္တာ တိမ်းပါးလို့
စိမ်းကားစွာ လမ်းခွဲခဲ့ ကြပြီဆိုမှဖြင့်
ဝမ်းနည်းစရာအဖြစ်အပျက်တွေပဲ
အသစ်ဆက်ပေါ်လာတော့မှာပေါ့….
အခုတော့လည်း…..သူစိမ်းတွေလိုပါပဲလား……
No comments:
Post a Comment