myalwar.blogspot.com

Thursday, August 16, 2007

လူတစ်ဦးရဲ့အဆင့်အတန်းလေး...

မြလွှာ တို့လူတိုင်းလူတိုင်းက အဆင့်အတန်း မြင့်မြင့်နေချင်ကြတာပေါ့နော်… အဆင့်အတန်း မြင့်တဲ့ သူတွေဆိုရင်… လူတွေက အင်မတန်လေးစားကြတယ်… အင်မတန်လည်း စိတ်ဝင်စားကြတာပေါ့နော်… သူက အဆင့်အတန်း ဘယ်လောက်..ကိုယ်က အဆင့်အတန်း ဘယ်လောက်…..ဆိုပြီး…. အမြဲတွေးတတ်ကြတယ်.. အဆင့်အတန်းနိမ့်နေတဲ့ သူတွေဆိုရင်… လူတိုင်းက လေးလေးစားစား… မဆက်ဆံတတ်ကြဘူးနော်… စဉ်းစားစရာကောင်းတာက… အဲဒီ အဆင့်အတန်းကို မြလွှာတို့ ဘာနဲ့ တိုင်းတာကြမလဲ….. ??? ဘာနဲ့ ဆုံးဖြတ်ကြမလဲ ?? …. ငွေ၊ ဂုဏ် ၊ရာထူးတွေနဲ့ တိုင်းတာမှာလား…. အသိဥာဏ်၊ အကျင့်စာရိတ္တ ၊ ကိုယ်ကျင့်တရား တို့နဲ့…တိုင်းတာမှာလား…. စိတ်နေသဘောထား အသိဥာဏ်မြင့်မားလာလေလေ သဘောထားတွေကြီးလာလေလေပေါ့နော် ။ သဘောထားတွေကြီးလာပြီဆိုရင်တော့ မြလွှာတို့ထက် အဆင့်အတန်းမတူညီတဲ့ သူတွေကိုလည်း မုဒိတာများများထားနိုင်မှာ ဖြစ်ပါတယ် ။ လူတစ်ယောက်ရဲ့ ဘ၀အဆင့်အတန်းဟာ လူတစ်ယောက်ရဲ့ ဘ၀အခြေအနေကို ဆွဲဆောင်ပေးနိုင်ပါတယ် ။ ဘ၀ဆိုတာ စိတ်ထားနဲ့တန်သလို ဖြစ်တတ်ပါတယ်တဲ့လေ ။ ကိုယ်ရဲ့တန်ဖိုးဟာနိမ့်နေမယ်ဆိုရင်တော့ နိမ့်တဲ့ဘ၀ အခြေအနေကိုပဲပိုင်ဆိုင်မှာဖြစ်ပါတယ် ။ မြလွှာတို့မှာ ရှိတဲ့အသိဥာဏ်နဲ့ စိတ်ဓာတ်တွေမြင့်မားသွားလေလေ၊ လောကကြီးဟာ ပိုပြီးနက်နဲလာလေလေပါပဲ။ ကိုယ့်ရဲ့တွေးခေါ်နိုင်တဲ့ စွမ်းရည်မြင့်မားလာတာနှင့်အမျှ လောကကြီးဟာလည်း ပိုပြီးကြီးကျယ်လာပါလိမ့်မယ်။ တကယ်တော့ လူတစ်ဦးစီမှာကိုယ့်စိတ်နဲ့၊ ကိုယ်အသိဥာဏ်နဲ့ ကိုယ်မြင်ရ၊ သိရ၊ ခံစားရတဲ့ ကိုယ်လောကထဲမှာ ကိုယ်စီနေနေကြတာပါ။ စိတ်ဓာတ်ချင်း၊ အသိဥာဏ်ချင်း မတူရင် လောကချင်းလည်း မတူနိုင်ပါဘူး။ သူနိမ့်မှကိုယ်မြင့်မယ်လို့ သဘောထားတာဟာ အင်မတန်သေးသိမ်တဲ့ သဘောထားဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုသေးသိမ်သွားအောင် လုပ်ချင်ပါသလား။ ကိုယ့်ကိုအောက်တန်းကျတဲ့လူဖြစ်သွားအောင် သူများလုပ်လို့ မရနိုင်ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်လို့ရတယ်။ တခြားသူ လုပ်ယူလုပ်ယူလို့ မရနိုင်ပါဘူး။ မြလွှာ ရလိုက်တာလေးကို အားလုံးကို မျှဝေလိုက်တယ်နော်…..


1 comment:

သန့်ဇော်မင်း said...

အိမ်း.... ကောင်းလေစွ.. ကောင်းလေစွ.. :D