မြလွှာ ဒီနေ့ ဘယ်လိုဖြစ်တယ်မသိဘူး.... သူများ tag လုပ်တာတွေကိုပဲ ခံနေရတယ်... စောစောစီးစီး...မောင်လေးပုဂံသားက tag လုပ်ထားပါတယ်တဲ့..... သူ tag ထားတာကို ဖြေပြီးလို့မှ မပြီးသေးဘူး....မမလေးမက မြလွှာရဲ့ cbox မှာ လာအော်တယ်... သူလည်း မြလွှာကို tag ထားပါတယ်တဲ့လေ.... အဲဒါ သူအော်လို့မှ မဆုံးသေးဘူး.... မောင်လေး Calculator က မြလွှာကို tag ထားပြန်ရောတဲ့... .ဒီနေ့ ဘယ်လိုတွေ ဖြစ်နေပါလိမ့်... မမလေးမရေ... မမ tag တာကတော့ မောင်လေးပုဂံသားနဲ့ တူလို့ မြလွှာ တူတူပဲ ပေါင်းဖြေလိုက်တော့မယ်နော်.... မြလွှာကို စိတ်ဆိုးနဲ့အုံး..... မောင်လေး Calculator ရေ... မောင်လေးရဲ့ tag ကိုမြလွှာ ဖြေမယ်နော်....
မြလွှာက အိမ်ကနေ နေ့တိုင်း အကြိုအပို့ လုပ်ပေးနေတာဆိုတော့..အမှန်ပြောရရင်.. မြလွှာ အဲဒါတွေကို သိပ်မသိဘူး.... မြလွှာ မစပ်စုမိတာလည်း ပါမှာပေါ့နော်... မောင်လေးမေးထားတဲ့ tag မေးခွန်းတွေကို မြလွှာ မသိဘူးဖြစ်နေတယ်... နောက်တစ်ခါ မြလွှာသိတာလေးတွေကိုပဲ... tag လုပ်နော်....

No comments:
Post a Comment