myalwar.blogspot.com

Wednesday, July 11, 2007

(၃) မိနစ်ပဲစောင့်…….

မြလွှာအရင်က စိတ်အင်မတန်ဆိုးတယ်… စိတ်လည်းအင်မတန်ကောက်တတ်တယ်…. စိတ်ဆိုးတယ်ဆိုတာက သူများအပေါ်မှာ မကောင်းတဲ့စိတ်ထားတာ မဟုတ်ဘူးနော်…. စိတ်ကြီးတယ်လို့ ပြောရမှာပေါ့နော်… အတ္တ ၊ မာန်မာန တွေနဲ့ ပြည့်နေတဲ့ သူတစ်ယောက်ပေါ့…. အဲဒီတုန်းက မြလွှာကို ကြည့်ရတာ အရမ်းပူလောင်တယ်တဲ့လေ…. သူများက တစ်ခုခု ပြောလာရင်…လုံးဝသည်းခံချင်စိတ် မရှိခဲ့ဘူး….အဲဒီတော့ ဘာဖြစ်လာသလဲ…. ??? မြလွှာပဲ ပေါင်းသင်းဆက်ဆံရေးတွေညံ့ဖျင်းလာခဲ့ရတယ်….. လမ်းမှာတွေ့ရင်တောင်မှ ကိုယ့်ရဲ့မျက်နှာက တည်နေလို့….. ခေါ်မယ့်ပြောမယ့်သူမရှိလောက်အောင်ပါပဲ……. ကိုယ့်ထမင်းကိုစားပြီးတော့….. ဘယ်သူက သည်းခံချင်မှာလဲနော်….. ပြီးတော့ ကိုယ့်အပေါ်ကို တစ်ခုခု ပြောလာခဲ့ရင်…. ချက်ချင်း Response ပေးချင်မိတယ်…. စိတ်ထဲရှိတဲ့အတိုင်း… စိတ်တိုနေတဲ့ အချိန်၊ စိတ်ရှုပ်နေတဲ့ အချိန်…. စိတ်ရိုင်းဝင်နေတဲ့ အချိန် မျိုးးတွေဆိုရင်တော့……. အမှားတွေပြော… အမှားတွေလုပ်မိတော့တာပေါ့….. နောက်တော့ မြလွှာရဲ့ဆရာတစ်ယောက်က မြလွှာကို ပြောပြတယ်… သမီးစိတ်ဆိုးတော့မယ်….ဒေါသထွက်လို့… တုန့်ပြန်တော့မယ်ဆိုရင်… ချက်ချင်းမဆောင်ရွက်ပါနဲ့တဲ့လေ… သွေးပူနေတော့…. အမှားတွေပြော.. အမှားတွေ ပါတတ်ပါတယ်တဲ့…. အချိန်နည်းနည်းလေးစောင့်လိုက်ပါတဲ့လေ…. မြလွှာလည်း အစက နားမလည်ခဲ့ဘူး…..ဆရာကပြောတယ်…. “ ၃မိနစ်ပဲစောင့်” တဲ့….. မြလွှာလည်း ဘာပါလိမ့်ပေါ့….. TV မှာကြော်ငြာနေတဲ့ ခေါက်ဆွဲကြော်ငြာလားပေါ့နော်… ပြီးမှ….. ဆရာက စိတ်တိုလို့… ပြန်တုံ့ပြန်တော့မယ်ဆိုရင်…. ၃မိနစ် စောင့်လိုက်ပါတဲ့လေ…. အဲဒီ ၃မိနစ် ဆိုတဲ့ အချိန်လေးဟာ… တစ်ဘ၀လုံးအတိုင်းအတာနဲ့ ဆိုရင် ဘာမှ မပြောပလောက်ပါဘူးတဲ့…. ဟုတ်သားပဲနော်…. အဲဒီ ၃မိနစ် ပြည့် လို့မှ….. သေချာ စဉ်းစား ဆုံးဖြတ်ပြီးမှ ဆောင်ရွက်ပါတဲ့….. အဲဒီလို ဆောင်ရွက်လိုက်လို့…… မြလွှာတို့.ဘာမှ ဆုံးရှုံးမှု မဖြစ်ပါဘူးတဲ့လေ….. မြလွှာကိုယ်တိုင်လည်း…. အကျိုးကျေးဇူးတွေ အများကြီးရလာရတယ်…. အရင်ကထက် ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းလာတယ်…… အဲဒီတော့… မြလွှာကတော့…စိတ်ဆိုးတော့မယ်ဆိုရင်.. “၃မိနစ်ပဲ စောင့်နော်”……….

2 comments:

Chan Mya Soe said...

ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် မမြလွှာ
ကျွန်တော်လည်း ထစ်ကနဲဆို စိတ်ဆတ်တတ်တဲ့ အကျင့်ကို ပြင်နေဆဲပဲ :)

ကျန်းမာပျော်ရွှင်ပါစေ

Unknown said...

အင်းး တော်တော်လေး မှတ်သားလောက်ပါဒယ် ၃မိနစ်ပဲစောင့်.. သိုင်းကျူး မြလွှာလေးး မအားတဲ့ကြားက တင်ပေးတာ.. :)))