myalwar.blogspot.com

Tuesday, July 17, 2007

တစ်တို့ နှစ်တို့.... မြည်းကြည့်ကြပါနော်..

မြလွှာခု စာအုပ်လေးတစ်အုပ်ကို ဖတ်မိတယ်.. စာအုပ်လေးကတော့ ဆရာရဝေနွယ် (အင်းမ) ရေးထားတဲ့ စာအုပ်လေးပါပဲ.. ဘာများလဲပေါ့.. မြလွှာဖတ်လိုက်တဲ့ စာအုပ်လေးက သေးသေးလေးရယ်ပါ.. အမှန်ပြောရရင်.. မြလွှာ စာအုပ်လေးရဲ့ အပြင်ပန်းကိုကြည့်ပြီး.. နည်းနည်းအထင်သေးလိုက်မိတယ်.. ဖတ်ပြီးမှ.. မြလွှာထင်တာ မှားနေပါလားဆိုတာ သိလာရတယ်.. တစ်ခါတစ်လေကျရင်.. တစ်ချို့ကိစ္စတွေဟာ.. အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူးနော်.. .. လောကကြီးမှာ အေးမြခြင်းနဲ့ ပူလောင်ခြင်းဟာ အမြဲပဲဒွန်တွဲနေတယ်... အေးမြခြင်းရှိရင်.. ပူလောင်ခြင်းဆိုတာ.. ဖြစ်လာမှာပဲလေ.. အပူလောင်ဆုံးကတော့ ဒေါသမီးပါပဲ.. ဒေါသမီးလောင်ကျွမ်းရင်.. အင်မတန်မှ ပူလောင်လှပါတယ်.. .ကိုယ်သဘောမတွေ့တဲ့ အာရုံတွေ့တိုင်း ဒေါသဖြစ်နေမယ်ဆိုရင်.. ဒေါသဆိုတာက ဖြစ်လို့ကိုဆုံးမှာမဟုတ်တော့ ပါဘူး... စကားကို ဟိုပြောဒီပြော ပြောတတ်တဲ့သူနဲ့တွေ့ရင် “ သြော်... သူကစကားကို ဟိုပြောဒီပြော ပြောတတ်တဲ့ စရိုက်ရှိတဲ့သူပဲလေ” ဆိုပြီးသည်းခံခွင့်လွှတ်ရမယ်.. နာမည်ယူတတ်တဲ့ သူကိုတွေ့ရရင်လည်း.. “ သြော်... သူကနာမည်ယူတတ်တဲ့ စရိုက်ရှိတဲ့သူပဲလေ” ဆိုပြီး သည်းခံခွင့်လွှတ်ရပါတယ်... မနာလိုဝန်တိုတတ်တဲ့.. သူကိုတွေ့ရတဲ့အခါမှာလည်း.. “ သြော်.. သူက မနာလိုဝန်တိုတတ်တဲ့ စရိုက်ရှိတဲ့သူပဲလေ” ဆိုပြီးသည်းခံခွင့်လွှတ်ရပါမယ်.. စပ်စုတတ်တဲ့သူကို တွေ့ရတဲ့ အခါမှာလည်း.. “ သြော်.. သူကစပ်စုတတ်တဲ့ အကျင့်ရှိလို့ပဲလေ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်.. ‘ဒီလိုပါပဲ... လူတွေရဲ့ဖြစ်တတ်တဲ့စရိုက်ကို အာရုံပြုပြီး.. “ စရိုက်ဆိုတာ ပယ်ရခက်တယ်လေ ဆိုပြီး.. သည်းခံခွင့်လွှတ်ရပါတယ်.. ကိုယ်လုပ်နေသမျှ ကာလ တစ်လျှောက်လုံးမှာ.. ကိုယ်သဘောမတွေ့တဲ့ အာရုံတွေကတော့... တစ်ခုမဟုတ် တစ်ခုတွေ့နေရမှာပါ.. ကိုယ်သဘောမတွေ့တဲ့ အာရုံတစ်ခုနဲ့ တွေ့တိုင်း ခန္တီကို လက်ကိုင်ပြီး... ရှေ့ကို ဆက်ရမှာပါ... သည်းခံဖူးမှ သည်းခံခြင်းရဲ့ အရသာကို သိတာပါ... ခွင့်လွှတ်ဖူးမှ ခွင့်လွှတ်ခြင်းရဲ့ အရသာကို သိတာပါ.. ကိုယ်က အဲဒီအရသာကို သိချင်ရင် သည်းခံခြင်း နဲ့ ခွင့်လွှတ်ခြင်းတို့ကို တစ်တို့ နှစ်တို့ လောက်တော့ မြည်းကြည့်သင့်ကြပါတယ်နော်... မြလွှာပြောတာ ဟုတ်တယ်ဟုတ်.. အရသာကို ကောင်းကောင်းသိသွားရင်တော့... ခွင့်မလွှတ်ရမနေနိုင်လောက်အောင်ကို ဖြစ်သွားပါလိမ့်မယ်.... ပြီးတော့.. အချစ်ဝတ္ထုရေး ဆရာတွေက မကြာခဏရေးလေ့ ရှိတဲ့စာပိုဒ်တစ်ပိုဒ်ရှိပါတယ်တဲ့လေ.. ကမ္ဘာကြီးဟာ အမှန်တကယ်လုံးပြီး... ၂၃၁/၂ ဒီဂရီတိမ်းစောင်းပြီး... ၂၄နာရီ တစ်ပတ်လည်နေခဲ့ရိုး.. မှန်ခဲ့ရင်... ကျောခိုင်းပြီးခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ... တစ်ချိန်ချိန်မှာ မျက်နှင်ချင်းဆိုင်ပြီး ပြန်တွေ့ကြပါလိမ့်မယ်တဲ့လေ... အချစ်ဝတ္ထုရေးဆရာတွေက.. သိပ္ပံသဘာဝကို ကိုင်ပြီးရေးကြတာပါ... ကံကြမ္မာသဘောတရားအရလည်း လူနှစ်ယောက်ဟာ နိဗ္ဗာန်မရသေးသမျှ တစ်ချိန်ချိန် တစ်နေရာရာမှာ ပြန်လည်တွေ့ဆုံကြရဦးမှာပါ.. အဲဒီလိုမျက်နှာချင်းဆိုင် ပြန်လည်တွေ့ဆုံကြရတဲ့ အခါ... ဘယ်လိုမျက်နှာတွေနဲ့ ဆုံကြမလဲ ၊၊ အဲဒီအခါ သူကလည်းအပြုံး ကိုယ်ကလည်းအပြုံးနဲ့ နှုတ်ဆက်လိုက်ကြတဲ့ အချိန်ဟာ ကမ္ဘာလောကကြီးရဲ့.. တစ်နေရာမှာ အလှဆင်လိုက်ကြတာပါ.. ကိုယ်သဘောမတွေ့ တဲ့အာရုံတစ်ခုကို တွေ့ရတဲ့အခါ သည်းခံခွင့်လွှတ်ကြည့်ပါလား ??? ..... အရသဘယ်လိုရှိတယ်ဆိုတာ သိရအောင်လို့ပါ... ခွဲခွာခြင်းတွေနဲ့ ဝေးကွာကြရင်.. တစ်နေရာမှာ ကံအားလျော်စွာ ပြန်ဆုံကြရတဲ့ အခါ... အပြုံးတွေနဲ့ နှုတ်ဆက်နိုင်အောင်ရယ်ပါ.... မြလွှာလည်း ခွင့်လွှတ်ခြင်းရဲ့ အရသာကို သေချာမသိသေးဘူးနော်... ခုမှ တစ်တို့နှစ်တို့ စမ်းသပ်ဆဲနော်.....



3 comments:

သစ္စာ | သ​စ်စာ said...

ကျောခိုင်းလျှက် တည့်တည့်လျှောက်ရင်တော့ တွေ့ မှာပေါ့နော်.... :)

myalwaryone said...

သိပ်ကိုသေချာတာပေါ့ရှင်...
ဘာလဲ စမ်းသပ်ကြည့်မလို့လား...
စမ်းသပ်ပြီးရင်လည်း မြလွှာကိုပြောပြရမယ်နော်

ကလိုစေးထူး said...

အရှင် ရဝေနွယ် (အင်းမ)ရဲ့ ဆောင်းပါးလေးတွေ တချို့ကို ကျနော်လဲ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွေမှာ ဖတ်ဖူးတယ်ခင်ဗျ။ ဘုန်းဘုန်းက ဘာသာရေး ပုံပြင်လေးတွေကို ကိုးကားပြီးတော့ သူပေးချင်တဲ့ မက်ဆေ့ကို သိမ်သိမ်မွေ့မွေ့ ပေးတာ အရမ်းဖတ်လို့ ကောင်းတယ်။