မြလွှာ ဒီနေ့ ဘယ်လိုဖြစ်တယ်မသိဘူး.... သူများ tag လုပ်တာတွေကိုပဲ ခံနေရတယ်... စောစောစီးစီး...မောင်လေးပုဂံသားက tag လုပ်ထားပါတယ်တဲ့..... သူ tag ထားတာကို ဖြေပြီးလို့မှ မပြီးသေးဘူး....မမလေးမက မြလွှာရဲ့ cbox မှာ လာအော်တယ်... သူလည်း မြလွှာကို tag ထားပါတယ်တဲ့လေ.... အဲဒါ သူအော်လို့မှ မဆုံးသေးဘူး.... မောင်လေး Calculator က မြလွှာကို tag ထားပြန်ရောတဲ့... .ဒီနေ့ ဘယ်လိုတွေ ဖြစ်နေပါလိမ့်... မမလေးမရေ... မမ tag တာကတော့ မောင်လေးပုဂံသားနဲ့ တူလို့ မြလွှာ တူတူပဲ ပေါင်းဖြေလိုက်တော့မယ်နော်.... မြလွှာကို စိတ်ဆိုးနဲ့အုံး..... မောင်လေး Calculator ရေ... မောင်လေးရဲ့ tag ကိုမြလွှာ ဖြေမယ်နော်....
မြလွှာက အိမ်ကနေ နေ့တိုင်း အကြိုအပို့ လုပ်ပေးနေတာဆိုတော့..အမှန်ပြောရရင်.. မြလွှာ အဲဒါတွေကို သိပ်မသိဘူး.... မြလွှာ မစပ်စုမိတာလည်း ပါမှာပေါ့နော်... မောင်လေးမေးထားတဲ့ tag မေးခွန်းတွေကို မြလွှာ မသိဘူးဖြစ်နေတယ်... နောက်တစ်ခါ မြလွှာသိတာလေးတွေကိုပဲ... tag လုပ်နော်....
Friday, August 17, 2007
ဒီနေ့တော့… မြလွှာ…
မြလွှာရဲ့ Tag အဖြေ..............
မောင်လေးပုဂံသားက မြလွှာကိုချောကလက်ကျွေးပါမယ်တဲ့ ...... ချောကလက်ကျွေးပြီးတော့ Tag လုပ်တော့တာပါပဲ........ သူ Tag လုပ်တော့လည်း မြလွှာက ဖြေရတော့မှာပေါ့လေ......... အကြိုက်ဆုံး အဟောင်း (၅ခု) တဲ့လေ..... သူဟာက အများကြီးလည်း ဟုတ်ဘူး.... ၅ခုပဲတဲ့လေ... မြလွှာ အကြိုက်ဆုံး Post ၅ခု ကတော့....
(၁) မိသားစု ထမင်းဝိုင်းလေး...(မြလွှာရဲ့ မိသားစု ထမင်းဝိုင်းလေးလေ...... မြလွှာ အိမ်မှာ ထမင်းစားတိုင်း.. ဒီ Post လေးအကြောင်းကိုသတိရနေမှာပါ...)
(၂)စိတ်ဆိုးတော့မယ်ဆိုရင်...(မြလွှာ ကအင်မတန် စိတ်ကောက်တတ်လွန်းလို့ ....မြလွှာကိုယ်တိုင်... သတိပေးတဲ့ Post လေးပါပဲ)
(၃)၃မိနစ်ပဲ စောင့်..........
(၄)အမေရှိလျှင်............. (မြလွှာ အမေတွေရဲ့ တန်ဖိုးကို လူတိုင်း လေးစားတတ်အောင်ပါ..)
(၅)တစ်တို့ နှစ်တို့ မြည်းကြည့် ကြပါနော်...
ဟဲဟဲ.... မြလွှာကတော့ လည်လည်လာသူတွေကို မ Tag တော့ဘူးနော်... တော်ကြာ များသွားမှာ ဆိုးလို့.... မြလွှာပြန် tag ချင်သူတွေကတော့.....ဒီလိုဒီလိုပါပဲ....များကြီး မ Tag တော့ဘူးနော်.....
(၁)ဆရာကျော်(kkwinmoe)
(၂)သူငယ်ချင်း..tzm( သူက ဟိုတခါ မြလွှာကို Tag ထားလို့ ပြန် tag တာလေ...)
(၃)ရတနာချို တို့ဖြစ်ပါတယ်........ဖြေပေးကြအုံးနော်.....
Thursday, August 16, 2007
လူတစ်ဦးရဲ့အဆင့်အတန်းလေး...
မြလွှာ တို့လူတိုင်းလူတိုင်းက အဆင့်အတန်း မြင့်မြင့်နေချင်ကြတာပေါ့နော်… အဆင့်အတန်း မြင့်တဲ့ သူတွေဆိုရင်… လူတွေက အင်မတန်လေးစားကြတယ်… အင်မတန်လည်း စိတ်ဝင်စားကြတာပေါ့နော်… သူက အဆင့်အတန်း ဘယ်လောက်..ကိုယ်က အဆင့်အတန်း ဘယ်လောက်…..ဆိုပြီး…. အမြဲတွေးတတ်ကြတယ်.. အဆင့်အတန်းနိမ့်နေတဲ့ သူတွေဆိုရင်… လူတိုင်းက လေးလေးစားစား… မဆက်ဆံတတ်ကြဘူးနော်… စဉ်းစားစရာကောင်းတာက… အဲဒီ အဆင့်အတန်းကို မြလွှာတို့ ဘာနဲ့ တိုင်းတာကြမလဲ….. ??? ဘာနဲ့ ဆုံးဖြတ်ကြမလဲ ?? …. ငွေ၊ ဂုဏ် ၊ရာထူးတွေနဲ့ တိုင်းတာမှာလား…. အသိဥာဏ်၊ အကျင့်စာရိတ္တ ၊ ကိုယ်ကျင့်တရား တို့နဲ့…တိုင်းတာမှာလား…. စိတ်နေသဘောထား အသိဥာဏ်မြင့်မားလာလေ
Tuesday, August 14, 2007
မြလွှာရဲ့ စိတ်ကူးလေး…...
မြလွှာခုတလော ဘာတွေရှုပ်နေမှန်းကို မသိဘူး….. တနေကုန်လည်း ရုံးမှာ မအားရ… အတန်းချိန်တွေကလည်း ဆက်နေတော့လည်း အရမ်းပင်ပန်းတယ်…. ရုံးကနေအိမ်ကို ပြန်ရောက်တာနဲ့တန်းပြီး… ထမင်းစား … ခဏနားပြီးတော့ တန်းအိပ်တော့တာပဲ… မြလွှာခုတလော… အိမ်မှာ အိပ်လိုက်..စားလိုက်နဲ့ပဲ….. ဘာစာအုပ်မှလည်း သေချာ မဖတ်ဖြစ်ဘူး…. နောက်တော့ မြလွှာတစ်ခုစဉ်းစားမိလာတယ်….. မြလွှာရဲ့ အိမ်လေးကို နေ့တိုင်းလည်လည်လာပေးကြတဲ့ သူငယ်ချင်းလေးတွေရှိတယ်… သူတို့ကလည်း.. မြလွှာအသစ်တင်မယ့် Post ကိုစောင့်မျှော်နေကြပြီ….. မြလွှာရဲ့ သူငယ်ချင်းလေးတွေ စောင့်ရကျိုးနပ်အောင် မြလွှာ Post တွေတင်ရတော့မယ်…. Post တွေတင်နိုင်ဖို့ မြလွှာ စာတွေကို ဖတ်ရတော့မယ်…. မြလွှာခု အဲဒီ စိတ်ကူးလေးတွေနဲ့ မြလွှာ ခုစာတွေဖတ်နေ တယ်နော်…..
Thursday, August 9, 2007
မြလွှာရဲ့ သယ်ချင်းလေးတွေအတွက်......
မြလွှာအတွက်….အမှတ်တရ...
Sunday, August 5, 2007
ဤခရီးနီးသလား….ဝေးသလား… ???
"သင်ပြင်ဆင်ပြီးပြီလား
အလုပ်တွေရှုပ်နေတဲ့ အချိန်တွေထဲမှာပဲ....
ကိုယ်အတွက်ရအောင်
ပြင်ဆင်လိုက်ပါနော်"
မြလွှာရလိုက်တာလေးကို အားလုံးကို ဝေမျှလိုက်တယ်နော်.....
Saturday, July 28, 2007
တ၀က်ပြည့်နေသလား?? လျော့နေသလား ???
မနေ့က မြလွှာအိမ်ကို ရောက်တော့ မြလွှာရဲ့ အဒေါ်ဝမ်းကွဲ ရောက်နေတယ်… အရင်ကဆို အရမ်းကို လှလှပပ ပြင်ပြင်ဆင်ဆင်နေခဲ့တဲ့ သူက မနေ့ကတွေ့လိုက် တော့ မြလွှာ အံ့အားသင့်မိတယ်.. အရင်ကနဲ့ လုံးဝလုံးဝကို မတူတော့တာပါပဲ…. လူမှာက အရေးကြီးဆုံးက စိတ်ပဲလေ… အရင်က သူတို့မိသားစုက မတောင်မတမကြောင့်မကျ ပေါ့…. ခု သူရဲ့ အမျိုးသားကလည်း ပင်စင်ယူသွားတော့ တော်တော်လေးကို ချို့တဲ့သွားရှာတယ်.. ဒီထက်ပိုပြီးဆိုးတာကတော့ သူ့ရဲ့စိတ်မှာ ဒဏ်ရာရသွားတာပါပဲ… မြလွှာတို့လူတွေ အပြင်ပန်း ဘယ်လောက်ပဲ ဒဏ်ရာရရ ပျောက်အောင်ကုသလို့ ရတယ်လေ… စိတ်ဒဏ်ရာကကျတော့ စိတ်နဲ့ပဲ ပျောက်အောင် ကုသမှ ရနိုင်မှတဲလေ…… စိတ်ဒဏ်ရာကျတော့ စိတ်နဲ့ပဲကုသမှ ပျောက်တယ်လို့ မြလွှာ ဖေဖေကပြောတာပဲ.. ခုမြလွှာဒေါ်လေးမှာ ဖြစ်နေတဲ့ ရောဂါက Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျ ရောဂါဖြစ်နေတာတဲ့လေ… မြလွှာဖေဖေ ပြောပြတော့ သိပ်ကိုနားမလည် ခဲ့ဘူး.. ဘာကို ပြောပါလိမ့်ပေါ့… ဖေဖေက သေချာရှင်းပြမှ မြလွှာ သဘောပေါက်ခဲ့ရတယ်… အရင် က အခြံအရံ အပေါင်းအသင်း တွေနဲ့ ပြည့်နေတဲ့ သူ ၊ ဘ၀မှာ လိုလေသေး မရှိအောင် နေခဲ့တဲ့သူက ခုချက်ချင်းဆိုသလို အဲဒါတွေ အားလုံးပျောက်ကွယ်ကုန်တော့ စိတ်ဓာတ်ကျ ရောဂါဆိုတာ ဖြစ်လာတော့တာပေါ့…. မြလွှာလည်း မြလွှာ အန်တီအတွက်စိတ်မကောင်း ဖြစ်ခဲ့ရတယ်… ဒါနဲ့ မြလွှာလည်း စိတ်နဲ့ပတ်သတ်တဲ့ စာအုပ်လေးကို လက်ဆောင်ပေးမယ် ဆိုပြီး သွားဝယ်လိုက်တော့.. " ဆရာတော် ဦးဇောတိက " ရဲ့ " စိတ်နှလုံးရွှင်လန်းစေဖို့ " ဆိုတဲ့ စာအုပ်လေးကို မြလွှာ ရွေးပြီး ၀ယ်လိုက်မိတယ်.. အန်တီလေးကို မပေးခင်မှာ စာအုပ်မြင်ရင် မနေနိုင်တဲ့ မြလွှာတစ်ယောက် စာအုပ်လေးကို အမြည်းသဘော ဖတ်လိုက်မိတယ်… မြလွှာတို့တွေ ဘယ်အလုပ်ကိုပဲ လုပ်လုပ်၊ ဘယ်ကိစ္စကိုပဲ မြလွှာတို့ ဆောင်ရွက်ဆောင်ရွက် မြလွှာတို့မှာ ရှိနေတဲ့ အတွေးဟာ တွေးတတ်ဖို့ အင်မတန် အရေးကြီးလှပါတယ်... ကိစ္စတစ်ခု ပြီးစီးတိုင်း ကိုယ်ကတတ်နိုင်သလောက် ကောင်းအောင် ကြိုးစားပြီး လုပ်ပြီးပြီ… သူတို့ကြိုက်တာ မကြိုက်တာ သူတို့နဲ့ပဲ ဆိုင်တယ်.. သူတို့ ကြိုက်သလို ဆုံးဖြတ်ပေါ့.. သူတို့နှစ်သက်တယ်.. ကျေနပ်တယ်ဆိုရင် ၀မ်းသာပေးလိုက်ရုံပေါ့…. သူတို့မနှစ်သက်ဘူး ဆိုရင်လည်း ကိစ္စမရှိဘူး ကိုယ့်ဘက်က ကြိုးစားရုံပဲ ရှိတာပေါ့လို့ သဘောထားနိုင်ရင် ဘယ်ကိစ္စမဆို စိတ်သက်သာမယ်တဲ့လေ… စိတ်အတက်အကျဆိုတာ လူတိုင်းမှာ ဖြစ်တတ်ကျတာပါပဲ… တစ်ချို့က တက်တဲ့အခါမှာ အရမ်းတက်ပြီး ကျတဲ့အခါမှာ သိပ်ကိုကျသွားတတ်တယ်.. ကိုယ်စိတ်ကို ကိုယ်ကောင်းကောင်းသိတဲ့ လူဟာ စိတ်ကို အတက်အကျ နည်းအောင် ထားနိုင်ရမယ်တဲ့လေ.. ဥပမာ ပြောရမယ်ဆိုရင်… ရေခွက်ထဲမှာ ရေတ၀က်ပြည့်ထားတာကို မြင်တဲ့အခါ တစ်ယောက်က “ရေခွက်မှာ ရေတ၀က်ပြည့်နေတယ်လို့မြင်တယ်” “နောက်တစ်ယောက်က “ရေခွက်မှာ ရေတ၀က်လျော့နေတယ်လို့ မြင်တယ်” နှစ်ယောက်လုံးစလုံး မှန်ပါတယ်.. ဒါပေမယ့် “ရေခွက်ထဲမှာ ရေတ၀က်ပြည့်နေတယ်လို့ မြင်တဲ့သူက အကောင်းမြင်တတ်လို့ စိတ်ချမ်းသာမယ်” “ရေခွက်ထဲမှာ ရေတ၀က်လျော့နေတယ်လို့ မြင်တဲ့သူက စိတ်မချမ်းသာဘူး..” အဲဒီလိုပဲပေါ့နော်.. အဲဒါမျိုးတွေတွေးတတ်ဖို့ မြလွှာတို့တွေ ကျင့်ယူမှ ရနိုင်မှာလေ.. မြလွှာတို့တွေ မှတ်သားထိုက်တဲ့ စကားလေးတွေ ရှိသေးတယ်ရှင့်….. “ ငါကိုယ်ငါ လေးစားမှု ရှိနေသေးသရွေ့…. သူများ ဘယ်လို ထင်တယ်ဆိုတာကို ကြောင့်ကျနေဖို့ မလိုပါဘူးတဲ့… ကိုယ့်ကိုယ်ကို အထင်မသေးတဲ့ သူဟာ သူများကိုယ့်ကို အထင်သေးတာကို ဂရုမစိုက်ဘူး.. ကိုယ့်ကိုယ်ကို ကျေနပ် နေတဲ့ သူဟာ သူများ ဘာပြောပြော ခံနိုင်တယ်… သူများကို ဘယ်လိုလူစားလို့ ပြောတာဟာ… ကိုယ့်ကိုကိုယ် ဘယ်လိုလူစားလို့ ဖော်ပြနေတာနဲ့ တူတယ်.. ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့ သူဟာ သူများကိုလည်း စိတ်ချမ်းသာအောင် ဘယ်တော့မှ မထားနိုင်ဘူးတဲလေ… စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတတ်တယ်တဲ့….. သတိနဲ့ နေတဲ့ စိတ်ဟာ ဘယ်တော့မှ မအိုတော့ဘူးတဲ့…”
မြလွှာရဲ့ စာအုပ်လေးကြောင့် အန်တီလေး တစ်ခုခု ရသွားမယ်လို့တော့ မြလွှာဆုတောင်းနေမိတော့မှာပါ…..
Thursday, July 26, 2007
အမေရှိလျှင်.....
If you have a mother
Treasure her with care
For you never know her value
Till you see her vacant chair.
"အနန္တဂိုဏ်းဝင်၊ မွေးမိခင်ကို
ချစ်ခင်လေးစား၊ တန်ဖိုးထားပါ။
လှုပ်ရှားသွားလာ ၊ဟန်မူရာသည်
အိမ်မှာပပျောက်၊ ထိုချိန်ရောက်မှ
ဆောက်တည်မရ၊ နောင်တရလျှင်
ဘ၀တစ်လျှောက်လုံး၊ ယူကြုံးမရ ဖြစ်ရလိမ့်မည်။"
မြလွှာသိလိုက်တာလေးကို အားလုံးကိုမျှဝေပေးလိုက်တယ်နော်..........
Sunday, July 22, 2007
ဒီနေ့ပွဲ..... ဒီလိုဒီလို...........
Blogger တွေတော်တော်များများ လာအားပေးကြတယ်... အားလုံးပျော်ဖို့ကောင်းပါတယ်...
မြလွှာလည်း ပျော်တယ်....အားလုံးခုမှ မြင်ဘူးကြလို့လေ..
ဒီလိုဒီလို ရေးခဲ့ကြတယ်.. အမှတ်တရလေးတွေ..
ဒီလိုဒီလို စားစရာတွေ စုံစုံလင်လင်... အသီးတွေပေါ့နော်..
တစ်ခြားတွေစားတာ ထက်အသီးတွေက ပိုပြီးအကျိုးရှိလိုပေါ့နော်..
မြလွှာတို့ က ဒီလိုဒီလို Idea လေ.....
ဒီလိုဒီလို Blogger တွေစုံစုံလင်လင်.... ပျော်စရာပေါ့..
