myalwar.blogspot.com
Sunday, June 24, 2007
စိတ်ဆိုးတော့မယ်ဆိုရင်….
Saturday, June 23, 2007
တန်ဖိုးလေး..........
မလွှာဒီတစ်ခါ အားလုံးကို ချစ်ဖို့ကောင်းတဲ့ ငါးလေးတွေကို မျှဝေပးလိုက်ပြီနော်....
အရင်ကတော့
အလှမွေးငါးလေးတွေရာင်းတဲ့ ဆိုင်ဆိုတာ မန္တလေးမှာ သိပ်မရှိခဲ့ဘူး... ခုတော့မလွှာရဲ့မာင်လေးတစ်ယောက်ရဲ့ဆိုင်ပေါ့နော်....သူက Discovery လို့ပေးထားတယ်... သူရဲ့ဆိုင်လေးမှာက အလှမွေးငါးတွေမျိုးစုံအောင်ရောင်းတယ်လေ.... ငါးလေးတစ်ကောင်ရဲ့တန်ဖိုးဟာ ရာကျော်တန်ဖိုးကနေ...သိန်းကျော်တန်ငါးလေးတွေထိ ရှိတယ်.... တစ်ချို့ကလည်း....Lucky fish ဆိုတဲ့ ငါးလေးတွေကို အလှမွေးတတ်တယ်......အဲဒီ ငါးလေးတွေကိုမွးရင် အိမ်မှာ lucky ကာင်းလို့တဲ့လေ.....အမျိုးစုံပါပဲ........ တစ်ချို့ငါးလေးတွေဆိုသေးသေးလေးတွေ ဒါပေမယ့်မးလိုက်တော့ သူတို့ရဲ့ တန်ဖိုးက သိန်းကျော်နေရောလေ....မြလွှာတို့လည်း ငါးလေးတွေလိုပဲ ....လူတစ်ယေက်ရဲ့ အပြင်ပန်းကို ကြည့်ပြီးမလွှာတို့ သူတို့ရဲ့အရည်အချင်းတွေကို ဆုံးဖြတ်လို့ မရဘူးလေ......ဒါကလည်မြလွှာတို့သိသင့်တဲ့ အချက်လေးပေါ့နော်..........
Tuesday, June 19, 2007
မြလွှာသိလိုက်တဲ့ အသိလေး……
မြလွှာ စာအုပ်လေးတစ်အုပ်ကို ဖတ်မိတယ်….စာအုပ်လေးက " မနေရလို့ သေကြတဲ့ အခါ " တဲ့လေ…..စာအုပ်လေးရဲ့ ခေါင်းစဉ်ကို ကြည့်ပြီး ဘာကိုဆိုလိုမှန်း မြလွှာ သေချာမသိခဲဘူး… ဖတ်ကြည့်လိုက်တော့မှ….တကယ့်လူ့ဘ၀ မှာ ဖြစ်ပျက်နေပါလား ဆိုတာကို သိလိုက်ရတယ်….. မြလွှာတို့ လူတွေလူ့ဘ၀မှာ သူများထက်တော်ချင်လို့…..တတ်ချင်လို့… ကြိုးစားကြတယ်…..ဒါပေမယ့်…..မြလွှာတို့တွေ သေသွားကြပြီဆိုရင်….. မြလွှာတို့ရဲ့နောက်မှာ လိုက်ပါခဲ့မှာက အဲဒါတွေမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်… ပစ္စည်းဥစ္စာတွေဟာ သေရင်ထားခဲ့ရတယ်….အဲဒီ ပစ္စည်းဥစ္စာတွေကို ရန်သူမျိုးငါးပါးနဲ့ တွေ့တဲ့အခါမှာလည်း အချိန်မရွေး ပျက်ဆီးသွားနိုင်တယ်...ဆိုတာရယ်... အဲဒါတွေကိုတော့…ရင်ထဲရောက်အောင် အရင်ကြိုးစားသင့်တယ်တဲ့လေ…….
" အတ္တာ ဂေဟေ နိဝတ္တ န္တိ
သုသာနေ မိတ္တ ဗန္ဓ၀ါ..
သုကဋံ ဒုက္ကဋံ ကမ္မံ
ဆာယာ အနုယာယိနီ" တဲ့လေ….
ဂါထာလေးရဲ့ ဆိုလိုရင်းက ကိုယ်သေသွားတဲ့အခါမှာ ပစ္စည်းဥစ္စာတွေကို ကျန်ခဲ့ရတယ်… ကိုယ်ရဲ့ဇနီး ၊ ခင်ပွန်း ၊ သားသမီး ၊ဆွေမျိုး မိတ်ဆွေတွေကလည်း…သုသာန်အထိပဲ လိုက်ပို့ကြမှာတဲ့လေ… ဒါပေမယ့်….အသက်ရှင်စဉ်မှာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကံ ၊ အကုသိုလ်ကံ နှစ်ခုကတော့ အရိပ်တစ်ခုလို ထပ်ကြပ်မကွာ လိုက်ပါသွားမှာတဲ့….. ကုသိုလ်ဆိုတာ မြလွှာတို့အထူးတလည် လုပ်ယူစရာမလိုပါဘူး….မြလွှာရဲ့မေမေက ခဏခဏပြောဘူးတယ်….ဘာမဆိုယူတတ်ရင် ကုသိုလ်ပါပဲတဲ့လေ….. စိတ်ထားကောင်းကောင်းထားခြင်းဟာလည်း……ယူတတ်ရင် ကုသိုလ်ပါလို့ မေမေက ပြောဘူးတယ်…….သူများအပေါ်မှာလည်း ဘယ်တော့မှ စိတ်ယုတ်မာ မမွေးရဘူးလို့လည်း အမြဲဆုံးမတယ်…..အဲဒါတွေက မြလွှာတို့သေသွားခဲ့ရင် မြလွှာတို့ရဲ့နောက်ကို ပါလာမယ့် အရိပ်ကလေးတွေပဲလေ…….
" မနေရလို့သေကြတဲ့အခါ….
ကိုယ်နောက်ကိုကား….ဘာများပါမှာ…
ပစ္စည်းဟူက မြူမျှမပါ….
ကိုယ်ပြုထားတဲ့ ကံများကိုယ်နောက်ပါ…" တဲ့လေ…
မြလွှာရဲ့အဖြေ……
မြလွှာရဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ်….. မိုးရာသီနဲ့ပက်သက်ပြီး သူကို Tag လုပ်လိုက်လို့ သူကဖြေရတော့မှာတဲ့လေ။ အင်း…. မြလွှာလည်း မြလွှာအလှည့် ဘယ်တော့များ ရောက်လာမလည်းလို့ပေါ့နော်။ ခုတော့ မြလွှာရဲ့ Blog မှာ ပထမဆုံးသူငယ်ချင်းလေး Tzm ရဲ့ ကျေးဇူးကြောင့် မြလွှာရေးရတော့မှာပေါ့နော်… သယ်ချင်းလေး Tzm ရေကျေးဇူးနော်… မြလွှာရဲ့ ခံစားချက်လေးတွေကို ပြောပြခွင့်ရလို့လေ……
အမှန်ပြောရရင် မြလွှာ မိုးရာသီကို သိပ်မကြိုက်ဘူး…မြလွှာက အေးမြတဲ့ ဆောင်းရာသီမှာ မွေးလို့လားတော့ မသိဘူး…..ငယ်ငယ်ကတော့ မြလွှာ ကြိုက်ပါတယ်… မိုးရာသီကို ….ငယ်ငယ်က မိုးရွာပြီဟေ့ ဆိုတာနဲ့…..စက်ဘီးကိုယ်စီနဲ့ သယ်ချင်းလေးတွေနဲ့ စက်ဘီးလျှောက်စီးတတ်တယ်…မိုးရွာတော့ တစ်ခါတစ်လေ…. မိုးများရင်ကျောင်းတွေပိတ်တယ်လေ…..မိုးအေးအေးနဲ့ ကုတင်ပေါ်မှာ ကွေးလို့ကောင်းပေါ့နော်…. ငယ်ရွယ်တဲ့ သူမို့လို့ ကျောင်းများများပိတ်လေ ကြိုက်လေပေါ့… မြလွှာ မှတ်မှတ်ရရ မိုးကိုကျေးဇူးတင်ခဲ့ဘူးတယ်…….မြလွှာရဲ့ ငယ်ငယ်က အဖြစ်ပျက်လေးကို သတိရမိလို့..အားလုံးကိုပြောပြမယ်နော်….. မြလွှာတို့ အထက်တန်းကျောင်းသူ ဘ၀တုန်းကပေါ့…..ပထ၀ီသင်တဲ့ ဆရာမတစ်ယောက်ရှိတယ်…. သူက..သူစာမေးတော့မယ်နေ့ဆို….ဘယ်လိုဆင်ခြေမျိုးကိုမှ လက်မခံဘူးလေ…. တစ်ရက်က မြလွှာနေမကောင်းလို့ ကျောင်းတစ်ရက်ပျက်တယ်…… မြလွှာကျောင်းပြန်တက်တဲ့ နေ့ က ..အဲဒီဆရာမ စာမေးမယ့်နေ့ပေါ့နော်….. မိုးတွေကလည်းရွာနေတယ်….မြလွှာလည်း ကျောင်းကိုရောက်မှ ဆရာမစာမေးမယ်ဆိုတာကို သိလိုက်ရတယ်…. အဲဒီ ဆရာမ စာမေးမယ့် အချိန်ရောက်လာဖို့ နီးကပ်လေလေ……မြလွှာ ရင်တွေတုန်ရလေလေ ပေါ့နော်….. ဟော…ရောက်လာပါရော… ဆရာမကစာမေးတော့မယ်ပေါ့….မြလွှာလည်း ဆုတောင်းလိုက်ရတာ အမောပါပဲ….. ဆရာမက စာမေးမယ်လုပ်ပြီးမှ မိုးရွာလို့ လူမစုံလို့ မမေးတော့ဘူးတဲ့လေ….အဲဒီတုန်းကတော့ မြလွှာ မိုးကိုကျေးဇူးတင်မိတယ်…. ဒါပေမယ့် အရွယ်ရောက်လာတော့ မြလွှာ မိုးရာသီကို မချစ်တော့ဘူး….ဘာလို့လဲဆိုတော့ မိုးရွာရင် အလုပ်အကိုင်တွေ ပျက်ကြလို့လေ….. တစ်နေ့ပေါ….. မိုးတွေကလည်းရွာနေတယ်….. မြလွှာလည်းရုံးကိုမသွားတော့ ဘူးဆိုပြီး ခွင့်တိုင်လိုက်တယ်လေ…… အိမ်မှာပဲနေမယ်ပေါ့နော်….. ပြတင်းပေါက်ကနေပြီး မိုးရွာတာကိုကြည့်နေတုန်း….. ကြိမ့်မုန့်ဆိုပြီး အော်သံကြားတယ်….. မြလွှာကြည့်လိုက်တော့ ကြိမ့်မုန့်အသယ်လေ….. ကြိမ့်မုန့်ဆိုတာက ဆန်နဲ့လုပ်ထားတဲ့ မုန့်တစ်မျိုးလေ….အရမ်းစားလို့ကောင်းတယ်…. မြလွှာ သနားမိတယ်…. ဘာလို့လည်းဆိုတော့ အဲဒီ ကြိမ့်မုန့်သယ်က ဗိုက်ကြီးကြီးနဲ့လေ…မြလွှာ အရမ်းသနားမိတယ်…..သနားဖို့လည်းအရမ်းကောင်းတယ်…. မုန့်စားချင်တာက နည်းနည်း….အဲဒီမုန့်အသယ်ကြီးကိုသနားတာက များနေတယ်…. မေမေ့ကို ပူဆာတော့တာပေါ့…..မေမေက ၀ယ်ကျွေးမယ်ခေါ်လိုက်တဲ့လေ….မြလွှာ အသယ်ကြီးကို စပ်စုကြည့်တယ်….. သူကမိုးရွာလို့ သူအလုပ်ပျက်တယ်ဆိုတဲ့ အကြောင်း… ဘယ်လိုဒုက္ခရောက်တယ်ဆိုတဲ့ အကြောင်း….မုန်းတွေရောင်းမကုန်လို့ စိတ်ညစ်တယ်ဆိုတဲ့ အကြောင်း..သူရဲ့ သနားစရာ အကြောင်းတွေကို မြလွှာ နားထောင်မိတယ်….. မြလွှာမိုးရာသီကို မုန်းသွားမိတယ်….. မိုးရွာရင် လူတွေအေးဆေးတယ်ဆိုတာမှန်ပါတယ်…. ဒါပေမယ့် မိုးရွာလို့ လူတွေဒုက္ခတွေရောက်ကြတယ်ဆိုတာ ရှိပါလားလို့ တွေးလိုက်မိတယ်…. ဒါပေမယ့်…မြလွှာ မိုးသီချင်းလေးတွေကိုတော့ သိပ်ကြိုက်တယ်…. "မိုးရေသိပ်လွမ်းတယ်…." " မိုးတွေရွာနေချိန်တိုင်း…ဒီရင်မှာလွမ်း….." မိုးရွာနေတုန်း မိုးနဲ့ ပတ်သတ်တဲ့ သီချင်းတေလးတွေကို နားထောင်ရတာကို အရမ်းကြည်နူးမိတယ်…..နားထောင်ကြည့်ကြနော်………
Sunday, June 17, 2007
မြလွှာ ဒီနေ့ဗိုက်အရမ်းဆာတာပဲ...
အဲဒါနဲ့ စားစရာနဲ့ပတ်သတ်ပြီး Post တင်မယ်စဉ်းစားထားတယ်...
သယ်ချင်းအားလုံး...မြလွှာရဲ့ အိမ်ကိုလာလည်ရင် အဲဒီမုန့်တွေကျွေးမယ်နော်...
ဟီး..ဟီး...
တကယ်ပြောတာ.....
Friday, June 15, 2007
အာယု၊၀ဏ္ဏ၊သုခ၊ဗလံ.....
ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဘာသာတရားကို အင်မတန်ကိုင်းရှိုင်းကြတယ်။ ဘာသာတရားနှင့်ပတ်သတ်ပြီးတော့လည်း ယုံယုံကြည်ကြည် ကိုးကွယ်ကြတယ်….. ကျွန်မတို့ မြန်မာလူမျိုးတွေ ကန်တော့လို့ဆုပေးပြီးဆိုရင် အာယု၊၀ဏ္ဏ။သုခ၊ဗလံဆိုပြီး အမြဲပေးတတ်ကြတယ်….. ဒါပေမယ့် အဲ့ဒါတွေရဲ့ အဓိပွါယ်ကို ကျွန်မ သေချာနားမလည် ခဲ့ပါဘူး….. အခုမှ ကျွန်မဖတ်လိုက်ရတဲ့စာအုပ်ကလေးထဲမှာ "ဆရာပါရဂူ" ရေးထားတဲ့စာသားလေးတွေကို ဖတ်ပြီးမှ ကျွန်မသေချာသိလိုက်ပါတယ်….. " အာယု " လူတော်တော်များများဟာ အာယုကို အသက်ရှည်ခြင်းလို့ အဓိပ္ပာယ်ကောက်ယူကြတယ်။အာယုရဲ့ အဓိပ္ပာယ်က အသက်ရှည်ခြင်းမဟုတ်ဘူး….. ဒီနေရာမှာဆိုထားတဲ့ အာယုဟာ အချိန်ကာလ ရှည်လျားတာနဲ့ ဆက်စပ်ခြင်းမရှိဘဲ နက်ရှိုင်းတဲ့အနက်အဓိပ္ပာယ်နှင့် ဆက်စပ်နေတယ့် အသက်တစ်ရာ ရှည်ခြင်ရှည်နေလိမ့်မယ်… .. ဒါပေမယ့်လည်း ရှည်ပုံရှည်နည်းမမှန်ဘူးဆိုရင်လည်း အသက်ရှည်နေလို့လည်း ဘာအကျိုးကျေးဇူးရှိမှာလဲ….. ရှည်ပုံရှည်နည်းမမှန်ဘဲနှင့် ရှည်နေတဲ့အသက်ကို အသက်ရှည်တယ်လို့ပြောလို့မရဘူးပေါ့နော်….. ကျွန်မဖတ်ဘူးတဲ့ ဓမ္မပဒဂါထာ တစ်ပုဒ်မှာလည်း " အကျင့်သီလ မရှိဘဲ နှစ်တစ်ရာအသက်ရှည်ခြင်းထက် အကျင့်သီလနဲ့ပြည့်စုံတဲ့သူ တစ်နေ့တစ်ရက်အသက်ရှင်နေခြင်းက မြတ်၏" လို့ဆိုထားပါတယ်….. အိပ်မက်ထဲမှာ အနှစ်တစ်ထောင်အသက်ရှည်တယ်လို့ အိပ်မက်မက်ပြီး နံနက်မိုးလင်းတဲ့အခါကျတော့ အဓိပ္ပာယ်မရှိတဲ့ အသက်ရှည်ခြင်းဖြစ်မနေဘူးလား….. တစ်နာရီတစ်ဗီဇနာလောက်ပဲဖြစ်ဖြစ် ဘာဝနာပွားများပြီး ကုန်ဆုံးကျော်လွန်သွားရင် အဲ့ဒီ တစ်နာရီတစ်ဗီဇနာအချိန်ဟာ မရေရာတဲ့ ဘ၀နှင့် နှစ်တစ်ရာ၊ နှစ်တစ်ထောင် အသက်ရှည်နေသွား ရတာထက် အဓိပ္ပာယ် ရှိလိမ့်မယ်လို့ ဆိုထားပါတယ်ရှင်… " ၀ဏ္ဏ " လူအများစုကတော့ အဆင်းလှခြင်းလို့ အဓိပ္ပာယ်ယူကြတယ်… ဒီမှာတော့ " ၀ဏ္ဏ " ရဲ့ ဆိုလိုရင်းက အဆင်းလှခြင်းမဟုတ်ဘူး….အဆင်းလှတယ်ဆိုတာ ဘယ်လောက်ခံသလဲ ??? .. ပန်းတစ်ပွင့်ရဲ့ အလှဟာ ပန်းပင်မှာ ဖြစ်စေ…ဒါမှမဟုတ်…. ဘုရားစင်မှာ ဖြစ်စေ…..ဒါမှမဟုတ် ….မိန်းမပျိုလေးရဲ့ ဦးခေါင်းမှာ ဖြစ်စေ… ခဏတစ်ဖြုတ်သာ ခံတယ်တဲ့လေ…. အချိန် မကြာခင်လေးမှာပဲ ညှိုးနွမ်းပြီး အလှပျောက်သွားမယ်တဲ့ လေ….ဒီနေရာမှာ ဆိုထားတဲ့ " ၀ဏ္ဏ " ရဲ့ အဓိပ္ပာယ်က အဆင်းလှခြင်း မဟုတ်ဘူး….အဆင်းကြည်လင်ခြင်းဖြစ်တယ်တဲ့လေ…..လှတဲ့သူဖြစ်ဖြစ်၊ အရုပ်ဆိုးတဲ့ သူဖြစ်ဖြစ ကျန်းမာမှု နှင့် ပြည့်စုံနေရင်…စိတ်ကောင်းနှလုံးကောင်းထားရင်… လောဘဒေါသ တွေ ကင်းနေရင်…. ဒါမှမဟုတ် နည်းနေမယ်ဆိုရင် ဘယ်သူမဆို အဆင်းကြည်လင်နေ လိမ့်မယ်တဲ့… ဒီမှာတော့ " ၀ဏ္ဏ " ဆိုတာ အဆင်းလှခြင်း မဟုတ်ဘဲ အဆင်းကြည်လင်ခြင်းကို ဆိုလိုတာဖြစ်တယ်…. " သုခ " အကြောင်းကိုလည်း ပြောရဦးမှာပေါ့နော်…လူတွေတော်တော်များများဟာ သုခကို ချမ်းသာခြင်းလို့ အဓိပ္ပာယ် ကောက်နေကြတယ်…. အများယူဆထားတဲ့ သုခရဲ့အောက်ခြေမှာ ဒုက္ခကွယ်ဝှက်နေတယ်တဲ့ လေ…. အပေါ်မှာတော့ သုခ ဆိုင်းဘုတ်တင်ထားပေမယ့် အတွင်းမှာတော့ ဒုက္ခ ကိန်းအောင်းနေတယ်တဲ့လေ….. " အာယု ၊ ၀ဏ္ဏ ၊သုခ ၊ဗလ " မှာပါတဲ့ သုခကတော့ အစမှာလည်း သုခ ဖြစ်ရမယ်…..အလယ်မှာလည်း သုခဖြစ်ရမယ်…..အဆုံးမှာလည်း သုခဖြစ်ရမယ်တဲ့လေ….အစ၊ အလယ်၊ အဆုံး သုံးမျိုးလုံး သုခဖြစ်ရမယ်တဲ့လေ…..ဘယ်လောက်ကောင်းလိုက်တဲ့ စိတ်ကူးလေးလည်းနော်…. " ဗလ " ရဲ့ အဓိပ္ပာယ်ကလည်း အများယူဆထားသလို " ခွန်အားရှိခြင်း " မဟုတ်ပါဘူးတဲ့ လေ….. "ကာယဗလ" နှင့် "ဥာဏဗလ " ကိုခေါ်တာတဲ့လေ….အများအတွက် အကျိုးရှိမယ့် အပြုသဘောဆောင်မယ့် " ဥာဏခွန်အား " ကိုဆိုလိုတာပေါ့နော်…..ကျွန်မသိလိုက်ရတဲ့ အချက်လေးတွေကို အားလုံးကို မျှဝေပေးလိုက်တယ်နော်…..
စကားလေးတစ်ခွန်း……..
ကျွန်မတို့ရဲ့ လူမှုပတ်ဝန်းကျင် ဆက်ဆံတဲ့နေရာမှာလည်း စကားပြောဆိုခြင်းဟာ အင်မတန်အရေးပါတဲ့ အချက်ကလေးပေါ့ရှင်…….ရုပ်ချောသူနှင့်အပြောကောင်းသူတွင် အပြောကောင်းတဲ့ သူတွေကိုပဲ လူတွေကပိုချစ်ကြတယ်တဲ့လေ…….စကားဟူသည် ဆွဲဆောင်ဖမ်းစားနိုင်သောသတ္တိရှိသလို….ဖျက်ဆီးချေမှုန်းနိုင်တဲ့ သတ္တိလည်း ရှိပါတယ်တဲ့လေ။ စကားပြောကျွမ်းကျင်ဖို့ ကျွန်မတို့အဖို့ အဆန်းတကြယ်လေ့ကျင့် စရာမလိုပါဘူးတဲ့… ကျွန်မတို့သတိပြုပြီး လေ့ကျင့်လိုက်မယ်ဆိုရင် ကျွမ်းကျင်ပိုင်နိုင်လာသည့် အရာများပဲ ဖြစ်ပါတယ်…..ကျွန်မတို့ စကားပြောဆိုရာမှာ တဖက်လူရဲ့ စကားကိုလည်းအာရုံစိုက် နားထောင်ပေးဖို့ ဟာလည်းလိုအပ်တဲ့ အချက်ကလေးပေါ့ရှင်….လူတော်တော်များများဟာ စကားပြောဆိုရာမှာ သူတစ်ပါးပြောတဲ့စကားတွေကို သေချာနားမထောင်ပဲ မိမိပြောချင်တဲ့ စကားတွေကိုပဲ ဇွတ်ပြောတတ်ကျတယ်ရှင့်…. ကိုယ့်အလှည့်တုန်းက သူပြောတဲ့ စကားကို စိတ်မ၀င်စားခဲ့ သလို….ကိုယ့်အလှည့်ကျလည်းဘယ်သူမှ အလေးပေးနားမထောင်တော့ ဘူးပေါ့နော်…အမှန်က ကျွန်မတို့သူတစ်ပါး စကားကိုသာ ရေလည်အောင် နားထောင်ပြီးမှ ပြန်ပြော မယ်ဆိုရင် တဘက်လူလည်း ကျွန်မတို့ပြောတဲ့ စကားကို စိတ်မ၀င်စားစရာ အကြောင်းမရှိဘူးပေါ့နော်။ မိမိပြောဆိုသောစကားကိုလည်း အာရုံစိုက်နားထောင်မည် မဟုတ်ပါလားရှင်….. စကားဆိုသည်မှာ တဘက်လူနားထောင်မှ ပြောရကျိုးနပ်မှာပေါ့နော်….. အင်္ဂလိပ်စကားပုံလေးတစ်ခုရှိတယ်ရှင့်…..
Hear first and speak after.
ပထမနားထောင်ပြီး နောက်မှပြောပါ….. တဲ့လေ။
Thursday, June 7, 2007
စာသင်တဲ့ အလုပ်……..
ကျွန်မအရင်က စာသင်ရတာဟာ ကျွန်မရဲ့ ရည်မှန်းချက်မဟုတ်ခဲ့ပေမယ့် ခုတော့ စိတ်ဝင်စားခဲ့ရပြီ…ကျွန်မစာသင်တဲ့ အချိန်မှာ အရာအားလုံးကို မေ့နေတတ်တယ်…. ကျွန်မရဲ့ ကျောင်းသား/ သူ တွေအပေါ်မှာပဲ အတတ်နိုင်ဆုံး အာရုံစိုက်ထားမိတယ်….. ကျွန်မဟာ ဆရာဆိုတဲ့ အလုပ်ကိုလုပ်တာ (၄) နှစ်တာ ကာလလေးအတွင်းမှာ ကျွန်မအရမ်းကို ပြောင်းလဲခဲ့ရတယ်……စာသင်တဲ့ အချိန်တိုင်းမှာ ငါရဲ့ ကျောင်းသူ/ ကျောင်းသား တွေ ဘယ်လို နားလည်သွားမလဲ အတတ်နိုင်ဆုံး နားလည်အောင် ကျွန်မကြိုးစားပြီးသင်ခဲ့ တယ်…လူတန်းစားမျိုးစုံ ရှိသလို ကျွန်မစာသင်တဲ့ အတန်းတွေမှာလည်း ကျောင်းသား/ ကျောင်းသူမျိုးစုံတယ်….အတန်းတစ်တန်း စာသင်ပြီးပြီဆိုရင် ကျောင်းသူ / ကျောင်းသားတွေ ရဲ့ Comment Form လို့ခေါ်တဲ့ သူတို့သင်တန်းအပေါ်ရေးသွားတဲ့ အမြင်တွေ၊ ဆရာမအပေါ် သူတို့ရဲ့ ဝေဖန်သွားတာတွေ မျိုးစုံတယ်……..အဲဒါလေးတွေဟာ ကျွန်မစာသင်တဲ့ သင်တန်းကာလ တစ်လျှောက်လုံး ကျွန်မရဲ့ကြိုးစားအားထုတ်မှု ရဲ့ ရလာဒ် ပီတိလေးတွေပေါ့ရှင်……
ကျွန်မရဲ့ဘ၀အစ…..
ကျွန်မငယ်ငယ်ကတော့ ဆရာဝန်အရမ်းဖြစ်ချင်မိတယ်…..ကလေးဘ၀တုန်းက ကစားတာကအစ ဆေးထိုးအပ်နဲ့ နားကြပ်ကို ကိုင်ပြီးမှ ဆော့တတ်တယ်…. ကျွန်မတို့လူငယ် တွေဟာ (၁၀) တန်းမှာ ကိုယ့်ကိုကိုယ် အရမ်းကြိုးစားပြီ ထင်နေခဲ့တာ….. အချိန်ဆိုတာ ပြန်ယူလို့မှ မရတော့တာ….ကျွန်မကြိုးစားခဲ့ သလောက်ဖြစ်မလာခဲ့ရဘူး… ခုတော့ လူတွေရဲ့ ကျန်းမာရေးကို ကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်အစား…စာသင်ပေးနေရတဲ့ ကွန်ပျူတာ ဆရာမ ဖြစ်ခဲ့ ရတယ်…ကျွန်မအလုပ်ဝင်ခါစက ကျွန်ပျုတာသင်တန်းတစ်ခုမှာ စပြီး ၀င်ခဲ့ရတယ်…ကျွန်မစာမသင်တတ် သင်တတ်နဲ့ပေါ့….. ဘာအတွေ့အကြုံမှ မရှိတော့ ကျောင်းသားတွေရဲ့ ရှေ့မှာရပ်ရမှာကိုပင် အင်မတန်ကြောက်ခဲ့တယ်…. နောက်တော့ အဲဒီ သင်တန်းက အမကြီးက ကျွန်မကို ကောင်းကောင်းကြီးသင်ပေးခဲ့တယ်…အတန်းနားတဲ့ ရက်တွေမှာဆို ကျွန်မကို သူကစာသင်ခိုင်းတယ်… အဲဒီတုန်းကတော့ ကျွန်မသူ့ကို စာသင်ရမှာ ကိုအင်မတန်ကြောက်ခဲ့တယ်….သူက စာသင်ခိုင်းရင် ကျွန်မ မသင်ချင်သင်ချင်နဲ့ သင်ပြခဲ့တယ်… သူက ကျွန်မကိုစာသင်ရာမှာ ကျောင်းသား / သူ တွေနဲ့ ဆက်ဆံတဲ့ နေရာမှာ ဘယ်လိုပြောရမယ်..ဘယ်လို နေတတ်ရမယ်…နောက်ဆုံးကိုယ်ရဲ့ ကျောင်းသား / သူ တွေအပေါ်မှာ ကြည့်တဲ့မျက်လုံးက အစ သင်ပေးခဲ့တယ်….အဲဒီအမကြီး ကျွန်မအပေါ်ထားတဲ့ စေတနာတွေကြောင့် ခုတော့ကျွန်မ ကျွန်မရဲ့ကျောင်းသား/ သူတွေရဲ့ရှေ့မှာ မင်းသမီး တစ်ယောက် လိုကျွန်မကောင်းကောင်းကြီး သရုပ်ဆောင်တတ်နေပြီလေ…….
Tuesday, June 5, 2007
ယုံကြည်မှုလေး….
ဘ၀အတွက်အောင်မြင်ဖို့ ကြိုးစားတဲ့ နေရာမှာလည်း ကျွန်မတို့တွေ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့ ဟာလည်းလိုအပ်တဲ့ အချက်လေးတစ်ချက်ပေါ့ရှင်… မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ သူဟာ ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ ရောက်နိုင်သလို….ယုံကြည်မှုနည်းတဲ့ သူများကတော့ ရည်မှန်းချက်ပန်းတိုင်ကို ချောမောစွာ ရောက်နိုင်မည်မဟုတ်ပါ….မိမိရဲ့ ဘ၀ကို တည်ဆောက်တဲ့ နေရာမှာ မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ အထူးလိုအပ်ပါတယ်….တခြား သူအောင်မြင်သွားသော အရာမှန်သမျှ မိမိလည်း လုပ်ကိုင်အောင်မြင်နိုင်မည်ဟူသော ယုံကြည်မှုလေး လူတိုင်းတွင်လိုအပ်တာပေါ့ရှင်…..ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးပေါ့နော်.… အရင်က ကျွန်မစာသင်ရမှာကို အင်မတန်ကြောက်တယ်ရှင့်…ကျောင်းသား/ ကျောင်းသူ တွေရဲ့အရှေ့ကိုပင် ရပ်ပြီးမပြောရဲခဲ့ ဘူး….ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာလည်း ပါမှာပေါ့နော်……ငါ့ကိုဘယ်လိုပြောလာရင်တော့ ငါတော့ဒုက္ခပဲ…..ငါဘယ်လို ပြန်ပြောရပါ့.. ယုံကြည်မှုလည်းမရှိခဲ့ဘူး…နောက်တော့ ကျွန်မရဲ့စိတ်တွေကို ပြောင်းလဲ ခဲ့တယ်… အဲဒီစိတ်တွေ ကျွန်မမှာရှိနေသ၍ ကျွန်မဘယ်လိုမှ ရှေ့ကိုဆက်လို့ရမှာ မဟုတ်ဘူး… ကျွန်မကိုယ် ကျွန်မယုံကြည်မှုတွေထားလိုက်တယ်….. ခုတော့ ကျွန်မမှာ အဲဒီစိတ်တွေ မရှိတော့ဘူး…ကျောင်းသား/ သူ ဘယ်လောက်များများ ကျွန်မကောင်းကောင်းကြီး သင်ပြနိုင် ခဲ့ပြီ…..ကျွန်မတို့တွေရဲ့ ယုံကြည်မှုတွေ ပြည့်ဝလာပြီဆိုရင် ကျွန်မတို့ ဘ၀မှာ ဖြစ်ချင်သော ရည်မှန်းချက် များလည်းအလွယ်တကူပြည့်ဝ နိုင်ပါလိမ့်မည်တဲ့လေ…. ကျွန်မတို့ဘ၀ အောင်မြင်မှုအတွက် " ယုံကြည်မှု " မိမိကိုယ်ကို ထားနိုင်ဖို့ မရှိမဖြစ်လိုအပ်ပြီပေါ့ရှင်…..
Saturday, June 2, 2007
မိသားစုထမင်းဝိုင်းလေး….
တစ်နေကုန်ရုံးမှာပဲ စာတွေသင်နေရတဲ့ ကျွန်မအဖို့ အိမ်အပြန် မိသားစု ထမင်းဝိုင်းလေး ကလည်း ကြည်နူးစရာပင်။ ကျွန်မတို့ မိသားစုဟာ လူစုံမှ ထမင်းစားတတ်လေ့ ရှိတယ်…. တစ်ယောက်ယောက် အိမ်ကိုပြန်မရောက်သေးရင် မေမေ့မှာ ထမင်းဝိုင်းလေးကို အသင့်ပြင်ပြီး တမျှော်မျှော်နှင့်ပေါ့…. အိမ်မှာက အလုပ်လုပ်တဲ့သူက (၃)ယောက်ရှိတယ်လေ… အားလုံး လူစုံပြီဆိုရင်တော့ ကျွန်မတို့ရဲ့ ထမင်းဝိုင်းလေးကို စပြီပေါ့… ထမင်းစားရင်းနှင့် ကျွန်မတို့မိသားစု အမြဲဆွေနွေးဖြစ်ကျတယ်… ဖေဖေ ကိုလည်း ကျွန်မတို့တွေ ၀င်ရောက်ဆွေးနွေး ဝေဖန်သလို ၊ ကျွန်မရဲ့ ညီမလေးကလည်း လူတွေရဲ့ကျန်းမာရေးကို ကုသပေးနေတဲ့ ဆရာဝန်တစ်ယောက် ဖြစ်လို့ သူရဲ့ဆေးရုံမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ၊ လူနာတွေရဲ့အကြောင်း၊ ညနေဆေးခန်းမှ အဖြစ်အပျက်များကို ပြောပြလေ့ရှိတယ်… ကျွန်မကလည်း စာသင်နေတဲ့ သူဖြစ်တဲ့ အတွက် ကျွန်မစာသင်တဲ့ အကြောင်းတွေ၊ ရုံးမှာဖြစ်ပျက်တဲ့ ဟာတွေအားလုံးကို ပြောပြလေ့ ရှိတယ်…. အဲဒီအထဲမှ ကျွန်မတို့ရဲ့ လွဲမှားနေတဲ့ အယူအဆများကို ဖေဖေ မေမေ တို့က ဆုံးမသွန်သင်ဝေဖန်ပေးကြတယ်…. ကျွန်မရဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကျွန်မရဲ့ဖေဖေမေမေ လည်းအပါအ၀င်ပေါ့…. ဖေဖေမေမေ တို့ဟာ ငါတို့ဟာမိဘပဲ ငါတို့ပြောတာ အမှန်၊ ငါတို့ပြောတဲ့ အတိုင်းလုပ်ရမယ်လို့ ဘယ်တော့မှ ဆုံးမလေ့မရှိဘူး…..ကျွန်မတို့မောင်နှမတွေကို လွတ်လပ်စွာ ပြောဆိုခွင့် ပေးထားတယ်…. ကျွန်မတို့ရဲ့ ဝေဖန်ပြောဆိုမှု များကိုလည်း ဘယ်တော့မှ ဥပက္ခာပြုလေ့ မရှိဘူး….ထမင်းစားနေရင်းနှင့် ကျွန်မရဲ့ စိတ်မှာ အသိတစ်ခုဝင်လာခဲ့ရတယ်….ကျွန်မတို့ မောင်နှမတွေ အိမ်ထောင်ရက်သားကျခဲ့ကြရင် ….ဒီလိုမျိုးဖေဖေမေမေတို့နှင့် နေ့စဉ် ထမင်းလက်ဆုံစာနိုင်ပါအုံးမလား…??? ကျွန်မတို့အေးမြတဲ့ မိဘအရိပ်မှာ ရှိနေသ၍ ကျွန်မတို့အပေါ်ကျေးဇူးကြီးမားလှတဲ့ မိဘကိုစိတ်ချမ်းသာအောင် ထားခြင်းဟာ မိဘရဲ့များပြားလှတဲ့ကျေးဇူးတရားတွေထဲမှ အနည်းငယ်မျှသောကျေးဇူးဆပ်ခြင်းပဲ လို့ကျွန်မ ခံယူမိလာတယ်…….
“အားပြင်းတဲ့မြားလေးတစ်စင်း……..”
အရင်က ကျွန်မစာဖတ်ရမှာကို အင်မတန်ပျင်းတယ်။စာဖတ်ခြင်းထက် တစ်ချို့ကိစ္စတွေ
ကိုပဲ ကျွန်မလုပ်လိုက်ချင်တယ်။ အလုပ်ပင်ပန်းမှုများကို ဗွီဒီယိုကြည့်ခြင်း၊ သီချင်းနားထောင်
ခြင်းတို့ဖြင့် အပန်းဖြေလေ့ရှိတယ်။ ဗွီဒီယိုကြည့်လိုက်ခြင်းဖြင့် ပင်ပန်းနွမ်းနယ်မှုများကို ခေတ္တ
အပန်းဖြေနိုင်သလို သီချင်းနားထောင်ခြင်းဖြင့်လည်း သောတအာရုံကို ခံစား အပန်းဖြေ နိုင်ပါတယ်..…မှန်ပါတယ်…ကျွန်မတို့ဟာစာဖတ်ခြင်းအလုပ်ဖြင့်လည်း ကျွန်မတို့ရဲ့ ပင်ပန်း နွမ်းနယ်တဲ့ စိတ်များကို အပန်းဖြေနိုင်တယ်ဆိုတာကိုဘာလို့များမေ့လျော့နေ ကြပါလိမ့်……သို့သော် ကျွန်မကို အမြဲသွန်သင်ဆုံးမနေသော သူတစ်ယောက်ကြောင့် ကျွန်မစာဖတ်ခြင်းအလုပ်ကို ကျွန်မစလုပ်ဖြစ်ခဲ့တယ်…..ကျွန်မ ဘ၀အတွက်အရေးကြီးတဲ့ သူတွေထဲမှာ သူလည်းမရှိမဖြစ် လိုအပ်သူတစ်ဦးပေါ့ ….သူရဲ့ ဆုံးမမှုတွေကြောင့် ကျွန်မစာအုပ်တွေကို ချစ်မြတ်နိုးခဲ့ရတယ်…. ကျွန်မ များသောအားဖြင့်တော့ “ဆရာဖေမြင့်” ရေးသားတဲ့ စာအုပ်လေးတွေကို ကျွန်မအများဆုံးဖတ်ဖြစ်တယ်… “မြားတစ်စင်း အရှိန်အဟုန်ပြင်းပြင်းနှင့်ပစ်ခွင်းလိုလျှင်လေးကြိုးကိုတင်းတင်းဆွဲပါတဲ့လေ” တရုတ်စကားပုံလေးတစ်ခုပေါ့….. ကျွန်မတို့ ဘယ်အရာကိုမဆို ကြိုးစားအားထုတ်မှုမရှိပဲ မရနိုင်ဘူးတဲ့လေ…ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တွေ လှပချင်သလား..??? ဦးနှောက်စွမ်းရည် သူများထက်သာလိုပါသလား...?? ဘယ်ကိစ္စကိုမဆို ကျွန်မတို့ ကြိုးစားအားထုတ်ပြီးမှ ရနိုင်တယ်လေ…. အားထုတ်မှု မရှိဘဲနှင့်တော့ ရနိုင်မည်မထင်ပါ…. အားထုတ်မှုကိုတော့ ကျွန်မတို့ အလုပ်ဟုခေါ်မှာပေါ့နော်….အဲဒီအတွက် ကျွန်မတို့ အလုပ်တွေလုပ်နေကြရတာပေါ့… အလုပ်ဆို တစ်ချို့က နောက်တွန့်ချင်ကြတယ်… ကျွန်မကြိုက်တဲ့ စာသားလေးတွေရှိတယ်ရှင့်…. “ အလုပ်သည်လူ့အတွက် ကျိန်စာမဟုတ်…လူကို မြှင့်တင်ပေးသော အရာသာဖြစ်သည်တဲ့လေ” ….. မှန်လိုက်တာနော်… ကျွန်မတို့တွေ အလုပ်ကြောင့်အသိဥာဏ်တွေတိုးပွားလာသလို၊ အလုပ်ကြောင့်လည်းလူတကာနဲ့ပခုံးချင်းယှဉ်နိုင်ကြတာမဟုတ်လား..???? အလုပ်လုပ်တိုင်းရောပြီး ပြီလား…. ကျွန်မတို့ရဲ့အလုပ်၊ ကျွန်မတို့လုပ်ပေးလိုက်တဲ့ အလုပ်တစ်ခု အောင်မြင်စွာပြီးစီးဖို့ ကျွန်မတို့အလုပ်ကို လုပ်ပေးရုံနဲ့ မပြီးနိုင်သေးပါဘူး… ကျွန်မတို့ရဲ့ ၀ီရိယ၊ ဇွဲ၊ ကျွန်မတို့မှာရှိတဲ့ ဥာဏ်တွေကိုကောင်းကောင်း အသုံးချရအုံးမှာပေါ့… ကျွန်မတို့ ဆောင်ရွက်လိုက်သော အလုပ်၏ အရည်အသွေးဟာ ကျွန်မတို့ အလုပ်လုပ်ခြင်းအတွက် အမှတ်တံဆိပ် တစ်ခုဖြစ်နေလိမ့်မည်တဲ့…. အဲဒီကျွန်မတို့ရဲ့ အမှတ်တံဆိပ်လေးဟာ သူတစ်ပါးနဲ့ နှိုင်းယှဉ်ရာမှာ သူအလိုလို တန်ဖိုးတက်လာလိမ့်မည်တဲ့လေ… ကျွန်မကတော့ ဒီစာလေးကို ဖတ်ပြီးတာနဲ့ ဆုံးဖြတ်ချက်ချလိုက်မိတယ်….ကျွန်မဘယ်အရာကိုမဆို သူများထက် သာချင်တယ်…..မတရားတဲ့နည်းနဲ့ တော့မဟုတ်ဘူးနော်….တရားသဖြင့်ပေါ့…အဲဒီအတွက် ကျွန်မအလုပ်လုပ်တဲ့ နေရာမှာ သူများထက်ကြိုးစားတယ်…ဒီစာလေးကို ဖတ်ပြီးတဲ့အချိန်မှာ လည်းကျွန်မအတွက်ခွန်အားတွေရှိလာသလိုခံစားရတယ်…… ဒီထက်မက လည်းကြိုးစားမယ်ဟု ကျွန်မဆုံဖြတ်မိတယ်…..သင်ရော သူများထက်သာလိုပါသလား …????