myalwar.blogspot.com

Monday, September 3, 2007

ရင်ထဲကဆောင်း......

မြလွှာရဲ့ သူငယ်ချင်းလေးတွေဖြစ်တဲ့… TZM နဲ့….ကိုအဉ္ဖလီတို့က မြလွှာကို ဆောင်းရာသီနဲ့ပတ်သက်ပြီး Tag ထားကြတယ်တဲ့လေ…. ဆောင်းရာသီနဲ့ ပတ်သက်ပြီး…. အမှတ်တရလေးတွေပြောပြပေးပါတယ်တဲ့လေ…. မြလွှာလည်း World Blog Day ပွဲလေးက ရှိနေတော့….. အချိန်ကမအားဘူးဖြစ်နေတယ်…. မဖြေသေးဘူးလားဆိုပြီးတော့ လည်း… မြလွှာရဲ့အိမ်လေးမှာ လာလာအော်ကြတယ်… အဲဒါနဲ့…. မြလွှာလည်းဖြေရတော့မှာ ပေါ့နော်…. ဆောင်းရာသီနဲ့ ပတ်သက်ပြီး… မြလွှာပြောရမယ်ဆိုရင်တော့….. မြလွှာ ဆောင်းရာသီ ကို အရမ်းချစ်တယ်ရှင့်…ရာသီဥတုတွေထဲမှာ မြလွှာဆောင်းရာသီကို အကြိုက်ဆုံးပဲလေ… ဘာလို့မြလွှာ ဆောင်းရာသီကိုမှ ချစ်ရသလဲဆိုတော့…. နွေရာသီဆိုရင်… အရမ်းပူတယ်… မန္တလေးမြို့ကလည်း အပူပိုင်းဒေသဖြစ်လို့…. တခြားဒေသတွေထက် ပိုလို့တောင်ပူတယ်… မိုးရာသီဆိုရင်လည်း ….. မိုးတွေကရွာ… ရွံ့တွေ ဗွက်တွေနဲ့ဆိုတော့…..မြလွှာမိုးရာသီကိုလည်း မချစ်ဘူး…. ဆောင်းရာသီကတော့…. အဲဒီလို မဟုတ်ဘူးလေ…. ဘယ်အချိန်..ဘယ်နေရာကိုပဲသွားသွား…. အေးအေးချမ်းချမ်းလေးလေ…. နေလို့လည်းအရမ်းကောင်းတယ်…. ပြီးတော့…. မြလွှာကဆောင်းရာသီမှာ မွေးတာလေ… မြလွှာဆောင်းရာသီမှာမှ…အအေးဆုံးလတွေထဲမှာမှ… ဇန်န၀ါရီလမှာ မြလွှာလူ့လောကကြီးကို စတင်ဝင်ရောက်တာပေါ့… မြလွှာငယ်ငယ်က အရမ်းဆိုးတယ်ရှင့်… မြလွှာရဲ့မေမေနဲ့ ဖေဖေ ကို အရမ်းနှိပ်စက်တယ်လို့… မြလွှာမေမေက ပြောဖူးတယ်… အအေးဆုံးလမှာလည်း မွေးသေးတယ်… မြလွှာ တရေးနိုးလို့…. မေမေက နို့ဘူးဖျော်တိုတ်ရင်…. ပူရင်မသောက်ဖူးတဲ့ ရှင့်… အဲဒါနဲ့ မြလွှာရဲ့ဖေဖေနဲ့ မေမေက နို့ဘူးကို ရေစိမ်ကြတာပေါ့…. အဲဒီတော့ မြလွှာက ပြန်အိပ်သွားပြန်ပြီတဲ့လေ… နို့ဘူးလည်းအေးနေရော….တခါပြန်နိုးပြီး ငိုပြန်ပါရောတဲ့…. အဲဒါနဲ့ နို့ဘူးပြန်ဖျော်….ရေစိမ်… ပြန်အိပ်သွား…အဲဒါတွေနဲ့ပဲ… ဖေဖေနဲ့ မေမေကိုအိပ်ရေးပျက်အောင် မြလွှာလုပ်ခဲ့တယ်လို့ မြလွှာမေမေက ပြောတာပဲ…… အဲဒါလေးကတော့.. မြလွှာ လူ့လောက ကြီးကို စရောက်ရောက်ချင်း…ဆောင်းရာသီနဲ့ ပတ်သက်တဲ့….. အမှတ်တရလေးတစ်ခုပါပဲ… ပြီးတော့… မြလွှာမှာ ဆောင်းရာသီဆိုရင်.. မြလွှာဖြစ်လာတတ်တဲ့ အကျင့်တစ်ခုရှိတယ်ရှင့်… Crazy လို့ ပြောရမှာပေါ့နော်… ဆောင်းရာသီရောက်ခါနီးပြီ ဆိုတာနဲ့…မြလွှာ ပြင်ဦးလွင်ကို သွားချင်နေတယ်…. ပြင်ဦးလွင်မှာက ဆွယ်တာလှလှလေးတွေရှိတယ်လေ….…. မြလွှာ ဆောင်းရာသီမှာ ၀တ်ဖို့ ဆွယ်တာလှလှလေးတွေ သွားဝယ်တာလေ…. မြလွှာဆောင်းရာသီမှာ တခြားအနွေးထည်တွေထက်ကို မြလွှာ ဆွယ်တာလေးတွေကို ၀တ်တတ်တယ်…. ပြီးတော့… မြလွှာချစ်တဲ့သူနဲ့…ဆွယ်တာ အင်္ကျီဆင်တူလေး ၀တ်ချင်တယ်လို့… မြလွှာ စိတ်ကူးယဉ်ခဲ့ ဘူးတယ်….. အဲဒါကတော့ မြလွှာဆောင်ရာသီနဲ့ ပတ်သက်ပြီး….မြလွှာရဲ့ စိတ်ကူးယဉ်မှုတစ်ခုပေါ့နော်… ပြီးတော့ရှိသေးတယ်ရှင့်.. မြလွှာအတွက် အမှတ်ရစရာလေးတွေကလေ….. မြလွှာဘ၀အတွက် အရေးပါတဲ့ သူ၊ မြလွှာဘ၀အတွက် မရှိမဖြစ်လိုအပ်တဲ့သူ၊ ပြီးတော့ မြလွှာကို အမြဲတမ်းဆုံးမ သွန်သင်နေတဲ့သူ…..သူနဲ့လည်း မြလွှာ ဆောင်းရာသီမှာပဲ စဆုံခဲ့တာလေ…. ဆောင်းရာသီကတော့…မြလွှာအတွက် အမှတ်ရစရာတွေပေးခဲ့တဲ့ ရာသီလေးပါပဲ….. သူငယ်ချင်းလေးတွေရေ… မြလွှာဖြေပေးလိုက်ပြီနော်…..



No comments: