myalwar.blogspot.com
Thursday, July 26, 2007
အမေရှိလျှင်.....
မြလွှာဒီရုံးကို ရောက်မှသိရတယ်... ဒီနေ့ဟာ... Happy Parents' Day တဲ့လေ... မြလွှာလည်း မိဘကိုမှ အမေနဲ့ ပတ်သတ်တဲ့ Post ကိုတင်မယ်စိတ်ကူးလာတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့နော်.. မြလွှာရဲ့ မေမေက မြလွှာကို အလုပ်တစ်ခုလုပ်ခိုင်းတယ်... ဒီစာလေးကို ရိုက်ပေးပြီး Print ထုတ်ပေးပါတဲ့လေ... အိမ်မှာကပ်ထားချင်လို့ပါတဲ့.... မြလွှာလည်း ဘာပါလိမ့်ပေါ့... ရုံးချိန်နီးနေပြီ ဖြစ်လို့ ဘာစာမှန်းမသိဘဲ... မေမေ့ဆီက ယူလာမိတယ်... ရုံးကိုရောက်မှ ဖွင့်ကြည့်တော့ ကဗျာလေး တစ်ပုဒ်ဖြစ်နေတယ်... ဟိုးတုန်းက သတင်းစာမှာပါတဲ့ ကဗျာတစ်ပုဒ်ကို အင်္ဂလိပ်ဆရာမတစ်ယောက်က ဘာသာပြန်ဆိုထားတာပါ.. ဒီစာသားလေးကို ဖတ်ပြီးမှ မြလွှာအမေရဲ့ တန်ဖိုးကို ပိုပိုခံစားမိလာတယ်... မြလွှာတို့တွေ လူရယ်လို့ ဖြစ်လာရင် အမေဆိုတာကတော့ လူတိုင်းပိုင်ဆိုင်ထားကြတဲ့ တန်ဇိုးထိုက်တန်လှတဲ့ လူတစ်ယောက်ပါပဲ....အမေရှိနေစဉ်မှာတော့ အမေရဲ့တန်ဖိုးဆိုတာကို သိပ်မသိကြဘူးပေါ့... အမေကို တန်ဖိုးထားဖို့ လေးစားဖို့ ရေးထားတာပါ... မြလွှာတို့ရဲ့ မြတ်စွာဘုရားတောင်မှ မိခင်ရဲ့ နို့တစ်လုံးဖိုးပဲ....ကျေအောင်ဆပ်နိုင်ခဲ့ တာလေ... မြလွှာတို့လို ပုထုဇဉ် လူသားတွေကကော ဘယ်လို ကျေအောင်ဆပ်နိုင်ပါ့.... မိခင်ရဲ့ ကျေးဇူးကို ဆပ်နိုင်ဖို့မပြောနဲ့ တန်ဖိုးကို သိတတ်အောင်ပင် မနည်းကြိုးစားကြရမှာပါ...
If you have a mother
Treasure her with care
For you never know her value
Till you see her vacant chair.
"အနန္တဂိုဏ်းဝင်၊ မွေးမိခင်ကို
ချစ်ခင်လေးစား၊ တန်ဖိုးထားပါ။
လှုပ်ရှားသွားလာ ၊ဟန်မူရာသည်
အိမ်မှာပပျောက်၊ ထိုချိန်ရောက်မှ
ဆောက်တည်မရ၊ နောင်တရလျှင်
ဘ၀တစ်လျှောက်လုံး၊ ယူကြုံးမရ ဖြစ်ရလိမ့်မည်။"
မြလွှာသိလိုက်တာလေးကို အားလုံးကိုမျှဝေပေးလိုက်တယ်နော်..........
Sunday, July 22, 2007
ဒီနေ့ပွဲ..... ဒီလိုဒီလို...........
မြလွှာတို့ရဲ့ Service+ Company ကဦးဆောင်ပြီး ဟောပြောပွဲတစ်ခုလုပ်တယ်...
Blogger တွေတော်တော်များများ လာအားပေးကြတယ်... အားလုံးပျော်ဖို့ကောင်းပါတယ်...
မြလွှာလည်း ပျော်တယ်....အားလုံးခုမှ မြင်ဘူးကြလို့လေ..
ဒီလိုဒီလို ရေးခဲ့ကြတယ်.. အမှတ်တရလေးတွေ..
ဒီလိုဒီလို စားစရာတွေ စုံစုံလင်လင်... အသီးတွေပေါ့နော်..
တစ်ခြားတွေစားတာ ထက်အသီးတွေက ပိုပြီးအကျိုးရှိလိုပေါ့နော်..
မြလွှာတို့ က ဒီလိုဒီလို Idea လေ.....
ဒီလိုဒီလို Blogger တွေစုံစုံလင်လင်.... ပျော်စရာပေါ့..
Tuesday, July 17, 2007
တစ်တို့ နှစ်တို့.... မြည်းကြည့်ကြပါနော်..
မြလွှာခု စာအုပ်လေးတစ်အုပ်ကို ဖတ်မိတယ်.. စာအုပ်လေးကတော့ ဆရာရဝေနွယ် (အင်းမ) ရေးထားတဲ့ စာအုပ်လေးပါပဲ.. ဘာများလဲပေါ့.. မြလွှာဖတ်လိုက်တဲ့ စာအုပ်လေးက သေးသေးလေးရယ်ပါ.. အမှန်ပြောရရင်.. မြလွှာ စာအုပ်လေးရဲ့ အပြင်ပန်းကိုကြည့်ပြီး.. နည်းနည်းအထင်သေးလိုက်မိတယ်.. ဖတ်ပြီးမှ.. မြလွှာထင်တာ မှားနေပါလားဆိုတာ သိလာရတယ်.. တစ်ခါတစ်လေကျရင်.. တစ်ချို့ကိစ္စတွေဟာ.. အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူးနော်.. .. လောကကြီးမှာ အေးမြခြင်းနဲ့ ပူလောင်ခြင်းဟာ အမြဲပဲဒွန်တွဲနေတယ်... အေးမြခြင်းရှိရင်.. ပူလောင်ခြင်းဆိုတာ.. ဖြစ်လာမှာပဲလေ.. အပူလောင်ဆုံးကတော့ ဒေါသမီးပါပဲ.. ဒေါသမီးလောင်ကျွမ်းရင်.. အင်မတန်မှ ပူလောင်လှပါတယ်.. .ကိုယ်သဘောမတွေ့တဲ့ အာရုံတွေ့တိုင်း ဒေါသဖြစ်နေမယ်ဆိုရင်.. ဒေါသဆိုတာက ဖြစ်လို့ကိုဆုံးမှာမဟုတ်တော့ ပါဘူး... စကားကို ဟိုပြောဒီပြော ပြောတတ်တဲ့သူနဲ့တွေ့ရင် “ သြော်... သူကစကားကို ဟိုပြောဒီပြော ပြောတတ်တဲ့ စရိုက်ရှိတဲ့သူပဲလေ” ဆိုပြီးသည်းခံခွင့်လွှတ်ရမယ်.. နာမည်ယူတတ်တဲ့ သူကိုတွေ့ရရင်လည်း.. “ သြော်... သူကနာမည်ယူတတ်တဲ့ စရိုက်ရှိတဲ့သူပဲလေ” ဆိုပြီး သည်းခံခွင့်လွှတ်ရပါတယ်... မနာလိုဝန်တိုတတ်တဲ့.. သူကိုတွေ့ရတဲ့အခါမှာလည်း.. “ သြော်.. သူက မနာလိုဝန်တိုတတ်တဲ့ စရိုက်ရှိတဲ့သူပဲလေ” ဆိုပြီးသည်းခံခွင့်လွှတ်ရပါမယ်.. စပ်စုတတ်တဲ့သူကို တွေ့ရတဲ့ အခါမှာလည်း.. “ သြော်.. သူကစပ်စုတတ်တဲ့ အကျင့်ရှိလို့ပဲလေ” ဆိုပြီး သည်းခံ ခွင့်လွှတ်ရပါတယ်.. ‘ဒီလိုပါပဲ... လူတွေရဲ့ဖြစ်တတ်တဲ့စရိုက်ကို အာရုံပြုပြီး.. “ စရိုက်ဆိုတာ ပယ်ရခက်တယ်လေ ဆိုပြီး.. သည်းခံခွင့်လွှတ်ရပါတယ်.. ကိုယ်လုပ်နေသမျှ ကာလ တစ်လျှောက်လုံးမှာ.. ကိုယ်သဘောမတွေ့တဲ့ အာရုံတွေကတော့... တစ်ခုမဟုတ် တစ်ခုတွေ့နေရမှာပါ.. ကိုယ်သဘောမတွေ့တဲ့ အာရုံတစ်ခုနဲ့ တွေ့တိုင်း ခန္တီကို လက်ကိုင်ပြီး... ရှေ့ကို ဆက်ရမှာပါ... သည်းခံဖူးမှ သည်းခံခြင်းရဲ့ အရသာကို သိတာပါ... ခွင့်လွှတ်ဖူးမှ ခွင့်လွှတ်ခြင်းရဲ့ အရသာကို သိတာပါ.. ကိုယ်က အဲဒီအရသာကို သိချင်ရင် သည်းခံခြင်း နဲ့ ခွင့်လွှတ်ခြင်းတို့ကို တစ်တို့ နှစ်တို့ လောက်တော့ မြည်းကြည့်သင့်ကြပါတယ်နော်... မြလွှာပြောတာ ဟုတ်တယ်ဟုတ်.. အရသာကို ကောင်းကောင်းသိသွားရင်တော့... ခွင့်မလွှတ်ရမနေနိုင်လောက်အောင်ကို ဖြစ်သွားပါလိမ့်မယ်.... ပြီးတော့.. အချစ်ဝတ္ထုရေး ဆရာတွေက မကြာခဏရေးလေ့ ရှိတဲ့စာပိုဒ်တစ်ပိုဒ်ရှိပါတယ်တဲ့လေ.. ကမ္ဘာကြီးဟာ အမှန်တကယ်လုံးပြီး... ၂၃၁/၂ ဒီဂရီတိမ်းစောင်းပြီး... ၂၄နာရီ တစ်ပတ်လည်နေခဲ့ရိုး.. မှန်ခဲ့ရင်... ကျောခိုင်းပြီးခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ... တစ်ချိန်ချိန်မှာ မျက်နှင်ချင်းဆိုင်ပြီး ပြန်တွေ့ကြပါလိမ့်မယ်တဲ့လေ... အချစ်ဝတ္ထုရေးဆရာတွေက.. သိပ္ပံသဘာဝကို ကိုင်ပြီးရေးကြတာပါ... ကံကြမ္မာသဘောတရားအရလည်း လူနှစ်ယောက်ဟာ နိဗ္ဗာန်မရသေးသမျှ တစ်ချိန်ချိန် တစ်နေရာရာမှာ ပြန်လည်တွေ့ဆုံကြရဦးမှာပါ.. အဲဒီလိုမျက်နှာချင်းဆိုင် ပြန်လည်တွေ့ဆုံကြရတဲ့ အခါ... ဘယ်လိုမျက်နှာတွေနဲ့ ဆုံကြမလဲ ၊၊ အဲဒီအခါ သူကလည်းအပြုံး ကိုယ်ကလည်းအပြုံးနဲ့ နှုတ်ဆက်လိုက်ကြတဲ့ အချိန်ဟာ ကမ္ဘာလောကကြီးရဲ့.. တစ်နေရာမှာ အလှဆင်လိုက်ကြတာပါ.. ကိုယ်သဘောမတွေ့ တဲ့အာရုံတစ်ခုကို တွေ့ရတဲ့အခါ သည်းခံခွင့်လွှတ်ကြည့်ပါလား ??? ..... အရသဘယ်လိုရှိတယ်ဆိုတာ သိရအောင်လို့ပါ... ခွဲခွာခြင်းတွေနဲ့ ဝေးကွာကြရင်.. တစ်နေရာမှာ ကံအားလျော်စွာ ပြန်ဆုံကြရတဲ့ အခါ... အပြုံးတွေနဲ့ နှုတ်ဆက်နိုင်အောင်ရယ်ပါ.... မြလွှာလည်း ခွင့်လွှတ်ခြင်းရဲ့ အရသာကို သေချာမသိသေးဘူးနော်... ခုမှ တစ်တို့နှစ်တို့ စမ်းသပ်ဆဲနော်.....
Saturday, July 14, 2007
အနှိုင်းမဲ့ပိုက်ကွန်..
လောကကြီးမှာ ရှိရှိသမျှပိုက်ကွန်တွေထဲမှာ..... မောဟပိုက်ကွန်ဟာ အနှိုင်းမဲ့ဆုံးသော ပိုက်ကွန်တစ်ခုပါပဲ.... မောဟပိုက်ကွန်ထက်ပိုပြီး.. သတ္တ၀ါတွေကို ငြိယှက် ဖုံးကွယ်တတ်တဲ့ပိုက်ကွန်မရှိလောက်အောင်ပါပဲ....ဘာဖြစ်လို့များပါလိမ့်နော်... ပိုက်ကွန်ဆိုတဲ့သဘာဝကလည်း.. ပိုက်ကွန်အတွင်း ၀င်ရောက်လာတဲ့ သတ္တ၀ါတွေကို ချည်နှောင်ထားတတ်တဲ့ သဘောရှိပါတယ်.. ပိုက်ကွန်အတွင်းဝင်ရောက်မိတဲ့ သတ္တ၀ါတွေဟာ..အပြင်ဘက်ကို ရောက်ရန် အင်မတန်ခဲရင်းလှပါတယ်.... ပိုက်ကွန်ထဲရောက်နေမှန်းသိပါရက်နဲ့ ပိုက်ကွန်မိနေမှန်း သိပါရက်နဲ့... ပျော်နေတဲ့ သတ္တ၀ါတွေ ၊ စိတ်ချမ်းသာနေတဲ့ သတ္တ၀ါတွေကတော့.. အင်မတန်မှကို မိုက်မဲလွန်းလှပါတယ်... အင်မတန်မှလည်း အ ယ လွန်းလှပါတယ်.. သတ္တ၀ါတွေဟာ.. ကိုယ်ပြုတဲ့ကံ.. ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အကျိုးကို.. ကိုယ်တိုင်ပဲ ခံစားကြရပါတယ်.. ကောင်းကံပြုပြီး ကောင်းတာလုပ်ရင်.. ကောင်းကျိုးခံစားရမယ်.. မကောင်းကံပြုပြီး.. မကောင်းတာလုပ်ရင်.. မကောင်းကျိုးခံစားရမယ်တဲ့လေ... မောဟပိုက်ကွန်မိနေတဲ့.. လူတစ်ယောက်ဟာ.. ကောင်းကံ၊ မကောင်းကံကို သူ့မှာ ဝေဖန်ပိုင်းခြားနိုင်စွမ်း.. မရှိတော့ဘူးတဲ့လေ.. မောဟပိုက်ကွန်ရဲ့.. ရစ်ပတ်အချုပ်အနှောင် ခံနေရသမျှတော့.. သံသရာဝဋ် ဆင်းရဲထဲကနေ.. ဘယ်လိုနည်းနဲ့မှ မလွတ်မြောက်နိုင်တော့ဘူးပေါ့.. “မသိတော့လိုချင် ၊ လိုချင်ရင်တော့ စွဲလမ်း ၊ စွဲလမ်းတော့ ပြုလုပ် ၊ ပြုလုပ်တော့ရ ၊ ရတော့ဒုက္ခ ” ဆိုတဲ့ အတိုင်း မသိမှု မောဟက သံသရာစက်ရဟတ်ကြီး မဆုံးနိုင် မရပ်နိုင်.. လည်ပတ်နေကြအုံးမှာပါ.....
"သတိအိမ်သာ" ငြိမ်းအေးရာ…..
" သတိ ၊ သတိ… " ဒီစကားလုံးလေးဟာ….မြလွှာတို့အတွက် ရင်းနှီးပြီးသားပါ….. ဒါပေမယ့်….. အရှင်ဆန္ဒဓိက ရေးထားတဲ့ စာအုပ်လေးကို ဖတ်လိုက်မ....ပိုပြီးပြည့်ပြည့် စုံစုံ….. သိလာရတယ်… ဘယ်ကိစ္စမဆို… မြလွှာတို့တွေအလုပ်လုပ်တဲ့ နေရာမှာ….သတိရှိဖို့…. အင်မတန်အရေးကြီးပါတယ်…. စားသတိ.. သွားသတိပေါ့…… လောကကြီးမှာ ကိုယ်ဖြစ်ချင်တဲ့ အတိုင်းသာ ဖြစ်နေမယ်ဆိုရင်တော့…. အားလုံးအိုကေပေါ့နော်….. ဒါပေမယ့်…. တစ်ခါတစ်လေ… ကိုယ်ရဲ့စိတ်ဆန္ဒနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်တဲ့အခါ…. ကိုယ်ရဲ့ကြိုးစားမှုမအောင်မြင်တဲ့အခါ……. မြလွှာတို့ရဲ့စိတ်ဓာတ်တွေဟာ အလိုလိုနေရင်း… ဟိုးအောက်ဆုံးကို ရောက်သွားတတ်တယ်….. ဒါပေမယ့်……ဘယ်ကိစ္စပဲ ကြုံလာကြုံလာ…. မြလွှာတို့မှာ ရှိပြီးသား… " အသိလေး " တွေကို " သတိ " နှင့်ဆင်ခြင်လိုက်ရင်တော့…. မြလွှာတို့ရဲ့… အောက်ကိုကျနေတဲ့ စိတ်ဓာတ်တွေဟာ အလိုလိုနေရင်း… ပြည့်ဝလာပါလိမ့်မယ်လို့တော့… မြလွှာယုံကြည်နေတယ
Wednesday, July 11, 2007
(၃) မိနစ်ပဲစောင့်…….
မြလွှာအရင်က စိတ်အင်မတန်ဆိုးတယ်… စိတ်လည်းအင်မတန်ကောက်တတ်တယ်…. စိတ်ဆိုးတယ်ဆိုတာက သူများအပေါ်မှာ မကောင်းတဲ့စိတ်ထားတာ မဟုတ်ဘူးနော်…. စိတ်ကြီးတယ်လို့ ပြောရမှာပေါ့နော်… အတ္တ ၊ မာန်မာန တွေနဲ့ ပြည့်နေတဲ့ သူတစ်ယောက်ပေါ့…. အဲဒီတုန်းက မြလွှာကို ကြည့်ရတာ အရမ်းပူလောင်တယ်တဲ့လေ…. သူများက တစ်ခုခု ပြောလာရင်…လုံးဝသည်းခံချင်စိတ် မရှိခဲ့ဘူး….အဲဒီတော့ ဘာဖြစ်လာသလဲ…. ??? မြလွှာပဲ ပေါင်းသင်းဆက်ဆံရေးတွေညံ့ဖျင်းလာခဲ့ရတယ်….. လမ်းမှာတွေ့ရင်တောင်မှ ကိုယ့်ရဲ့မျက်နှာက တည်နေလို့….. ခေါ်မယ့်ပြောမယ့်သူမရှိလောက်အောင်ပါပဲ……. ကိုယ့်ထမင်းကိုစားပြီးတော့….. ဘယ်သူက သည်းခံချင်မှာလဲနော်….. ပြီးတော့ ကိုယ့်အပေါ်ကို တစ်ခုခု ပြောလာခဲ့ရင်…. ချက်ချင်း Response ပေးချင်မိတယ်…. စိတ်ထဲရှိတဲ့အတိုင်း… စိတ်တိုနေတဲ့ အချိန်၊ စိတ်ရှုပ်နေတဲ့ အချိန်…. စိတ်ရိုင်းဝင်နေတဲ့ အချိန် မျိုးးတွေဆိုရင်တော့……. အမှားတွေပြော… အမှားတွေလုပ်မိတော့တာပေါ့….. နောက်တော့ မြလွှာရဲ့ဆရာတစ်ယောက်က မြလွှာကို ပြောပြတယ်… သမီးစိတ်ဆိုးတော့မယ်….ဒေါသထွက်လို့… တုန့်ပြန်တော့မယ်ဆိုရင်… ချက်ချင်းမဆောင်ရွက်ပါနဲ့တဲ့လေ… သွေးပူနေတော့…. အမှားတွေပြော.. အမှားတွေ ပါတတ်ပါတယ်တဲ့…. အချိန်နည်းနည်းလေးစောင့်လိုက်ပါတဲ့လေ…. မြလွှာလည်း အစက နားမလည်ခဲ့ဘူး…..ဆရာကပြောတယ်…. “ ၃မိနစ်ပဲစောင့်” တဲ့….. မြလွှာလည်း ဘာပါလိမ့်ပေါ့….. TV မှာကြော်ငြာနေတဲ့ ခေါက်ဆွဲကြော်ငြာလားပေါ့နော်… ပြီးမှ….. ဆရာက စိတ်တိုလို့… ပြန်တုံ့ပြန်တော့မယ်ဆိုရင်…. ၃မိနစ် စောင့်လိုက်ပါတဲ့လေ…. အဲဒီ ၃မိနစ် ဆိုတဲ့ အချိန်လေးဟာ… တစ်ဘ၀လုံးအတိုင်းအတာနဲ့ ဆိုရင် ဘာမှ မပြောပလောက်ပါဘူးတဲ့…. ဟုတ်သားပဲနော်…. အဲဒီ ၃မိနစ် ပြည့် လို့မှ….. သေချာ စဉ်းစား ဆုံးဖြတ်ပြီးမှ ဆောင်ရွက်ပါတဲ့….. အဲဒီလို ဆောင်ရွက်လိုက်လို့…… မြလွှာတို့.ဘာမှ ဆုံးရှုံးမှု မဖြစ်ပါဘူးတဲ့လေ….. မြလွှာကိုယ်တိုင်လည်း…. အကျိုးကျေးဇူးတွေ အများကြီးရလာရတယ်…. အရင်ကထက် ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းလာတယ်…… အဲဒီတော့… မြလွှာကတော့…စိတ်ဆိုးတော့မယ်ဆိုရင်.. “၃မိနစ်ပဲ စောင့်နော်”……….
စိတ်ကောင်းရှိဖို့က-ပထမ.......
လူတိုင်းလူတိုင်းမှာ စိတ်တစ်ခုစီကို ပိုင်ဆိုင်ထားကြတယ်..... အဲဒီပိုင်ဆိုင်ထားတဲ့စိတ်ကို မြလွှာတို့ ဘယ်လိုအကျိုးရှိအောင်လုပ်ကြမလဲ ??? အသုံးချကြမလဲ......လူရယ်ဖြစ်လာရင်တော့ စိတ်တစ်ခုစီပိုင်ဆိုင်ကြမှာပဲလေ..... အဲဒီပိုင်ဆိုင်လာတဲ့စိတ်မှာမှ... မျိုးစုံဖြစ်နေရတယ်.... မကောင်းတဲ့စိတ်...ကောင်းတဲ့စိတ် မျိုးစုံပါပဲလေ.... တခါတလေ...၀န်တိုစိတ်...မခံချင်စိတ်... ချစ်တဲ့စိတ်..မုန်းတဲ့စိတ်... မျိုးစုံပါပဲလေ....တခါတလေတော့လည်း မြလွှာတို့လူသားတွေဟာ ပုထုဇဉ်တွေဖြစ်လို့ စိတ်ဆန္ဒမျိုးစုံဖြစ်နေတော့တာပေါ့... ..... စိတ်မျိုးစုံဖြစ်နေတတ်တဲ့ အဲဒီစိတ်ကိုတော့ မြလွှာတို့ထိန်းချုပ်နိုင်ဖို့ အင်မတန်အရေးကြီးလှပါတယ်.... ကိုယ်ရဲ့လတ်တလော......ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုအပေါ်မှာ အမှားအယွင်းတွေမလုပ်မိဖို့ အရေးကြီးပါတယ်.... စိတ်ရဲ့အလိုကိုမလိုက်မိဖို့ပေါ့နော်... အရေးကြီးတယ်ဆိုတာက ..... မြလွှာတို့ဖြစ်ပေါ်လာတဲ့ စိတ်ကို သူတစ်ဖက်သား ထိခိုက်နစ်နာအောင် မလုပ်မိဖို့ အလွန်အရေးကြီးလှပါတယ်.... တစ်ခါတစ်လေ...ကိုယ်ရဲ့ စိတ်ခံစားမှု အရ လုပ်လိုက်တဲ့ အပြုအမူဟာ... အခြားတစ်ဘက်မှာ ထိခိုက်မှုတွေအများကြီး ဖြစ်သွားတယ်ဆိုရင်...... တရားပါ့မလားနော်...... ဒါပေမယ့်သေချာတာကတော့ .....မြလွှာဖတ်ဖူးတဲ့ " အရှင်ဇနကာဘိဝံသ " ရေးသားထားတဲ့ အလင်္ကာလေးလိုပေါ့ရှင်...... "စိတ်ကောင်းရှိဖို့ က-ပထမ " စိတ်ဆိုးစိတ်ယုတ်မာ ရှိသူများသည်..ဒါနပင် ပြုပြု ၊သီလပင် ဆောက်တည်ဆောက်တည်...၊ ဘာဝနာ ကမ္မဌာန်းပင် စီးဖြန်းစီးဖြန်း ၊ မည့်သည့် ကုသိုလ်အလုပ်ကိုပင် လုပ်စေကာမူ ၊ ထိုအလုပ်တွင် ရိုးသားဖြူစင် သည်ဟု မမှတ်ယူနိုင် " တဲ့လေ.... "စိတ်ကောင်းမရှိသူများ၏ ကုသိုလ်ကံ အကျိုးပေးများသည် ကောင်းကောင်းမွန်မွန် ၊စင်စင်ကြယ်ကြယ် မရှိပါတဲ့လေ.... လောကမှာ စိတ်ကိုဖြူစင်အောင်ထားရေးသည် အလွန်ပင်အရေးကြီး၏၊ မိမိစိတ်ကို သန့်စင်အောင်ပြုလုပ်ပါက ...သဒ္ဒါထူး၊ပညာထူးတွေ ရနိုင်တယ်တဲ့လေ..... သူတော်စင်ဘ၀ သို့ရောက်နိုင်ပါတယ်တဲ့... " မြလွှာအရမ်းသဘောကျတဲ့ စိတ်အကြောင်းလေးပေါ့နော်..... မြလွှာမှာ ယုံကြည်မှုတစ်ခုရှိတယ်.... ဘယ်သူ့ကိုမဆို စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံမယ်... ဘယ်တော့မှ သူများအပေါ်မှာ မကောင်းတဲ့ စိတ်မမွေးဘူး... အဲ့ဒီအတွက် မြလွှာတို့မှာတူသော အကျိုးပေးမယ်လို့ ခံစားရတယ်.... မြလွှာရဲ့ အမြင်ကိုပြောတာနော်... သူငယ်ချင်းတို့ရော...ဘယ်လိုတွေမြင်ကြလဲ...???? သူများကိုနိုင်ချင်တဲ့ စိတ်ဟာ ကလေးဆန်တဲ့ စိတ်ဖြစ်တယ်တဲ့လေ…. ဒါဆိုရင်တော့ မြလွှာကလေးဆန်နေပြီးလား မပြောတတ်ဘူး… ဘာလို့လဲဆိုတော့ ဘယ်ကိစ္စကိုမဆို မြလွှာအနိုင်လိုချင်တယ်လေ….တရားသောနည်းလမ်းနဲ့ပြောတာနော်….. အဲဒီလိုနိုင်ဖို့အတွက်လည်း…. မြလွှာဆီမှာ ခွန်အားတွေရှိနေတယ်….. တခြားတော့မဟုတ်ပါဘူး… ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိနေမိတယ်……သူများကို အပြစ်ရှာချင်တဲ့စိတ်ဟာ မရင့်ကျက်သေးတဲ့ စိတ်ဖြစ်တယ်တဲ့ လေ….. ဒါကြောင့် မြလွှာတို့တွေ သူများတွေကို အပြစ်ရှာချင်တဲ့ စိတ်တွေရှိနေခဲ့မယ်ဆိုရင်….အဲဒါတွေဟာ မကောင်းဘူးဆိုပြီး….. အဲဒီစိတ်တွေကို မမွေးရဘူးနော်…… အောင်မြင်မှုတစ်ခုကို ရဖို့ အတွက် မြလွှာတို့မှာ တစ်ခုရှိဖို့ပဲ လိုတယ်…. အဲဒါဘာလဲဆိုတော့…..အဲဒါမှန်ကန်တဲ့ စိတ်လေးထားတတ်ဖို့ပါပဲ……. အောင်မြင်မှုဆိုတဲ့အရာဟာ ….. စိတ်ဓာတ်အရည်အသွေး ပြည့်ဝတဲ့ သူတွေပဲ ရနိုင်တာတဲ့……. နောက်စာအုပ်ထဲမှာ ပြောထားသေးတယ်ရှင့်……. သူများပါးစပ်လှုပ်တိုင်းသာ ကိုယ်ရဲ့စိတ်က လှုပ်ရှားရမယ်ဆိုရင်…. ကိုယ်ဘ၀ဟာ သူများပါးစပ်မှာ လမ်းဆုံးသွားမှာမယ်တဲ့…… မြလွှာကတော့ မြလွှာရဲ့ ဘ၀ကို သူများပါးစပ်မှာ ဘယ်တော့မှာ လမ်းဆုံးဖြစ်အောင် မလုပ်ဘူး……
Tuesday, July 10, 2007
ကြည့်ပေးကြအုံးနော်.....
မြလွှာခု ကျောင်းသူကျောင်းသားတွေကို Blog သင်ပေးနေတယ်.....
မြလွှာ အရမ်းကြီးရလို့ တော့ မဟုတ်ဘူးနော်.....
မြလွှာတတ်သလောက် မှတ်သလောက်ပေါ့.....
မြလွှာရဲ့ ကျောင်းသူကျောင်းသား Blog တွေကို ကြည်ပေးကြအုံးနော်...
http://zawmdy.blogspot.com
http://gigimdy.blogspot.com
Sunday, June 24, 2007
စိတ်ဆိုးတော့မယ်ဆိုရင်….
Saturday, June 23, 2007
တန်ဖိုးလေး..........
မြလွှာဒီတစ်ခါ အားလုံးကို ချစ်ဖို့ကောင်းတဲ့ ငါးလေးတွေကို မျှဝေပေးလိုက်ပြီနော်....
အရင်ကတော့
အလှမွေးငါးလေးတွေ ရောင်းတဲ့ ဆိုင်ဆိုတာ မန္တလေးမှာ သိပ်မရှိခဲ့ဘူး... ခုတော့ မြလွှာရဲ့ မောင်လေးတစ်ယောက်ရဲ့ဆိုင်ပေါ့နော်....သူက Discovery လို့ပေးထားတယ်... သူရဲ့ဆိုင်လေးမှာက အလှမွေးငါးတွေမျိုးစုံအောင်ရောင်းတယ်လေ.... ငါးလေးတစ်ကောင်ရဲ့တန်ဖိုးဟာ ရာကျော်တန်ဖိုးကနေ...သိန်းကျော်တန်ငါးလေးတွေထိ ရှိတယ်.... တစ်ချို့ကလည်း....Lucky fish ဆိုတဲ့ ငါးလေးတွေကို အလှမွေးတတ်တယ်......အဲဒီ ငါးလေးတွေကို မွေးရင် အိမ်မှာ lucky ကောင်းလို့တဲ့လေ.....အမျိုးစုံပါပဲ........ တစ်ချို့ငါးလေးတွေဆိုသေးသေးလေးတွေ ဒါပေမယ့် မေးလိုက်တော့ သူတို့ရဲ့ တန်ဖိုးက သိန်းကျော်နေရောလေ....မြလွှာတို့လည်း ငါးလေးတွေလိုပဲ ....လူတစ်ယောက်ရဲ့ အပြင်ပန်းကို ကြည့်ပြီး မြလွှာတို့ သူတို့ရဲ့အရည်အချင်းတွေကို ဆုံးဖြတ်လို့ မရဘူးလေ......ဒါကလည်း မြလွှာတို့သိသင့်တဲ့ အချက်လေးပေါ့နော်..........