myalwar.blogspot.com

Saturday, May 19, 2007

စိတ်အလှတိုးစေဖို့…

ကျွန်မကြိုက်တဲ့ စာအုပ်လေးတစ်အုပ်ပေါ့… ဆရာခင်မောင်သန်း(စိတ်ပညာ) ရေးတာလေ…ဒီစာအုပ်လေးထဲမှာတော်တော်ကို စုံတယ်…ယဉ်ကျေးစွာ ဘယ်လိုပြောဆိုမလဲ ….ကျိုးကြောင်းဘယ်လိုဆင်ခြင် ကြမလဲ… မိမိအားပြောဆိုသူတွေကို ဘယ်လိုတုံ့ပြန်မလဲ….ဘယ်လိုနားထောင်မလဲ… ဘယ်လိုတွေမေးမလဲ…. စကားလမ်းကြောင်းဘယ်လို လွှဲမလဲ….ကိုယ်ရဲ့အမြင်ကို တစ်ဘက်လူသိအောင် ဘယ်လိုပြောမလဲ…မိမိပြောချင်တဲ့ အကြောင်းကို တစ်ဘက်လူကို ဘယ်လို စကားဖြတ်ပြောမလဲ…….မိမိရဲ့သဘောထားကို ဘယ်လိုပြောမလဲ…… အဲဒါလေးတွေပါဝင်တယ်…..လူတိုင်းဖတ်သင့်တဲ့စာအုပ် လေးပေါ့ ရှင်……ကျွန်မကြိုက်တဲ့ စာသားလေးတွေ ရှိတယ်…… လူတွေကသူများရဲ့ အပြုအမူတွေကိုပဲဝေဖန်နေ ကြတယ်…. ကိုယ်တိုင်ကျ ဘယ်လိုပြုမူဆက်ဆံရမယ်ဆိုတာကို မေ့လျော့နေကြတယ်… အဲဒါကို ဆရာက သူများတွေကိုဆက်ဆံတဲ့ နေရာမှာ ဘယ်လိုဆက်ဆံသင့်တယ် ဆိုတာကို အရေးပေးပြီးရေးသားထားပါတယ်…..သူပြောထားတဲ့ တစ်ချို့စာသားလေးတွေဆိုရင် ကျွန်မတော်တော်ကို ကြိုက်နှစ်သက်မိတယ်....

ရုပ်အလှကို မျက်စိနဲ့ ခံစားနိုင်သလို.. စိတ်အလှကိုလည်း နားနဲ့ ခံစားနိုင်တယ်တဲ့ လေ…မိမိရဲ့စိတ်အလှကို တိုးစေဖို့ မိမိကိုယ်တိုင် ဆောင်ရွက်မှရသတဲ့လေ.. အဲဒီလိုဆောင်ရွက်နိုင်ဖို့ ဥာဏ်ကောင်းဖို့မလိုသလို..အသိဥာဏ်ကြွယ်ဝဖို့လည်း မလိုပါဘူးတဲ့လေ….
စိတ်ထားတတ်ဖို့ပဲလိုတယ်တဲ့….သူကပြောထားသေးတယ်..
အငြင်းပွားမှုဆိုတာ အတ္တအချင်းချင်းခိုက်ရန် ဖြစ်ပွားတာပဲ ဖြစ်တယ်တဲ့လေ...
ဘယ်လိုပဲဖြစ်နေဖြစ်နေ သူကြည့်တဲ့ ရှုထောင့်က ကြည့်တတ်ချင်းဟာ
လှပတဲ့စိတ်ထားရှိခြင်းပဲဖြစ်တယ်တဲ့လေ…ကျွန်မလုပ်တဲ့အလုပ်က စာသင်တဲ့အလုပ်ဖြစ်လို့
ကျောင်းသား၊ကျောင်းသူတွေရဲ့ စိတ်ဝင်စားမှုကိုရဖို့ကလည်း စာသင်တဲ့နေရာမှာ ဆွဲဆောင်မှု ရှိဖို့လိုလာပြန်ရော….ရုပ်လှတာမလှတာနဲ့ မဆိုင်ဘူးနော်….. စိတ်ဝင်စားစရာဖြစ်အောင် ကျွန်မတို့ဘယ်လိုနေမလဲ…..

1.အမှန်တရားကို သိဖို့က အစဉ်အမြဲ အရေးပါမှုရှိတယ်…သို့ပေမယ့် အငြင်းပွားမှုမှာ အနိုင်ရတာထက် စိတ်ဝင်စားစရာ ဖြစ်တာက ပိုပြီးအရေးပါတယ်… အများရဲ့ စိတ်ဝင်စားမှုကို ရအောင် သင်ယူရမယ်….

2.စိတ်ဝင်စားစရာကောင်းတဲ့ သင့်ရဲ့အလုပ် ၊စိတ်ဝင်စားဖွယ်ရာ ဖြစ်မယ့် သင်ရဲ့ပြောဆိုမှုတွေနဲ့ အများရဲ့ စိတ်ဝင်စားမှုကို ရအောင် လုပ်ရမယ်..စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတွေကို ပြောဆိုတတ်အောင် လေ့ကျင့်ရမယ်…

3."ဘယ်လိုဖြစ်လာမလဲ" ဆိုတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ရလာဒ်တွေကို ရနိုင်တယ်…

4.တစ်ယောက်ယောက်က စိတ်ဝင်စားစရာ အကြောင်းတစ်ခုပြောလာ ရင် ထောက်ခံ ပြီး သူနဲ့ အတူပြောဆိုရမယ်….

ဒီစာသားလေးတွေကတော့ ကျွန်မကြိုက်လို့မှတ်ထားလိုက်မိတဲ့ စာသားလေးတွေပေါ့…..

Friday, May 18, 2007

ပျော်နေပါစေ ကောင်မလေး...

ကောင်မလေးရေ

မင်းရေးခဲ့တဲ့အရိပ်တွေလေ

အတ္တတွေနဲ့ခြယ်

ဥပက္ခာတရားတွေနဲ့ ထုဆစ်

အမုန်းခါးခါးတွေနဲ့အသက်သွင်းလို့

မင်းဆော့ကစားခဲ့တယ်နော် ။

မင်းလိုရာစေ

မင်းကျေနပ်စေဖို့

ငါ့ရင်ကောင်းကင်မှာ

ငါ့ကိုယ်ငါစတေးခဲ့တယ်။

ငါငိုနေတာမဟုတ်ပါဘူး

ငါ့မျက်ရည်တွေနဲ့

မင်းကိုကောင်းချီးပေးနေခဲ့တာပါ ။

ပျော်နေပါလေ

နောက်လှည့်မကြည့်ပါနဲ့

ငါ့ရင်မှာမချိပေမယ့်

မင်းပေးတဲ့ကြေကွဲခြင်း

အခါခါဖက်တွယ်ရင်း

ပေးဆပ်နေမယ် သက်ဆုံးထိ ။

လွမ်းလေပြေ

Saturday, May 12, 2007

ကျွန်မရဲ့ Tag….

ကျွန်မနေ့တိုင်းသူများတွေရဲ့ Tag လုပ်တာကို ကြည့်ပြီးရီလိုက်ရတာ.. ကိုယ်အလှည့်လည်း ဘယ်တော့ များရောက်လာမလဲလို့ပေါ့…. ဟော…ခု ညီမလေး တစ်ယောက်ရဲ့ ကောင်းမှု ကြောင့်ခုတော့ ကျွန်မအလှည့် ကိုရောက်လာပါပြီရှင်…
အစကတော့ မဖြေတော့ဘူးလုပ်နေတာပဲ….နောက်တော့ သူပြောတဲ့ ဆုတောင်းလေးတွေကို ရချင်လို့လေ…Internet Star ဖြစ်ချင်တယ်… ရိုးရိုးမဟုတ်ဘူးနော်….လူတွေရဲ့ Internet ပေါ်မှာ မရှိမဖြစ်လိုအပ်နေမယ့် Star မျိုးပဲ ဖြစ်ချင်တယ်။ Essential လေးပေါ့နော်(Browser) လေးပေါ့ရှင်.... အိုအေစစ်လေးပေါ့နော်.. ပြီးတော့သူက ပြောထားသေးတယ်… ချစ်သူဝိုင်းဝိုင်းလည်ပါစေတဲ့ လေ….အဲဒီဆုတောင်းလေးလည်း ပြည့်ချင်မိတာ အမှန်ပါပဲ…ကိုယ့်ကိုလူချစ်လူခင် များတယ်ဆိုတာက ကောင်းတာပေါ့နော်…. အဲဒါကြောင့် ရေးမိတာပေါ့…ပြီးတော့သူက ပြောထားသေးတယ် ရှင့်…. မရေးဘူးဆိုရင် သူက ကုလားကြီးနဲ့ တွေ့ပါစေတဲ့…ကုလားနဲ့ တော့ ဘယ်ဖူးစာဆုံချင်မလဲနော်…..ဟုတ်ဘူးလား….????
1. လောဘအလွန်ကြီးတယ်….စင်္ကာပူလို နိုင်ငံမျိုးကို ရမည်ဆိုရင်တောင် ... U.S လိုနိုင်ငံမျိုးကို ရလျှင်ပိုကောင်းမည်ဟု အမြဲတွေးနေမိတဲ့သူ… ...ငယ်ငယ်ကဆို သူများကို မုန့်တစ်ခုပေးလျှင် ကိုယ့်ကို နှစ်ခုပေးမှ ကျေနပ်သည့်သူ….အဲ့ဒါကြောင့် မေမေနှင့် တကျက်တကျက်ပေါ့…. (ဟီး..ဟီး… တို့  ၂ ခု လိုချင်တာ ချစ်သူကိုတော့ ဟုတ်ဘူးနော်…. ချစ်သူကတော့ တို့ကတစ်ယောက်ဆို တစ်ယောက်ပဲ….)
2. ကော်ဖီဆိုလျှင် ခါးခါးလေးမှ ကြိုက်သည်…(ချစ်ကောင်း သီချင်းဟုတ်ဘူးနော်..)ကော်ဖီသောက်လို့ ရောဂါရမည် ဆိုလျှင် ထိပ်ဆုံးက ခံရမည့်သူ…. မနက်အိပ်ရာနိုးလို့ ကော်ဖီမသောက်ရလျှင် တနေကုန် ဘာအလုပ်မှ မလုပ်နိုင်ပဲ ဖြစ်နေတတ်တယ်……အစွဲတစ်ခုပေါ့နော်…
3. အငန်ကို အလွန်ကြိုက်တယ်။….အိမ်မှာ စားစရာမုန့်မရှိလျှင် ငန်ပြာရည် ဖျော်ကို ဇွန်းနှင့်ခတ်သောက်ဖူးသည်……အငန်တွေစားလို့ တို့မျက်နှာမှာဆို လမျက်နှာ ပြင်လိုဖြစ်နေပေါ့…..
4. ကိုယ်ချစ်တဲ့ သူဆို ကိုယ့်ကိုအရမ်းချစ်မှ ကြိုက်တယ်… အတ္တ အလွန်ကြီးတယ်……သူ့မှာရှိတဲ့ ချစ်ဆိုတဲ့ အရာနဲ့ ပတ်သက်ပြီး ခဲတံနဲ့ ချစ်တာက အစ အားလုံး ကိုယ်ပဲ ဖြစ်ချင်တယ်….
5. ကိုယ်ချစ်တဲ့သူဆို အမြဲ ချွဲတတ်တယ်…..သူတို့ကို ကပ်ပြီးဆိုးတတ်တယ်…. ဂျီကျတတ်တယ်….ကိုယ်မချစ်တဲ့ သူဆိုရင်တော့ ရုပ်တည်ကြီးနဲ့ ဆက်ဆံတတ်တယ်….
6. ရိုးရိုးယဉ်ယဉ် လေးဝတ်ရတာကို သဘောကျတယ်….ဘယ်သူတွေဘယ်လို ကဲကဲ တို့ကတော့ ရိုးရိုးလေးနေမြဲပဲ...
7. သနပ်ခါးလိမ်းရမှ နေတတ်တယ်….သနပ်ခါးဆိုလည်း ရိုးရိုးမဟုတ် ပါးကွက်ကြားလေး အမြဲလိမ်းတတ်တယ်….ဒါပေမယ့် တစ်ခါတစ်လေကျ တော့ လည်းအမြဲစိတ်ညစ်ရတယ်….ပွဲတစ်ခုခု သွားစရာရှိ လို့တိုမျက်နှာမှာ သနပ်ခါးတွေနဲ့ မို့သူငယ်ချင်းတွေက အမြဲပြောတယ်…..တောသူနဲ့ တူလို့တဲ့လေ….
8. သူများကို ဆရာလုပ်ရတာ အရမ်းဝါသနာပါတယ်….ငယ်ငယ်ကတော့ ဆရာဝန်ဖြစ်ချင်မိတာပေါ့နော်….ခုတော့လည်းသူများတွေကို စာသင်ရတဲ့ အလုပ်ဆရာ အလုပ်ကိုလုပ်ဖြစ်နေတယ်….

ကျွန်မနောက်ဆုံးမကောင်းတဲ့ အချက်ကတော့…

ကျွန်မအရမ်းစိတ်ကောက်တတ်တယ်ရှင့်….ကျွန်မက တနင်္ဂနွေ မှာ မွေးလို့လားတော့မသိဘူး တစ်ချို့ကပြောကြတယ်လေ…Sunday မှာမွေးတဲ့သူက ဆံပင်ကောက်ချင်ကောက်..ဆံပင်မကောက်ရင်စိတ်ကောက်တတ်တယ်တယ်ရှင့်…. တို့ကဆံပင်မကောက်တော့ စိတ်ကတော့အင်မတန်ကို ကောက်တယ်….မကောင်းတဲ့စိတ်မဟုတ်ဘူးနော်…..ဒါပေမယ့် လူတိုင်းကိုတော့ မဟုတ်ဘူးနော်…

တို့ချစ်တဲ့သူဆို အရမ်းစိတ်ကောက်တတ်တယ်…..သ၀န်တိုတတ်တယ်... တို့ကလူတိုင်းကိုတော့မချစ်တတ်ဘူး….

Thursday, May 3, 2007

"လမ်းခွဲတာ ၀မ်းနည်းစရာလား "...........

ဆရာတော် အရှင်ဆန္ဒာဓိက ရေးတာလေ။ ကျွန်မကြိုက်နှစ်သက်တဲ့ စာအုပ်လေးပေါ့ ။ ဒီစာအုပ်လေးကို မဖတ်ခင်က ဘာကိုဆိုလိုမှန်း ရည်ရွယ်မှန်း မသိခဲ့ဘူး၊ ဖတ်ရင်းဖတ်ရင်းနဲ့မှ ကျွန်မစိတ်မှာ တဖြည်းဖြည်းနဲ့ နားလည်လာရတယ်။ ကျွန်မကြိုက်တဲ့ စသားလေးတွေရှိတယ်၊

" တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ

ခွဲခွာရမယ့် အတူတူတော့

အစကတည်းက မဆုံတွေ့ဖြစ်ခဲ့ကြရင်

ပိုကောင်းမှာပဲနော်..

ဒါပေမယ့် လည်းကွယ်…….

တို့သတ္တ၀ါတွေအားလုံးဟာ

ကံဇာတ်ဆရာ ညွှန်ကြားတဲ့အတိုင်း

ကပြသရုပ်ဆောင်ကြရတဲ့

သံသရာဇာတ်စင်ပေါ်က

စင်တင်ဇာတ်လိုက်တွေ မဟုတ်လား

ကံက ဆုံတွေ့ ခိုင်းတော့လည်း

တို့တတွေ ဆုံတွေကြရမှာပေါ့….

ကံကလမ်းခွဲခိုင်းတော့လည်း

တို့တတွေလမ်းခွဲ ကြရတာပေါ့၊

ဆုံတွေ့ ခိုက်မှာ ပုံမမေ့လိုက်ပါနဲ့ လား…… တဲ့လေ။

အရမ်းသဘောကြမိတယ်။ လူတွေအားလုံးဟာ ခွဲခွာခြင်းမျိုးစုံနဲ့ လမ်းခွဲကြရတာချည်းပါပဲ။ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းနှင့် သေခွဲခွဲရတဲ့လမ်းခွဲခြင်း ဒါပဲခြားနားတယ်။ ဘယ်လိုပဲ လမ်းခွဲလမ်းခွဲ မေတ္တာရှေ့ထားပြီး လမ်းခွဲကြမယ်ဆိုရင် အဲဒီလမ်းခွဲခြင်းဟာ ၀မ်းနည်းစရာ ကောင်းတဲ့ လမ်းခွဲခြင်းမျိုး ဘယ်ဟုတ်တော့မလဲနော်… မေတ္တာမဲ့ ပြီးလမ်းခွဲမယ်ဆိုရင်…..

" မေတ္တာ တိမ်းပါးလို့

စိမ်းကားစွာ လမ်းခွဲခဲ့ ကြပြီဆိုမှဖြင့်

ဝမ်းနည်းစရာအဖြစ်အပျက်တွေပဲ

အသစ်ဆက်ပေါ်လာတော့မှာပေါ့….

အခုတော့လည်း…..သူစိမ်းတွေလိုပါပဲလား……

အဆုံးအမ…........

ဒီနေ့ဟာ ကဆုန်လပြည့်နေ့ပေါ့။ ကျွန်မတို့ ရုံးတွေပိတ်တယ်လေ။ ကျွန်မတို့ အလုပ်က စာသင်ရတဲ့ အလုပ်ဖြစ်တဲ့ အတွက် အရမ်းပင်ပန်းတယ်။ ရုံးတွေကလဲ အရမ်းပိတ်ခဲတယ်။ သင်တန်းတွေဖြစ်လို့ တော်တော်နဲ့ မပိတ်ဘူး။ ကျွန်မတို့ ရုံးက၀န်ထမ်းတွေက ရုံးပိတ်ရက်လေးမှာ အပျော်ခရီး ထွက်ဖို့ စီစဉ်ကျတယ်။ ကျွန်မ လိုက်သွားရမလား၊ မလိုက်သွား ရဘူးလားဝေခွဲမရဖြစ်နေတယ် ။ ကျွန်မရဲ့ အားလပ်တဲ့ အချိန်လေးတွေကိုလည်း အကျိုးမရှိ ကုန်ဆုံးမှာ အရမ်းစိုးရိမ်မိတယ်။ မနက်မိုးလင်းမှ မိုးချုပ် အလုပ်မှာပဲ တစ်နေကုန် နေဖြစ်တဲ့ သူဆိုတော့ လည်းအားလပ်တဲ့ အချိန်လေးမှာ မိဘရဲ့ အရိပ်အောက်မှာ နေချင်မိတယ်။အဲဒါနဲ့ ကျွန်မလိုက်မသွားဖြစ်ဘူး။ ကျွန်မရဲ့ အားလပ်တဲ့ အချိန်လေးတွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချရပါ့။ "စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ လေ" ကျွန်မ စာဖတ်ဝါသနာပါတယ်။ ကျွန်မတို့ရုံးမှာဆိုလည်း ကျွန်မစာသင်ချိန်အားတယ်ဆိုရင် စာဖတ်ဖြစ်တယ်။ ဒီနေ့ဟာ ကဆုန်လပြည့်နေ့ပေါ့။ ကဆုန်လပြည့်နေ့မှာ ရုံးပိတ်ရက်ဖြစ်လို့ ဗုဒ¨ နဲ့ပတ်သက်တဲ့ စာအုပ်လေးတွေ ဖတ်မယ်စဉ်းစားထားမိတယ်။ စာအုပ်တွေထဲ မှစာအုပ်တစ်အုပ်ကို ဖတ်မယ်ဆိုပြီး ဆွဲထုတ်လိုက်တော့ သာသနာ့တန်ဆောင်ဆရာတော်ကြီး များ၏ ဆုံးမသြ၀ါဒ စာအုပ်လေးဖြစ်နေတယ်။ အဲ့ဒီစာအုပ်လေးကိုပဲ ကျွန်မရွေးပြီးဖတ်လိုက်မိတယ်။ ဆရာတော်ကြီးများရဲ့ ဆုံးမသြ၀ါဒ တွေကိုဖတ်ပြီး ကျွန်မမှာ အသိတွေပိုပြီးရှိလာသလို ခံစားရတယ်။ အဲဒီ ဆုံးမသြ၀ါဒတွေထဲမှ ကျွန်မကြိုက်တဲ့ စာသားလေးတွေကို ကျွန်မစိတ်ထဲမှာ အလွတ်ရအောင် ထပ်ခါထပ်ခါဆိုနေမိတယ်။ ဆရာတော်ဦးသုမင်္ဂလ ရဲ့ဆုံးမသြ၀ါဒ ကိုလည်းကျွန်မသဘောကျ နှစ်သက်မိတယ်။ " ဖျင်း ဖျင်းမှန်းသိ လူတော်ဖြစ်နိုင်၏ ။ ဖျင်းပါလျက်ပင် တော်တယ်ထင် ဖျင်းမြဲဖျင်းမည်ပင် " ဟုတ်တယ်နော်.. တစ်ချို့တွေက ကိုယ်ကိုကိုယ် အရမ်းတော်တယ် တတ်တယ်ဆိုပြီး ထင်နေကြတယ် ။ ကျွန်မကြားဖူးတဲ့ စကားပုံလေးလိုပေါ့။ " မပြည့်တဲ့ အိုးဘောင်ဘင်ခတ် သတဲ့လေ" ၊ ပြည့်တဲ့အိုးတွေ ကတော့ဘယ်လောက်ပဲလှုပ်လှုပ် ဘောင်ဘင် မခတ်တော့ဘူး။ ဒီလိုပဲပေါ့ လောကကြီးမှာ ကိုယ်ရဲ့အသိအတတ်တွေပေါ်မှာ မာနတွေအပြည်ထားတဲ့ လူတွေရှိပါလားလို့ ကျွန်မစဉ်ခြင်မိတယ်။ အဲဒါတွေကို ခုံမင်နေတော့ရော ကျွန်တို့သေသွားခဲ့ရင် အဲဒါတွေက ကျွန်မတို့ရဲ့နောက်မှာ လိုက်ပြီး ပါလာမှာမို့လို့လား။ ကျွန်မ ရဲ့ အတွေးတွေက အရမ်းကိုခရီးဆန့်ခဲရပြီ။ …..

Sunday, April 29, 2007

စွဲနေပြီ blog ရယ်...

ညကအိမ်မက်မက်တယ်....အိမ်မက်ထဲမှာ ဘာတွေမက်တယ်ထင်လဲ......Blog တွေရေးနေတာလေ...
ဘာတွေရေးနေမိတယ်တော့ မသိဘူး...မနက်မိုးလင်း တော့ ကိုယ်ကိုကိုယ် ရီနေမိတယ်...ငါနဲ့မက်စရာရှားလို့ Blog တွေရေးတာကိုမှ မက်ရတယ်လို့ မက်ချင်းမက် korea actor Rain တို့ဘာတို့ မမက်ပဲနဲ့ blog တွေရေးနေတယ်လို့မက်တာလေ.......ဧကန်န korea မင်းသားတွေထက်ကို Blog ရေးတာက Attraction ရှိလို့နဲ့တူတယ်နော်....တို့ရဲ့ ချစ်ချစ်သာသိရင် ခေါင်း ကြိမ်းမှာတော့မြင်ရောင်မိပါ့ ...... သူကိုမမက်လို့ စိတ်ဆိုးမှဖြင့် .......သူမသိစေနဲ့နော်.... ရှူးတိုးတိုး....:) :)

Monday, April 2, 2007

Today Topic...

ဒီနေ့ဟာ Aprial 2 ရက်နေ့ပါ.....ကျွန်မတို့ရဲ့ Service+ ဦးစီးပြီး Thingyan Blog ကြီးတွင်ပါဝင်ရေးသားနိုင်ရန်......မန္တလေးရှိလူငယ်များကို blog သင်တန်းအခမဲ့သင်ပေးရန်.....April 2,3,4 တွင်သတ်မှတ်ထားသည်.....ကျွန်မလည်းထို blog သင်တန်းတွင်ပါဝင်သင်ကြားချင်သည်....သို့သော်.... ကျွန်မစာသင်ရသောအတန်းများ ရှိနေသေးသည်....ထို့ကြောင့် ကျွန်မ blog သင်တန်းတွင်ပါဝင်ခွင့်မရခဲ့ပေ....ကျွန်မအတွက် အကြီးမားဆုံးသော ဆုံးရှံးမှုပင်ဖြစ်သည်........

Sunday, April 1, 2007

ကျွန်မရဲ့ဓာတ်ပုံလေးများ....

ကျွန်မ Photoshop ဖြင့်လျှောက်လုပ်ထားသော...ကျွန်မ၏ဓာတပုံလေးများ....




ကျွန်မရဲ့အမြင်...

ကျွန်မအရင်က Blog ဆိုတာကိုသိပ်ပြီးနားမလည်ခဲ့ဘူး....ကျွန်မရဲ့အချိန်တွေကို ကျွန်မစာသင်တာမှာပဲ ကုန်ဆုံးစေခဲ့တယ်.....ကျွန်မတို့ဆီကို ရန်ကုန်မှ ဆရာမလေးရောက်လာခဲ့တယ်....သူက blogger လေးပေါ့....သူကိုကြည့်ပြီးကျွန်မအံ့သြခဲ့တယ်....blog အပေါ်မှာကျွန်မဘာခံစားချက်မရှိခဲ့သေးဘူး...
သူကိုမေးကြည့်တော့ blog ကစွဲတယ်အမတဲ့...ကျွန်မမယုံခဲ့ဘူး.... ....
ခုတော့ကျွန်မလည်းသူလိုဖြစ်နေပြီ.....တစ်နေ့ကို blog တခုမရေးရရင်...
စားမ၀င်အိပ်မပျော် ဖြစ်ခဲ့ရပြီ.....blog ဆိုတာ တစ်ကယ်ကိုအသုံးကျပါလားဆိုတာ...ခုတော့ကျွန်မ
ကောင်းကောင်းနားလည်သွားပြီ......

ရင်တွင်းဖြစ်....

နွေရာသီကလည်းပူလိုက်တာ......မန္တလေးရဲ့ရာသီဥတုက တဖြည်းဖြည်းနဲ့ ပူပူလာတယ်.....ရာသီဥတုကလည်းအမြဲတမ်းမတည်ငြိမ်နိုင်ဘူးနော်......
နွေ၊မိုးဆောင်း...တလှည့်စီလည်ပတ်နေအုံးမှာပဲ....နွေရာသီရဲ့အပူဒဏ်ကို
ခံရသလို....ဆောင်းရာသီရဲ့အေးမြလှတဲ့ အအေးဒဏ်ကိုလည်းခံရအုံးမှာပဲ.. ...မမြဲချင်းသဘောတရားတွေပေါ့....လောကကြီးမှာ မခေါ်ပဲနဲ့
ရောက်လာတဲ့သူတွေရှိသလို....မနှင်ပဲနဲ့လည်းပြန်သွားကြတယ်.....
.လောကရဲ့ချမှတ်ထားတဲ့
နိယာမပါလား......