myalwar.blogspot.com

Thursday, August 30, 2007

လှချင်သူတိုင်း မှန်ကြည့်ကြနော်...

မြလွှာ ရဲ့ သူငယ်ချင်း တစ်ယောက်က မြလွှာကို စာအုပ်လေးတစ်အုပ် လက်ဆောင်ပေးတယ်.. မြလွှာကလည်း... စာအုပ်ဆိုရင်လာခဲ့ပဲလေ...... သူကိုကျေးဇူး တင်ပါတယ်ပြောပြီး........ စာအုပ်ကိုတန်းပြီး... ကြည့်တော့တာပါပဲ...... "အရှင်ဆန္ဒဓိက " ရဲ့"ကိုယ့်စိတ်ကိုယ်စစ် " တဲ့လေ…. မြလွှာလည်းတွေးလိုက်မိတယ်… မြလွှာတို့ရဲ့ စိတ်တွေကို ဘယ်လိုဘယ်ပုံများ စစ်ရမှာပါလိမ့်ပေါ့…. တကယ်တော့.. ကိုယ်စိတ်ကိုယ်စစ် ဆိုတာ… မှန်ကြည့်တာနဲ့ တူတူပါပဲတဲ့လေ…. မြလွှာတို့လူတိုင်းလူတိုင်း…. တစ်နေ့ကို မှန်တစ်ကြိမ်တော့ ကြည့်ဖြစ်ကြမယ်နဲ့တူတယ်နော်…. ဒါပေမယ့် မြလွှာတို့လို မိန်းကလေး တွေက ပိုလိုတောင်ဆိုးသေး…. တစ်နေ့ကိုတစ်ကြိမ်မက ကြည့်ဖြစ်တာပေါ့နော်…. မြလွှာဆိုရင်… တစ်ကြိမ်မက ကြည့်တတ်တယ်… ဟိုးရှေးရှေးက ရှိခဲ့ဘူးတဲ့ စကားပုံလေးကို သတိရလိုက်မိတယ်… အကျည်းတန်မှန်ကြိုက်ဆိုလား…ဘာလားလေ….. ရုပ်ဆိုးလို့လားတော့သိပါဘူး…. လူတွေအားလုံးဟာ သူတို့ရဲ့စိတ်တွေကို ကြာပွင့်အဆင့် ရောက်နေပြီလို့…ထင်မှတ်နေပေမယ့်… မြတ်ဗုဒ္ဓရဲ့ "တရားဓမ္မမှန် " ထဲမှာ သေချာကြည့် လိုက်တော့မှ ကြာဖူးအဆင့်ပဲရှိနေသေးမှန်းအတိအကျ သိလိုက်ကြရတာပါ….… မြလွှာတို့လို ပုထုဇဉ်လူသား အများစုရဲ့ စိတ်ဟာ ကြာဖူးအဆင့်ပဲ ရှိတာပါ.. ဒါပေမယ့် လူသားတွေရဲ့ သဘာဝက ကိုယ်စိတ်ကိုယ် ကြာပွင့်အဆင့် ရှိနေပြီလို့ ထင်မှတ်နေကြသူများပါတယ်… လူတိုင်းအပေါ်တကယ် မေတ္တာမထားနိုင်သေးပဲ…. ထားနိုင်ပြီထင်နေတာ… လူတိုင်းအပေါ် အကောင်းမမြင်နိုင်သေးဘဲနဲ့ မြင်နိုင်ပြီထင်နေတာ…. လူတိုင်းအပေါ်သည်းခံခွင့်လွှတ်နိုင်စွမ်း မရှိသေးဘဲနဲ့ရှိနေပြီလို့ထင်နေတာ…..ဒါတွေဟာကိုယ်စိတ်ရဲ့ကြာဖူးအဆ့်ကိုကြာပွင့်အဆင့်ရောက်နေပြီလို့ ထင်မှတ်နေကြတာပါပဲ….စိတ်ရဲ့ဘယ်သဘာဝဟာ မကောင်းတဲ့သဘာဝလဲ…. ဘယ်သဘာဝကကောင်းတဲ့ သဘာဝလဲဆိုတာ…. အမှားအယွင်းမရှိ…အမှန်အတိုင်းသိနိုင်ဖို့ကတော့မြတ်ဗုဒ္ဓရဲ့"တရားဓမ္မမှန်"ကလွဲလို့….တခြားအားကိုးစရာ… မရှိတော့ပါဘူး…..မြလွှာတို့တွေ မှန်ကြည့်တိုင်း ….မှန်ကြည့်တိုင်း…. မှန်ထဲမှာ မြလွှာတို့ရဲ့မျက်နှာပုံရိပ်….မိမိရဲ့ပုံရိပ်မှာ မကောင်းတဲ့သဘောနဲ့ ကောင်းတဲ့သဘောဆိုပြီး….သဘော(၂)မျိုးကိုမြင်အောင်ကြည့်တတ်ဖို့လိုပါတယ်…. မြလွှာတို့ရဲ့ မှန်တွေထဲမှာ ထွက်ပေါ်လာတဲ့အခြားအခြားသော မကောင်းတဲ့သဘောတွေ မဖြစ်ပေါ်လာအောင်ကြိုးစားရမယ်…ကောင်းတဲ့သဘောလေးကို တွေ့ရရင်လည်း…. လောလောဆယ်တွေ့နေရတဲ့….ကောင်းတဲ့သဘောလေးကို တည်တံ့နေအောင် ကြိုးစားရမယ်ပေါ့နော်… အခြားအခြားသော…နောက်ထပ်ကောင်းတဲ့….. သဘောတရားလေးတွေကိုလည်း…ပြည့်စုံသည်ထက်ပြည့်စုံအောင်….လှသည်ထက်လှ…ချောသည်ထက်ချောသွားအောင်…ကြိုးစားအားထုတ်ကြရမှာပါ…
အဲဒီလို သဘော(၂)မျိုး အပေါ်မှာ လုပ်ငန်းစဉ်(၄)မျိုး နဲ့ မှန်ကြည့်ပြီး အလုပ်လုပ်မယ်ဆိုရင်… မိမိရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်လှပတင့်တယ်အောင် အချိုးအစားကျကျလှအောင်… ပြုပြင်အားထုတ်လို့ ရသလို…မြလွှာတို့ရဲ့စိတ်ကို လှပအောင်လည်း တစ်ခါထဲပြုပြင် သွားလို့ရတာပေါ့နော်…..

1 comment:

kothannaing said...

ဆရာမ က တရားစာအုပ် အကြောင်း ရေးတာ များသလား။